ဆန္ဒပြ အစွန်းရောက်အစ္စလာမ်မစ်များ ဓါးစာခံဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် ၁၁-ဦး လွတ်မြောက်။ ပြင်သစ်နိုင်ငံအား တရားဝင်သပိတ်မှောက်ရန် တောင်းဆိုသည့် ဘာသာရေးစော်ကားမှု ကန့်ကွက်ပွဲ အကြမ်းဖက်မှုများဖြစ်ပွားခဲ့


ပါကစ္စတန်နိုင်ငံတွင် ပြင်သစ်အား တရားဝင်သပိတ်မှောက်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲ၌ အကြမ်းဖက်မှုများ ဖြစ်ပွားစဉ်အတွင်း လွန်ခဲ့သည့် တနင်္ဂနွေနေ့၌ ဆန္ဒပြ အစွန်းရောက်အစ္စလာမ်မစ်များက ဓါးစာခံအဖြစ် ဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် ၁၁-ဦးမှာ လွတ်မြောက်လာပြီဖြစ်သော်လည်း ၎င်းကိစ္စဖြေရှင်းရန် နောက်ထပ်ဆွေးနွေးမှုများ လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးက အတည်ပြုသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။…   


တနင်္လာနေ့ကထုတ်ပြန်သော ဗီဒီယိုကွန်ဖရင့်၌ ဆွေးနွေးပွဲ၏ပထမအဆင့်သည် အောင်မြင် သောနည်းလမ်းဖြင့် နိဂုံးချုပ်ခဲ့ကြောင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော ရဲတပ်ဖွဲ့ဝင် ၁၁ ယောက်မှာ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း၊ တားမြစ်ပိတ်ပင်ထားသော #တာရစ်_အီး_လက်ဘိုက်_(ပါကစ္စတန်) #TLP အုပ်စု က တောင်းဆိုလျှက်ရှိသည့် ဘာသာရေးစော်ကားရာ ရောက်သောကာတွန်းနှင့် အစ္စလာမ်အား ဖြိုခွင်းသည့် ပြင်သစ်နိုင်ငံအား သပိတ်မှောက်ရန် ကိစ္စတို့နှင့် ပတ်သက်၍ နောက်ထပ်ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ရှင်းပြသည်။…

.ပါကစ္စတန်၌ ဘာသာရေးစော်ကားမှုဖြင့် ပြင်သစ်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုများမှာ TLP ၏ခေါင်းဆောင် ဆာအိဒ်ဟိုစိန်ရာဇာဗီအား ဖမ်းဆီးပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ် ဧပြီ ၁၄-ရက်နေ့၌ ပြန်လည်စတင် ဖြစ်ပွားခဲ့သည်။ ဧပြီ ၁၈-ရက် တနင်္ဂနွေနေ့ အကြမ်းဖက်မှုများတွင် အစွန်းရောက်အစ္စလာမ်မစ်ဝါဒီများက ရဲတပ်ဖွဲဝင် ၁၁-ဦးကို ဖမ်းဆီးခဲ့ပြီး ဆန္ဒပြသူ ၃-ဦး သေဆုံးကြောင်း တွေ့ရှိရသည်။ ပါကစ္စတန်မြို့ကြီးများ၌ ရက်သတ္တပတ်ကြာ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့စဉ် ရဲတပ်ဖွဲ့ဝင် ၅၀၀ ကျော် ဒဏ်ရာရရှိ၍ ၄-ဦး သေဆုံးခဲ့သည်။…   

 
TLP တို့က ဘာသာရေးစော်ကားမှုအဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး စုဝေးကြွေးကြော်ခဲ့ကြရာ ပြီးခဲ့သည့် ဧပြီ ၁၄-ရက်နေ့၌ပင် #အကြမ်းဖက်မှုဆန့်ကျင်ရေးအက်ဥပဒေအရ တားမြစ်ပိတ်ပင်ခြင်းခံရသည်။ …လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် #ပြင်သစ်သမ္မတအီမန်နျူရယ်_မက်ခွန်က တမန်တော်မိုဟာမက်အား ကာတွန်းပုံများအဖြစ် ဖော်ပြခြင်းကို ရှုတ်ချရန် ငြင်းပယ်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ထောက်ခံကြောင်း မိန့်ခွန်းပြောကြားသည်။ ၎င်းနောက်ပိုင်း ပါကစ္စတန်နိုင်ငံတွင် ပြင်သစ်သံအမတ်အား နှင်ထုတ်ရန်နှင့် ပြင်သစ်ကုန်ပစ္စည်းအားလုံးတို့အပေါ် တားမြစ်ရန် တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

ပါကစ္စတန်ရှိ ပြင်သစ်တို့၏ အကျိုးစီးပွားများအပေါ် စိုးရိမ်ဖွယ်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျှက်ရှိခြင်းကြောင့် ပြင်သစ်နိုင်ငံသားများနှင့် ပြင်သစ်ကုမ္ပဏီများအနေဖြင့် နိုင်ငံအတွင်းမှ ခေတ္တထွက်ခွာသွားကြရန် အကြံပြု ကြောင်း ပြင်သစ်သံရုံးက ဧပြီ ၁၅-ရက်နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။…  


ဆန္ဒပြသူများက အစိုးရအနေဖြင့် တောင်းဆိုချက်များအား လုံလောက်စွာ လိုက်လျောခြင်း မပြုခဲ့လျှင် ဧပြီ ၂၀ ရက်နေ့၌ ကန့်ကွက်မှုများ ပြန်လည်စတင်ရန် စီစဉ်ထားသည်။…  

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ငြင်းပယ်ခြင်းနှင့် တန်းတူဖြစ်သည့် မွတ်စလင်တို့အပေါ် မုန်းတီးကြောင်း ပြသမှုတို့ကို အနောက်နိုင်ငံတို့က တရားစွဲဆို အရေးယူပေးရန် ပါကစ္စတန်_ဝန်ကြီးချုပ်_အင်မာရန်_ခန်းက တနင်္ဂနွေနေ့၌ တောင်းဆိုလိုက်သည်။


(((Russia Today., 19 Apr, 2021,” 11 police freed after violent anti-blasphemy protests in Pakistan as Muslim hardliners demand official boycott of France.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ပါကစ္စတန်_ပြင်သစ်ဆန့်ကျင်ရေးဆန္ဒပြပွဲ_အကြမ်းဖက်အဓိကရုန်း

https://www.rt.com/news/521460-pakistan-france-protest-minister-police/
https://www.rt.com/news/521035-antifrance-party-outlawed-pakistan-terrorism/
https://www.rt.com/news/520893-pakistani-health-officials-covid-anti-french-protestors/
https://www.rt.com/news/521102-pakistan-france-protest-nationals-leave/

+1

Leave a Reply

Your email address will not be published.