ဇနီးဖြစ်သူက ဆိုးလ်မြို့ဒေသခံများနှင့် ဒုတိအကြိမ် နပမ်းလုံးခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ၎င်း၏သံအမတ်ကြီးကို ဘယ်လ်ဂျီယန်အစိုးရက ချက်ချင်း ပြန်ခေါ်။ ၃-လအတွင်း ၂-ကြိမ်တိုင် ရန်ဖြစ်သော ဇနီးသည်ကြောင့် သံအမတ်ကြီး စောစီးစွာ နေရပ်ပြန်ရ


ယခုရက်သတ္တပတ်စောစောပိုင်းတွင် သံတမန်၏ဇနီးဖြစ်သူက တနှစ်အတွင်း ဒုတိယမြောက်အဖြစ် ဆိုးလ်မြို့ လမ်းမပေါ် တံမြက်လှည်းသူနှင့် ကိုယ်ထိလက်ရောက် ထိပ်တိုက်တွေ့ပြန်သဖြင့် ဘယ်လ်ဂျီယန်နိုင်ငံရေးဋ္ဌာနက ၎င်း၏ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို အမြန်ပြန်ခေါ်လိုက်ရသည်ဟု Russia Today က ယနေ့ရေးသားသည်။

…   
နောက်ထပ်ပြဿနာဖြစ်ရသည့် အကြောင်းရင်းအသေးးစိတ်ကို ရှင်းလင်စွာ မသိရှိရသေးသော်လည်း သံအမတ်ကြီး ပီတာလက်စ်ကိုဟီရာအနေဖြင့် ဘရပ်ဆဲလ်သို့ မဆိုင်းမတွ ပြန်လာသင့်ကြောင်း၊ ဘယ်လ်ဂျီယန်အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံနှင့် အကောင်းဆုံးသော ဆက်ဆံတည်မြဲစေရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးက Politico သတင်းဋ္ဌာန၏ မေးမြန်းချက်ကို ဖြေဆိုသည်။

…   
တနင်္လာနေ့တွင် ဆိုးလ်မြို့လယ်ပန်းခြံတစ်ခု၏ လမ်းပေါ်တွင် သံအမတ်ကြီး၏ ဇနီးဖြစ်သူ တရုတ်လူမျိုး ကျန်းယွှေ့ကျီသည် တံမြက်လှည်းသမားတစ်ဦးနှင့် အော်ကြီးဟစ်ကျယ်အငြင်းအခုန်ဖြစ်ပြီးနောက် ယခုကဲ့သို့ ဖြစ်ရသည်ဆို၏။ ရဲတပ်ဖွဲ့အား ကိုးကား၍ ယွန်ဟတ်သတင်းအေဂျင်စီက ရေးသားရာတွင် တံမြက်လှည်းသမား၏ တံမြက်စည်းမှာ သံအမတ်ကတော်အား ထိခိုက်မိသွားပြီးနောက် သတ်ပုတ်ကြကြောင်း၊ အခင်းဖြစ်ရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက် ရှိလာတွင် နှစ်ဖက်စလုံးက ပတ်ဝန်းကျင်အား ဂရုမစိုက်နိုင်အောင် နှစ်ကြိမ်တိုင် အော်ကြီး ဟစ်ကျယ်ဖြစ်ကြသည်ဟု သိရှိရသည်။

…   
တံမြက်လှည်းသမားက တွန်းထိုးသဖြင့် မြေပေါ်တွင် လဲကျခဲ့သော သံအမတ်ကတော်အား အနီးအနားရှိ ဆေးရုံသို့ ပို့ခဲ့ရသည်။ ရဲစခန်းသို့ လာရောက်သည့် တံမြက်လှည်းက ပြောဆိုရာတွင် သံအမတ်ကတော်သည် ၎င်းအား ပါးရိုက်ခဲ့သဖြင့် အမှုဖွင့်လိုကြောင်း တိုင်ကြားသည်ဟု သိရှိရသော်လည်း အမှုဖွင့်ခဲ့ခြင်း ရှိ-မရှိ ရှင်းလင်းစွာ မသိရှိရချေ။

…  
ပြီးခဲ့သည့် ဧပြီလတွင် သံအမတ်ကတော် ကျန်းယွှေ့ကျီသည် ၎င်းအား အဝတ်အထည်များ ခိုးယူသည်ဟု စွပ်စွဲသူ စတိုးဆိုင်ဝန်ထမ်းတစ်ဦးကို ပါးရိုက်ခဲ့ပြီး အခြားဝန်ထမ်းတစ်ဦး၏ ဦးခေါင်းကို ရိုက်နှက်မှုအား ရင်ဆိုင်ခဲ့ရဖူးသည်။ နောက်ပိုင်းတွင် အဝတ်ခိုးယူကြောင်း သံအမတ်ကတော်အပေါ် စွပ်စွဲချက်မှာ မှားယွင်းသည်ကို စစ်ဆေးတွေ့ရှိရပြီး အမှုအား ပိတ်သိမ်းခဲ့သည်။ ဘယ်လ်ဂျီယန်နိုင်ငံခြားရေးဋ္ဌာနကမူ သံအမတ်ကြီး ပီတာလက်စ်ကိုဟီရာ၏ ရာထူးသက်တမ်းကို ဖြတ်တောက်ခဲ့သည်။

…     
ဇူလိုင်နှောင်းပိုင်းတွင် ဘယ်လ်ဂျီယံသို့ ပြန်ရန် အစီအစဉ်ရှိသည့် သံအမတ်ကြီးသည် တာဝန်ကျရာနိုင်ငံတွင် သုံးလအတွင်း ဒုတိယမြောက် ရန်ပွဲဆင်သော ဇနီးဖြစ်သူကြောင့် စောစီးစွာ နေရပ်ပြန်ရမည်ဖြစ်သည်။

…   
ဆိုးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုရက်သတ္တပတ်သတင်းစာရှင်းလင်းပွဲတွင် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ထင်မြင်ချက် အနည်းငယ်သာပေးခဲ့ပြီး ဖြစ်စဉ်မှန်ကန်ကြောင်းနှင့် လိုအပ်လျှင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောဆိုသည်။

(((Russia Today., 8 Jul, 2021,” Belgium’s South Korea envoy recalled ‘without delay’ after wife’s SECOND brawl with locals.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက် နှုတ်ဘာသာ ပြန်ဆိုသည်။))

#ဇနီးဖြစ်သူက_ဆိုးလ်မြို့ဒေသခံများနှင့်_ဒုတိအကြိမ်_နပမ်းလုံးခဲ့ပြီးနောက် 

#တောင်ကိုရီးယားနိုင်ငံဆိုင်ရာ_သံအမတ်ကြီးကို_ဘယ်လ်ဂျီယန်ချက်ချင်းပြန်ခေါ်

https://www.rt.com/news/528655-belgium-seoul-envoy-brawl/
https://www.rt.com/news/524090-belgian-ambassador-wife-diplomatic-immunity-seoul/
https://www.thestandard.com.hk/breaking-news/section/6/176159/-Xiang-Xueqiu,-spouse-of-Belgian-envoy,-swept-up-in-fight-with-Seoul-street-cleaner 

Leave a Reply

Your email address will not be published.