ဇူလိုင်လလယ်မှစ၍ ပြင်သစ်တွင် ကာကွယ်ဆေးထိုး သို့ဟုတ် ဆေးစစ်စင်တာ တစ်ရက်လျှင် တစ်ရုံနှုန်း ဖျက်ဆီးခံနေရ။ ကျန်းဝန်ထမ်းများ မဖြစ်မနေကာကွယ်ဆေးထိုးရန်နှင့် Covid လက်မှတ်ကိုင်ဆောင်ကြရန် ပြဋ္ဌာန်းချက်ကို ရက်သတ္တပတ်များစွာ စုဝေးကန့်ကွက်နေ


လွန်ခဲ့သည့် ဇူလိုင်လ ၁၄ ရက်မှ သြဂုတ်လ ၉ ရက်အတွင်း နိုင်ငံတစ်ဝှန်းလုံးရှိ ကာကွယ်ဆေးထိုးနှံရာနေရာများနှင့် COVID-19 ရောဂါ စမ်းသပ်စစ်ဆေးရေးစင်တာများအား လက်သရမ်းဖျက်ဆီးမှု အကြိမ် ၂၀ ခန့်ရှိရာ တရက်လျှင် စင်တာတစ်ခုနှုန်းကျဖြစ်နေကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက အင်္ဂါနေ့၌ သတင်းထုတ် ပြန်သည်ဟု Russia Today က ယနေ့ရေးသားသည်။


ဇူလိုင်လ ၁၉ ရက် ပြင်သစ်အနောက်တောင်ပိုင်း လန်းဒီမြို့ရှိ ကာကွယ်ဆေးထိုးဌာနတစ်ခု၏ မျက်နှာစာတွင် “ နာဇီ “ “ သစ္စာဖောက် “ ဟူသော စာသားများနှင့်အတူ စြင်္ကာအမှတ်အသားပေါင်းများစွာတို့ကို ရေးဆွဲ၍ လက်သရမ်းဖျက်ဆီးခြင်းခံရသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်၌ ဗန်ဒွန်မြို့ အချက်အချာနေရာရှိ အခြားစင်တာတစ်ခု၏ ကြမ်းပြင်တွင်လည်း “ ဂျီနိုဆိုက် လူမျိုးသုဉ်းပြုခြင်း “ ဟု သင်္ဘောဆေးများဖြင့် ရေးသားခြင်း ခံရသည်ဆို၏။


လက်သရမ်းဖျက်ဆီးမှုသတင်းများနှင့်အတူ ပြင်သစ်တစ်ဝှမ်း Covid နှင့် ဆက်စပ်သော နေရာများ၌ မီးရှို့ဖျက်ဆီးမှုများကိုလည်းတွေ့ရှိရသည်။ ဇူလိုင် ၁၈-ရက်နေ့တွင် အနောက်တောင်ဖက်ကမ်းခြေရှိ ကျေးရွာတစ်ရွာနှင့် လွန်ခဲ့သည့် တနင်္ဂနွေ့နေ့တွင် ဝေးလံခေါင်ဖျား စိန့်လူးဝစ်ကျွန်းပေါ်ရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာများမှာ မီးတင်ရှို့ခြင်းခံရကြောင်း သိရှိရသည်။


ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မဖြစ်မနေ ကာကွယ်ဆေးထိုးနှံရန်နှင့် Covid ဆိုင်ရာ ကျန်းမာရေး သက်သေခံလက်မှတ်ကိုင်ဆောင်ကြရန် ပြင်သစ်အမြင့်ဆုံး တရားရုံးတော်က လွန်ခဲ့သည့် စက်တင်ဘာလလယ်၌ အမိန့်ပြဋ္ဌာန်းပေးခဲ့သည်။ အစီအစဉ်အရ ပြင်သစ်နိုင်ငံတွင် အများပြည်သူဆိုင်ရာနေရာများသို့ ဝင်ထွက်လိုသူ နိုင်ငံသားမှန်သမျှ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်မှုကင်းရှင်းကြောင်း ကျန်းမာရေးလက်မှတ်ကို ပြသနိုင်ရန် လိုအပ်မည်ဖြစ်သည်။


အဆိုပါအမိန့်ကို ဆန့်ကျင်သူတို့က ရက်သတ္တပတ်ပေါင်းများစွာ လူစုလူဝေးဖြင့် ကန့်ကွက်လျှက်ရှိစဉ် ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးမှုများ ပေါ်ပေါက်လာခြင်းမှာ တိုက်ဆိုင်လျှက်ရှိသည်။


ပြင်သစ်အစိုးရ၏ ကိန်းဂဏန်းများအရ နိုင်ငံတွင်း ဦးရေ၏ ၅၅.၆% သည် Covid-19 ရောဂါကာကွယ်ဆေးကို ကြိမ်ရေပြည့် ထိုးနှံပြီးစီးခဲ့ပြီး ၆၆.၇% ခန့်မှာ အနည်းဆုံး တစ်ကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီးဖြစ်ကြောင်း သတင်း၌ ဖော်ပြသည်။


(( ယနေ့ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံတကာသတင်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးရေး ကန့်သတ်ချက်အတော်များများကို ဖြေလျော့ပေးလျှက်ရှိကြောင်း ဖတ်ရှုရပါသည်။ ကူးစက်-သေဆုံးမှု သိသာစွာ ကျဆင်းမှု မရှိသေးမီ ယခုကဲ့သို့ ဖြေလျော့ပေးခဲ့လျှင် ရောဂါဖြစ်ပွားမှု နှုန်း ထိုးတက်သွားမည်ကို ကျန်းမာရေး ပညာရှင်များ က စိုးရိမ်လျှက်ရှိသည်။


ယခုရောဂါကပ်ဆိုးသည် လူသားတို့အား ကောင်းကောင်းကြီး ဒုက္ခပေးနေသကဲ့သို့ ရှိသည်။ ကူးစက်သေဆုံး နှုန်း မြင့်တက်လာ၍ အရေးကြီး စားသောက်ကုန်များမှအပ ဈေးဆိုင်များ ပိတ်ခြင်း၊ အသွားအလာကန့်သတ် ခြင်းနှင့် Stay at home, Lockdown တားဆီးမှုများ ပြဋ္ဌာန်းရသည်။ ထိုအခါ လူအများအပြားတွင် ဝင်ငွေ မရှိ တော့ပဲ စီးပွားရေး ချွတ်ချုံကျယုံမက အထွေထွေ လူ့မှုရေး၌လည်း များစွာထိခိုက်နစ်နာရသည်။


စီးပွားရေးနှင့် လူအများသာရေး နာရေးကို ငဲ့ကွက်၍ တားဆီးကန့်သတ်ချက်များ ဖြေလျော့ပေးခဲ့လျှင်လည်း ကူးစက်-သေဆုံးမှု ပြန်လည်မြင့်တက်လာဖွယ် ရှိနေသည်။


ထို့ကြောင့် မိမိတို့လူ့အဖွဲ့အစည်းအတွင်း ကိုယ်တိုင်ကျန်းမာအောင် နေကြရန်၊ လူများနိုင်သရွေ့ များများ အမြန်ဆုံး ကာကွယ်ဆေး ထိုးနှံကြရန်လိုအပ်လာပါသည်။ ၎င်းနှင့်အတူ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းနှင့် ကိုယ်တိုင် ဗိုင်းရပ်စ်ရောဂါကင်းရှင်းကြောင်း လက်မှတ်မှာလည်း မဝေးသောတစ်နေ့တွင် လူတိုင်းကိုင်ဆောင်ကြရဖွယ် ရှိနေပါသည်။


တစ်အူထုံဆင်း မောင်နှမရင်းချင်းပင် အမြင်စိတ်သဘောထား တစ်ထပ်တည်း မရှိတတ်ပါ။ နိုင်ငံရေး မဆိုထားဘိ ပညာတတ်အလွန်ပေါသည့် တိုင်းပြည်များ၌ပင် ဗိုင်းရပ်စ်ရောဂါအပေါ် အမြင်နှင့် ကာကွယ်ဆေးအပေါ် ယုံကြည်မှုတို့ မတူညီကြောင်း သတိပြုကြမည်ဖြစ်သည်။ ကာကွယ်ဆေးဆန့်ကျင်သူ၊ Lockdown, Stay_at_home ပြဋ္ဌာန်းမှုကန့်ကွက်လိုသူများလည်း နိုင်ငံတိုင်း လူ့အဖွဲ့အစည်းတိုင်းတွင် ရှိနေမည်သာ ဖြစ်သည်။


အကြင်နာနှင့်ဆင်ခြင်တုံတရား လုံးဝနားမလည်သော SARS-CoV-2 ဗိုင်းရပ်စ်သည် အချိန်ကြာကြာ လူများများ ကူးစက်ခွင့်ရလေ ဗီဇပြောင်း မျိုးကွဲလေနှင့် လူ ၂၀၄-သန်းကျော်ကို ဖျားနာစေပြီး ၄-သန်းကျော်ကို သတ်ဖြတ်ရယုံနှင့် အချိန်တိုအတွင်း ရပ်တန့်သွားဖွယ် မမြင်မိပါ။


ထိုအထဲတွင် မိမိကိုယ်တိုင်နှင့် မိသားစုမိတ်ဆွေများပါဝင်မသွားရလေအောင် အတတ်နိုင်ဆုံး နေတတ်ရန်သာ ရှိနေပါသည်။ ။သတင်းဘာသာပြန်သူ))


#ပြင်သစ်တွင်_ကာကွယ်ဆေးထိုး_သို့မဟုတ်_ဆေးစစ်စင်တာ_တစ်ရက်တစ်ရုံနှုန်း_ဖျက်ဆီးခံနေရ။
ကျန်းဝန်ထမ်းများ မဖြစ်မနေကာကွယ်ဆေးထိုးရန်နှင့် Covid လက်မှတ် ကိုင်ဆောင်ကြရန် ပြဋ္ဌာန်းချက်ကို ရက်သတ္တပတ်များစွာ စုဝေးကန့်ကွက်နေ


(((Russia Today., 10 Aug, 2021,” One Covid vaccination or screening center vandalized in France per day on average since mid-July – reports.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))


https://www.rt.com/news/531666-covid-vaccination-screening-vandalized-france/
https://www.rt.com/news/531235-french-court-health-pass-vaccination-constitutional/
https://www.rt.com/news/531114-france-unions-strike-vaccination/

Leave a Reply

Your email address will not be published.