တစ်ကမ္ဘာလုံးတွင် ကိုဗစ်-နိုင်တင်းဗိုင်းရပ်စ်ရောဂါပိုး စွဲကပ်မှု စုစုပေါင်း ၆-သိန်းကျော် ဖြစ်လာကြောင်း ဂျွန်ဟော့ကင်း စောင့်ကြည့်မှတ်တမ်းပြုရေး စင်တာ သတိပေး။ ဂျာမနီတွင် တရက်အတွင်း သေဆုံးအရေအတွက် အများဆုံးတွေ့ရ၊ အမေရိကန်သည် ကူးစက်ကပ်ရောဂါ ဗဟိုချက်ဖြစ်လာ

ကမ္ဘာတစ်ဝှမ်းလုံးတွင် ကိုဗစ်-နိုင်တင်းဗိုင်းရပ်စ်ရောဂါပိုး စွဲကပ်မှု စုစုပေါင်း ၆၀၁,၄၇၈- မှု ဖြစ်လာကြောင်းနှင့် ရောဂါကြောင့် အသက်ဆုံးရှုံး ရသူ ၂၈,၀၀၀ ကျော်ရှိနေကြောင်း Covid-19 ကူးစက်ကပ်ရောဂါကျရောက်မှုကို အချိန်နှင့် တပြေးညီ မှတ်တမ်းပြုစုလျှက်ရှိသည့် ဂျွန်ဟောကင်းတက္ကသိုလ်က သတိပေးလိုက်သည်ဟု Russia Today က ယနေ့ ရေးသားသည်။

အမေရိကန်တွင် ရောဂါပိုးစွဲကပ်မှုအရေအတွက်ကို အမြန်ဆုံးနှင့် အများဆုံးတွေ့ရပြီး ယခုအခါ ကူးစက်ကပ် ရောဂါ၏ ဗဟိုချက်ဖြစ်လာသည်။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့သည် ရောဂါစတင်ရာဖြစ်ခဲ့သော် လည်း ကူးစက်ပျံ့ပွားမှု ရပ်တန့်သွားပြီဖြစ်သည်။ ယမန်နေ့ ( သောကြာ ) တွင် ဒေသတွင်း၌ ကူးစက်မှု လုံးဝမ တွေ့ရတော့ပဲ နှစ်လကျော်ကြာ တားဆီးပိတ်ဆို့ခဲ့ရသည့် ဝူဟန်မြို့ဧရိယာတွင် ပုံမှန် မြေအောက်မီးရထား ပြေးဆွဲမှုများ ပြန်လည်စတင်နိုင်ပြီဖြစ်သည်။

လူဦးရေ ၁၁-သန်းနေထိုင်ရာ မြို့တော်၏ မြေအောက်မီးရထားဘူတာရုံ ၁၈၄-ခုတွင် ခန္ဓာကိုယ်အပူချိန်စစ်ဆေး ရေး စကင်နာများဖြင့် စောင့်ကြပ်ကြည့်ရှု့လျှက်ရှိပြီး  လမ်းညွှန်ချက်ပါအတိုင်း လူလူချင်း ထိတွေမှုလျှော့ချရန် သတိပေးထားသည်။

ဗိုင်းရပ်စ်ပိုးစွဲကပ်သေဆုံးသူ မရှိတော့သော ဝူဟန်တွင် ကူးစက်ခံရသူ ၅၀,၀၀၀ ကျန်ရှိနေသော်လည်း အဆိုး ရွားဆုံး အခြေအနေအား လွန်မြောက်ခဲ့ပြီဖြစ်သည်။ တရုတ်ပြည်၏ အခြားဒေသများတွင် ရောဂါပိုးကူးစက် လျှက်ရှိသူ ၅၄-ဦးတွေ့ရှိရသော်လည်း ၎င်းတို့အားလုံးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်နေသည်။

အသွားအလာတားဆီးကန့်သတ်မှုများရှိနေဆဲဖြစ်ပြီး ဝူဟန်မှ ပြင်ပသို့ လေကြောင်းနှင့် မီးရထားဆက်သွယ်များ အားလုံး ဧပြီလ ၈-ရက်နေ့မှ ပြန်လည်စတင်မည်ဖြစ်သည်။ ဟူဘေးပြည်နှင့် အရှေ့ဖက်ကပ်လျှက် ကျန်းဇီပြည် နယ်အား ဆက်သွယ်ထားသည့် ယန်စီမြစ်ကူးတံတား အမှတ် ( ၁ ) ပေါ်တွင် ဟူဘေးပြည်နယ်ဘက်မှ ဒေသခံ များက ယခုရက်သတ္တပတ်အတွင်း တံတားအား ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုမှု့ကို ကျန်းဇီပြည်နယ် ဘက်မှ ရဲတပ်ဖွဲ့ဝင်များက တားဆီးရန် ကြိူးစားကြသည်။ ရဲတပ်ဖွဲ့ဝင်များဘက်မှ ကျန်းဇီဒေသခံများပါ ပါဝင် လာပြီး နှစ်ဖက်လူအုပ်အကြား ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာမှ  ရဲတပ်ဖွဲ့ပိုင် ကားတစ်စီး တွန်းမှောက်ခံရကြောင်း သိရှိရသည်။

အရှေ့ဖျား ယန်စီမြစ်ဝရှိ ဇီးကျန့်ခရိုင်တွင် ရုပ်ရှင်ရုံများ ဖွင့်လှစ်ခွင့်ပြုပြီး ရက်သတ္တပတ်အကြာ၌ ဒေသခံများ အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ပျံ့နှံ့မှုကာကွယ်ရေး ဗဟိုအစိုးရအမိန့်ကြောင့် ပြန်လည်ပိတ်ထား ရသည်ဆို၏။ တရုတ်နိုင်ငံဒေသအချို့တွင် ရုပ်ရှင်ရုံများကို မတ်လ – ၂၀ ရက်နေ့ကတည်းက ပြန်လည်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်စွဲကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိရာတွင် အီတလီသည် ဥရောပတွင်သာမက နိုင်ငံတကာ တွင်လည်း အသက်ဆုံးရှုံးသူအများဆုံးဖြစ်သည်။  သေဆုံးသူ ၉,၁၀၀ ကျော်ရှိသော အီတလီသည် ကူးစက် ရောဂါ မူလစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ၃,၃၀၀ နီးပါးထက် ၃-ဆမျှ ပိုမိုများပြားကြောင်း တွေ့ရှိရသည်။

ဥရောပတွင် သေဆုံးသူအများဆုံး ဒုတိယမြောက်နိုင်ငံမှာ စပိန်ဖြစ်ပြီး ယခုချိန်ထိ လူပေါင်း ၅,၇၀၀ နီးပါး သေ ဆုံးခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံမှ ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသည့် ဂျာမနီနိုင်ငံသို့ လွှဲပြောင်းပေးအပ်မည့် ဆေးဝါးအကူ အညီပစ္စည်းများတင်ဆောင်လာသည့် ပထမဆုံးအကြိမ် ကုန်တင်အထူးမီးရထားသည်  သက်ဆိုင်ရာ ရောဂါခြေ ချုပ်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပြီးနောက် တရုတ်-ဥရောပမီးရထားလမ်းအတိုင်း ထွက်ခွာသွားပြီဖြစ် သည်။ ဆေးဝါးနှင့် ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများတင်ဆောင်ထားသည့် အဆိုပါရထားသည် ဟူဘေး ပြည်နယ် ဝူဟန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်ပြီး ခရီးဆုံး ဂျာမနီနိုင်ငံအနောက်မြောက်ဖျားပိုင်း နယ်သာလန် နယ်စပ်အနီး Duisburg ဒူးစ်ဘတ်ခ်မြို့အရောက် ရက်သတ္တ ၂-ပတ်ကြာမြင့်မည်ဖြစ်ကြောင်း စနေနေ့ တရုတ်အစိုးရ၏ သတင်းထုတ်ပြန် ချက်ကို Global Times က ဖော်ပြသည်။  

https://www.rt.com/news/484347-coronavirus-600000-worldwide-infections-total/

https://www.rt.com/news/484338-wuhan-metro-trains-resume/

https://www.scmp.com/news/china/society/article/3077393/coronavirus-police-public-clash-border-reopens-between-hubei-and

https://www.scmp.com/news/china/society/article/3077398/coronavirus-chinese-cinemas-told-close-just-week-after-reopening

https://www.rt.com/news/484344-china-wuhan-first-train/

https://bulawayo24.com/index-id-news-sc-national-byo-182102.html

((( Russia Today., 28 Mar, 2020, “  Worldwide number of Covid-19 cases exceeds 600,000 — Johns Hopkins University.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ ဆက်စပ်ပါသတင်းများမှာ ပေးထားသည့် Links များအတိုင်းဖြစ်ပြီး လွှင့်တင်ရန်အခက် အခဲကြောင့် အတူမဖော်ပြနိုင်သည့် Links များကို https://m.vk.com/ounghtay နှင့် https://h2oupdatenews.com/ တွင်ရှ့ပါရန် )))

#ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုခြောက်သိန်းကျော်လာ #ဝူဟန်မြေအောက်မီးရထားပြန်လည်ဖွင့်လှစ် #တရုတ်ဂျာမနီအကူအညီပေးရေးအထူးကုန်တင်မီးရထား

0

Leave a Reply

Your email address will not be published.