တရုတ်နိုင်ငံတွင် လူ ၆၅-ဦးအထိ သေဆုံးဦးရေ ခုန်တက်လာခြင်းမှာ တစ်ရက်အတွင်း လူသေဆုံးမှု အများဆုံး ရက် ဆက်လက်တိုးမြင့်ဆဲဖြစ်ကြောင်း ပြသနေပြီး ယခုအခါ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၄၉၂-ဦးရှိလာကြောင်း South China Morning Post ( SCMP ) က ယနေ့ရေးသားသည်။
2019 n-CoV ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေမှာလည်း တရုတ်တစ်နိုင်ငံတည်း၌ ထပ်မံအတည်ပြုနိုင်သူ ၃,၉၇၁-ဦးရှိပြီး စုစုပေါင်း ၂၄,၃၂၄ – ဦး ဖြစ်လာသည်။ တရုတ်ကျန်းမာရေးအာဏာပိုင်များ သတင်းထုတ်ပြန်ချက်အရ ၂၄-နာရီအတွင်း အဆိုပါသေဆုံးသူအားလုံးမှာ ဟူဘေးပြည်နယ်မှဖြစ်သည်။
ယခုထိ ကမ္ဘာအဝှမ်း သေဆုံးသူ စုစုပေါင်းတွင် တရုတ်မှ ၄၉၀-ဦး၊ ဖိလစ်ပိုင် ၁-ဦး၊ ဟောင်ကောင်မှ ၁-ဦးစီ ပါဝင်နေသည်။တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုနိုင်သူများမှာ စောစောပိုင်း၌ ရက်ပိုင်းအတွင်း ဝူဟန်မှပြန်လာသူများသာဖြစ်ပြီး နောက်ပိုင်းတွင် ဝူဟန်သို့ မရောက်ဖူးပါလျှက် ( လူမှ လူချင်း ) ကူးစက်ကြောင်း တွေ့ရှိရသည်။
လေကြောင်းလိုင်းများ ရပ်ဆိုင်းခြင်းမှာ ဗိုင်းရပ်စ်ပြန့်ပွားမှုရပ်တန့်ရန် အာမခံမဟုတ်ကြောင်း၊ နယ်ခြားဆိုသည်မှာလည်း ရောဂါကူးစက်ခြင်းကို တားဆီးမပေးနိုင်ကြောင်း၊ ရောဂါပြန့်ပွားမှု ရပ်တန့်ပစ်ရာတွင် နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစံနစ် အင်အားခိုင်မာစေခြင်းသာ ပိုမိုအရေးပါကြောင်း၊ ၂၀၀၃-ခုနှစ် ကမ္ဘာအဝှမ်း SARS ရောဂါကျရောက်စဉ် WHO မှ ဦးဆောင်တိုက်ဖျက်ခဲ့သူတစ်ဦးဖြစ်သည့် ကူးစက်ရောဂါဗေဒပညာရှင် ဒေးဗစ်ဟေမန်းက ပြောဆိုသည်ဟု SCMP ၏ အခြားသတင်းတစ်ပုဒ်တွင် ယနေ့တွေ့ရှိရသည်။
ရောဂါဖြစ်ပွားနေသောနေရာနှင့် လေယာဉ်ပျံသန်းမှုကို ပိတ်ပစ်လိုက်လျှင် ကူးစက်ပြန့်ပွားမှု ရပ်ဆိုင်းသွားမည်ဟု လူအများတွေးထင်နေကြကြောင်း၊ သို့သော် ရောဂါကူးနေသူ ခရီးသည်သည် အခြားလေယာဉ်ဖြင့် ရောဂါကို ပြည်တွင်း၌ ဆက်လက်သယ်ဆောင်နေနိုင်ကြောင်း၊ ယခုအခါ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀-ကျော်က တရုတ်နှင့် လေယာဉ် ဝင်-ထွက်အားလုံး ရပ်ဆိုင်းထားသည်ကို ရည်ညွှန်းကာ WHO ပညာရှင်က ဆက်လက်ပြောဆိုသည်။
၁၄- အတွင်း တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ဖူး နိုင်ငံခြားသားအားလုံးကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုရန် အမေရိကန်က ငြင်းဆန်ခဲ့သည်။ #အမေရိကန်အတွင်းပြန်ဝင်လာသူသည် အကယ်၍ ဗိုင်းရပ်စ်ကူးစက်နေသည့် #ဟူဘေးပြည်နယ်သို့ ရောက်ရှိခဲ့ဖူးလျှင် #အများဆုံးရက်သတ္တ၂-ပတ်ကြာ Quarantine #ရောဂါခြေချုပ် #မလွဲမသွေချမှတ်လျှက်ရှိသည်။
သို့သော် ရောဂါလက္ခဏာပြသသည့် လူနာအား အမြန်ဆုံးဖော်ထုတ်၍ ကုသမှုပေးနိုင်ရမည်ဖြစ်သည်။ ထိုအတွက် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစံနစ် ခိုင်မာအင်အားကောင်းစေရန် လိုအပ်သည်ဟု ဗြိတိန်ပညာရှင်များက ပြောဆိုသည်။
ယမန်နေ့တွင် ဝူဟန်သို့ သွားရောက်ခဲ့သူ အသက် ၃၉-နှစ်အရွယ် ဟောင်ကောင်နေထိုင်သူ ၁- ဦး ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားခဲ့သည်။ နာရီအနည်းငယ်အကြာတွင် ဟောင်ကောင်ဆေးပညာရှင်များက 2019 n-CoV ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုနိုင်သူ ၂-ဦးမှာ ဝူဟန်သို့ သွားရောက်ဖူးခြင်းမရှိချေ။ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၇-ဦးဖြစ်လာသောဟောင်ကောင်တွင် ယခုနောက်ဆုံး ၂-ဦးတွင် ကူးစက်ခံရသည့် အကြောင်းရင်းကို ရှာမတွေ့ရသဖြင့် လူအချင်းချင်း ကူးစက်ခံရသည်ဟု ယုံကြည်ရသည်။ ထိုအတွက် တရုတ်နှင့် ဆက်လျှက်နယ်စပ်အား ပိတ်ပစ်ရန် ဟောင်ကောင်ကျန်းမာရေးဝန်ထမ်းများက ဆန္ဒပြတောင်းဆိုလျှက်ရှိသည်။
ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန် ၈၀ ရာခိုင်နှုန်း ပိတ်ဆို့သွားမည်ဖြစ်သည်။ ၎င်းမှာ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကို တုန့်ဆိုင်းသွားစေရာရောက်သည်။
((( South China Morning Post., 5 Feb, 2020,” Coronavirus death toll in China jumps 65, another daily record, raising global total to 492.” နှင့် အကြောင်းအရာတူသတင်းများကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်သည်။ ကိုးကားအချက်အလက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။)))
#ဝူဟန်ကိုရိုနာဗိုင်းရပ်စ်2019n-CoV #တရုတ်နှင့် လေယာဉ်ဝင်-ထွက်အားလုံးရပ်ဆိုင်း