..
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်၊နက်ရှ်ဗီးလ်မြို့၏ ပေါက်ကွဲမှုဖြစ်ပွားရာ ဧရိယာအနီးတွင် လူ့ရုပ်ကြွင်းဟု ယူဆရသော အသားစများကို စစ်ဆေးသူများက တွေ့ရှိရကြောင်း မြို့တော်ရဲတပ်ဖွဲ့က ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။
..
အဆိုပါ အသားတစ်သျှုးစများမှာ ပေါက်ကွဲရာ၌ သေဆုံးသူ သို့မဟုတ် ဖောက်ခွဲမှုကျူးလွန်ကြောင်း သံသယရှိသူ၏ ရုပ်ကြွင်းအပိုင်းအစများ ဟုတ်-မဟုတ် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
..
စောစာပိုင်း၌ AP နှင့် CNN သတင်းဋ္ဌာနတို့နှင့် တွေ့ဆုံခဲ့သည့် အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ ရုပ်ကြွင်းအသားစများကို အသေးစိတ်ခွဲခြားနိုင်ရန် ဆေးဘက်ဆိုင်ရာစစ်ဆေးရေးဋ္ဌာနသို့ ပေးပို့ထားပြီး ဖြစ်သော်လည်း ၎င်းတို့မှာ ပေါက်ကွဲမှုနှင့် မည်သို့ဆက်စပ်နိုင်သည်ကို လောလောဆယ် မသိရှိရကြောင်း ပြောဆိုသည်။
..
ခရစ္စမတ်နေ့နံနက်စောစောတွင် နက်ရှ်ဗီးလ်မြို့လယ်၌ လူလိုက်ပါနိုင်သည့် အပန်းဖြေမော်တော်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းကို ရှင်းလင်းစွာ မသိရသေးချေ။ မော်တော်ယာဉ်အတွင်း မည်သူတို့ရှိနေခဲ့သည်ကိုလည်း မသိရသေးပဲ ပေါက်ကွဲမီးလောင်မှုကြောင့် အဆောက်အအုံအတော်များများတို့ ပျက်စီးခဲ့ရသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသူ ၃-ဦး ရှိသော်လည်း အသက်ဘေးစိုးရိမ်ဖွယ် မရှိခဲ့ပါ။ ဆက်လက်ပေါက်ကွဲမှု ဖြစ်ပွားနိုင်ခြင်းကြောင့် အနီးတစ်ဝှိုက်နေထိုင်သူများအား သတ်မှတ်ချိန်အတွင်း ဘေးလွတ်ရာသို့ ထွက်ခွာပေးကြရန် အာဏာပိုင်များက အရေးပေါ်သတိပေးကြေညာခဲ့ရသည်။
..
အခင်းဖြစ်ပွားခြင်းကို ဒေသခံတရားဥပဒေစိုးမိုးရေးအရာရှိများ၏ အကူအညီဖြင့် FBI က လွှဲပြောင်းစစ်ဆေးလျှက်ရှိသည်။ ပေါက်ကွဲမှုဖြစ်ရခြင်းမှာ တမင်ရည်ရွယ်ကျူးလွန်ခြင်းအဖြစ် ထင်ရှားကြောင်း သတင်းထုတ်ပြန်သော်လည်း “ အကြမ်းဖက်မှု “ အဖြစ် ပြောဆိုခြင်း မရှိချေ။
..
နက်ရှ်ဗီးလ်မြို့တော်ရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားကြောင်း သံသယရှိသည့် RV ခေါ် အပန်းဖြေမော်တော်ယာဉ်၏ ဓါတ်ပုံကို ထုတ်ပြန်လိုက်ပြီး မော်တော်ယာဉ်နှင့်တကွ ယာဉ်ပိုင်ရှင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းရှာဖွေလျှက်ရှိသည်။
..
ထိုအတောအတွင်း စုံစမ်းစစ်ဆေးမှုအတွက် အထောက်အကူပြုမည့် သတင်းအချက်အလက်ပေးနိုင်သူ မည်သူ့ကိုမဆို ဒေါ်လာထောင်ချီ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ဒေသခံထင်ရှားသောပုဂ္ဂိုလ်တို့က ကြေညာခဲ့ရာ ဆုငွေ ဒေါ်လာ ၃၅,၀၀၀ ကျော်ဖြစ်ကြောင်း တွေ့ရှိရသည်။
..
#နက်ရှ်ဗီးလ်အပန်းဖြေမော်တော်ယာဉ်ပေါက်ကွဲမှုမှာ_တမင်ရည်ရွယ်ကျူးလွန်ခြင်းဖြစ်
#လူ့ရုပ်ကြွင်းအသားစများတွေ့ရှိ
..
…
((( Russia Today., 25 Dec, 2020, “ ‘Possible’ human remains found near ‘intentional’ bombing site in Nashville.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))
..
https://www.rt.com/usa/510772-human-remains-nashville-explosion/
https://www.rt.com/usa/510757-nashville-explosion-intentional-act/
https://www.rt.com/usa/510755-nashville-tennessee-vehicle-explosion/