တရားလွှတ်တော်ချုပ်က အပြီးသတ်ဆုံးဖြတ်ချမှတ်ခြင်းမတိုင်မီ အိန္ဒိယ အယုဒ္ဓယမြို့ တွင် လုံခြုံရေးအထူးတင်းကြပ်။ ဘာသာရေးအဓိကရုန်းတွင် လူ ၂,၀၀၀ ခန့်အသက်ဆုံးရှုံးခဲ့ရပြီးနောက် သာသနနယ်မြေ ခွဲဝေသတ်မှတ်ပေးရေး သမိုင်းဝင် စီရင်ချက် ယနေ့ချမှတ်မည်။

အိန္ဒိယနိုင်ငံ အယုဒ္ဓယမြို့ ရာမနတ်ဘုရားကျောင်းနယ်မြေအငြင်းပွားမှုအတွက် အပြီးသတ်စီရင်ချက်ကို ယနေ့ချမှတ်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံတရားစီရင်ရေး၌ အမြင့်ဆုံးတရားရုံးဖြစ်သော တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်မှာ ယနေ့ ( မြန်မာစံတော်ချိန် ) ၁၁း၃၀ နာရီတွင် ထွက်ပေါ်လာဖွယ်ရှိသည်။ တိုက်ရိုက်သတင်းပေးပို့ကြသည်ကို YouTube, Facebook, Twitter လူမှု့ကွန်ယက်တို့မှတဆင့် စောင့်မျှော်ရှူ့စားနိုင်ကြောင်း နယူးဒေလီ အခြေစိုက် India Today မီဒီယာက ရေးသားသည်။

ရာမနတ်ဘုရား၏ ဇာတိဘူမိ ဖွားမြင်တော်မူရာ ဘဘာရီဘုရားကျောင်းအငြင်းပွားမှုအတွက် ၅-ပါး ထိုင်တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက်အမိန့်ကို ယနေ့နံနက် တရားလွှတ်တော်ချုပ်တွင် စတင်ဖတ်ကြားမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ ဟိန္ဒူနှင့်မွတ်စလင်ဘာဝင်တို့အကြား ဆယ်စုနှစ်ချီစောင့်စားခဲ့ရသည့် သာသနနယ်မြေပိုင်းခြားသတ်မှတ်ပုံကို တရားလွှတ်တော်ချုပ် အဆုံးအဖြတ်ထွက်ပေါ်မလာမီ မြောက်ပိုင်းမြို့တော် အယုဒ္ဓယ၌ ရဲနှင့်လုံခြုံရေးတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်ချထားသည်။ ဗဟိုအစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများအပါအဝင် ဆက်စပ်ဖွယ်ရှိသည့် နေရာများ၌ ဆူပူမှုဖြစ်ပွားလာပါက အရေးပေါ်စီမံခန့်ခွဲနိုင်ရန်နှင့် လူမှုကွန်ယက်တွင် မလိုလားအပ်သော ရေးသားလွှင့်တင်သည်တို့ကို စောင့်ကြည့် ကြပ်မတ်မည်ဖြစ်ကြောင်း သိရှိရသည်။

အယုဒ္ဓယမြို့ရှိ ရှေးဟောင်းဗလီမှာ ဖန်ဆင်းရှင် ဗိဿနိုးနတ်ဘုရားဝင်စားသော ရာမနတ်ဘုရားဖွားမြင်တော်မူရာနေရာဖြစ်သည်ဟု ဟိန္ဒူတို့က ယုံကြည်ကြသည်။ အဆိုပါနေရာတွင် ၁၁-ရာစုနှစ်အထိ ဘဘာရီဘုရားကျောင်းတည်ရှိခဲ့ပြီး မွတ်စလင်အုပ်ချုပ်မှု့ လွှမ်းမိုးစဉ် ၁၅၂၈-ခုနှစ်တွင် ဘုရားကျောင်းကို ဖြိုဖျက်၍ ဗလီဆောက်လုပ်ခဲ့ခြင်းသာဖြစ်ကြောင်း ဟိန္ဒူ တို့က အခိုင်အမာပြောဆိုသည်။

၁၉၉၂ တွင် ဘာသာရေးသဘောထားတင်းမာသူဟိန္ဒူတို့က ဗလီကိုဖြိုဖျက်ရာမှ မွတ်စလင်တို့နှင့် ပြင်းထန်သော သွေးချောင်းစီး အဓိကရုန်းများဖြစ်ပွားပြီး မွတ်စလင်အများစုအပါအဝင် လူ ၂,၀၀၀ ခန့် သေဆုံးရသည်။ လအနည်းငယ်ကြာသည်အထိ နောက်ဆက်တွဲ ကြောက်မက်ဖွယ် အကြမ်းဖက်မှု့များဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးမှ မိန်းမနှင့် ကလေးငယ်များအပါအဝင် လူပေါင်းများစွာ အသက်ဆုံးရှုံးရသည်။ ယခုပိုင်းခြားပုံမတိုင်မီ အိန္ဒိယတရားလွှတ်တော်ချုပ်က အငြင်းပွားနယ်မြေကို ဟိန္ဒူ-မွတ်စလင်မျှဝေပိုင်ဆိုင်ကြရန် နှစ်ဖက်ဘာသာရေးနှင့် ဒေသခံအဖွဲ့အစည်းတို့က ခွဲဝေကြရန် အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။

ယခုနှစ်ဆန်းပိုင်း အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် ဆဘရီမာလာဟိန္ဒူဘုရားကျောင်းအစဉ်အလာကို တရားလွှတ်တော်ချုပ်က ပြင်ဆင်သဖြင့် ပြည်နယ်အတွင်း အဓိကရုန်းများဖြစ်ပွားရာ ပျက်စီးဆုံးရှုံးမှု့များဖြစ်ခဲ့ရသည်။ ဇာတိဘူမိဘုရားကျောင်းမြေသည် ဟိန္ဒူတို့နှင့်သက်ဆိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် သမိုင်းပညာရှင်အများစုတို့က လက်ခံသည်။ သို့သော် နှစ်ပေါင်း ၄၈၀ ကြာမျှ ဗလီတည်ရှိခဲ့ခြင်းမှာ အဓိကဖြစ်နေသည်။ ယခုအယုဒ္ဓပြဿနာမှာ ရှေးဟောင်းသုတေသနနှင့် သမိုင်းဆိုင်ရာပြဿနာသာမက ဘာသာရေးနှင့် နိုင်ငံရေးပြဿနာဖြစ်နေကြောင်း Russia Today က ယမန်နေ့ရေးသားသည်။

မျက်မှောက် အိန္ဒိယနိုင်ငံတော်အတွင်း ကောင်း-ဆိုးဖြစ်ပျက်အားလုံးတို့မှာ အိုးအိမ်ထူထောင်နေထိုင်ကြသူ နိုင်ငံသား ဟိန္ဒူနှင့် မွတ်စလင်နှစ်ဖက်စလုံးတို့အပေါ် ကျရောက်ပတ်သက်နိုင်သည်။ တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်ကို တည်ငြိမ်အေးချမ်းစွာ လက်ခံ၍ ၁၉၉၂-ခုနှစ်ကကဲ့သို့ တုန်လှုပ်ဖွယ်အဖြစ်ဆိုးမျိုး ထပ်မံ မဖြစ်ပွားရအောင် ထိရောက်စွာ ထိန်းသိမ်းပါမည်ဟု ဟိန္ဒူ-မွတ်စလင်ဘာသာရေးခေါင်းဆောင်တို့က အသီးသီး ကတိပြုထားကြကြောင်း ဘင်္ဂလားဒက်ရှ်အခြေစိုက် Bdnews24 က ရေးသားသည်။

(( ဥပဒေဆိုသည်မှာ လူကရေးဆွဲထားခြင်းဖြစ်၍ ပြဋ္ဌာန်း၊ ပြင်ဆင်၊ ဖျက်သိမ်းနိုင်သည်။ ဓလေ့ထုံးတမ်းဆိုသည်မှာ နှစ်ပေါင်းများစွာ သားစဉ်မြေးဆက် ကျင့်သုံးလာခဲ့သော သမိုင်းဝင်အစဉ်အလာဖြစ်သည်။ သမိုင်းကို ပြင်ချင်၍ မရပါ။ ထို့ကြောင့် ဓလေ့ထုံးတမ်းကို ထိပါးကျူးလွန်မိလျှင် သမိုင်းဝင်အမည်းစက်ထင်တတ်သည်။

ထို့ကြောင့် အသိဉာဏ်အမျှော်အမြင်ရှိသူတိုင်း မည်မျှသြဇာအာဏာကြီးမားသည်ဖြစ်စေ ဓလေ့ထုံးတမ်းတို့ကို မထိပါးမိအောင် လက်ရှောင်ကြသည်။ သွေးချောင်းစီးအဓိကရုန်းများ၊ လူ့အဖွဲ့အစည်းအတွင်း အချေအတင် သွေးကွဲမုန်းတီးမှု့များ၏ စံနက်တန်သဖွယ် ဖြစ်လေ့ရှိပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( India Today., November 9, 2019 ,” Ayodhya verdict live streaming: How to watch SC’s historic judgement on India Today.” ကို #HtayOung#OungMarine ဆီလျော်အောငဘာသာပြန်ဆို၍ ဆက်စပ်သတင်းများနှင့် ပေါင်းစပ်သည်။ )))

https://www.indiatoday.in/…/ayodhya-ram-mandir-babri-masjid…

https://bdnews24.com/…/india-tightens-security-ahead-of-ver…https://www.rt.com/news/472982-ayodhya-dilemma-verdict-india

#အယုဒ္ဓယမြို့ ရာမနတ်ဘုရား၏ဇာတိဘူမိဘဘာရီဘုရားကျောင်း #ဟိန်ဒူ-မွတ်စလင်အငြင်းပွားမှု #အိန္ဒိယတရားလွှတ်တော်ချုပ် #ကီရာလာပြည်နယ်ဆဘရီမာလာဟိန္ဒူဘုရားကျောင်း

0

Leave a Reply

Your email address will not be published.