တရုတ်ကွန်မြူနစ်ပါတီ နှစ်တစ်ရာပြည့် အထိန်းအမှတ်အဖြစ် ပဉ္စမမျိုးဆက် J-20 ကိုယ် ပျောက် ဂျက်တိုက်လေယာဉ်တို့ များပြားစွာ အုပ်စုဖွဲ့၍ တိန့်အန်မင်ရင်ပြင်ပေါ်၌ ပျံသန်း။ တရုတ်အပေါ် ဗိုလ်ကျ ရန်ကြိုးစားသည့် ပြည်ပအင်အားတို့ကို ရှီကျင့်ဖျင်သတိပေး


တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီထူထောင်ခြင်း နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြုသည့်အနေဖြင့် J-20 ကိုယ်ပျောက် ဂျက်တိုက်လေယာဉ်များက ပေကျင်းမြို့တော်သမိုင်းဝင်အထိမ်းအမှတ်ပေါ်၌ အုပ်စုဖွဲ့ ပျံသန်းကြရာ ယခင် အစဉ်အလာရှိခဲ့သည်တို့တွင် အရေအတွက် အများဆုံး တိုက်လေယာဉ်အုပ်စုဖြစ်သည်ဟု ရုရှားသတင်းစာ Russia Today က ယနေ့ရေးသားသည်။

ကြာသပတေးနေ့၌ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ၏ နှစ်တစ်ရာပြည့်အထိမ်းအမှတ်အခမ်းအနားတွင် ရှီ ကျင့်ဖျင်အစိုးရက ၎င်း၏ လေတပ်၏ စွမ်းအားကိုပြသခဲ့သည်။ စွမ်းရည်မြင့် ဂျက်တိုက်လေယာဉ် ၁၅-စီးတို့က ၅-စီးလျှင် တစ်တန်းဖွဲ့စည်း၍ V ပုံစံသဏ္ဍာန် သုံးမျိုးဖြင့် ပျံသန်းသည်။

လေကြောင်းသရုပ်ပြပွဲ၌ပါဝင်သည့် ဂျက်တိုက်လေယာဉ်အရေအတွက်မှာ မကြုံစဖူးဖြစ်ပြီး ယခင် အများဆုံးအ ရေအတွက်မှာ ၅-စီးသာ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံ၏ ပေကျင်းမြို့တော်တွင် ကျင်းပခဲ့သော အမျိုး သားနေ့စစ်ရေးပြပွဲတွင် ပါဝင် ချီတက်ခဲ့ခြင်းဖြစ်သည်။

Mighty Dragon ဟု လူသိများသည့် ပဉ္စမမျိုးဆက် ပြည်တွင်းထုတ် Chengdu J-20 ဂျက်တိုက်လေယာဉ်များသည် တရုတ်၏ အဆင့်မြင့် ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်သည်။ တာဝေးပစ်ဒုံးကျည်များကို သယ်ယူပို့ဆောင်နိုင်ပြီး မြင်ကွင်းဆိုးရွားသော အခြေအနေနှင့် ရာသီဥတုအမျိုးမျိုးတို့တွင် တိုက်ပွဲဝင်နိုင်စွမ်းရှိသည်။ တရုတ်နိုင်ငံ တွင် J-20 တိုက်လေယာဉ်အရေအတွက် မည်မျှပိုင်ဆိုင်သည်ဆိုခြင်းကို အတိအကျ မသိရသေးချေ။

…   
စစ်ရေးပြစဉ်အတွင်း ပေကျင်းမြို့ ကောင်းကင်ယံ၌ စုစုပေါင်း ၇၁-စီးခန့်ရှိမည့် စစ်လေယာဉ်တို့က ပျံသန်းသရုပ်ပြပျံသန်းကြသည်။ ၎င်းတို့တွင် J-20 တိုက်လေယာဉ် ၁၅-စီး၊ J-10 တိုက်လေယာဉ် ၁၀-စီး၊ Z-10 နှင့် Z-19 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃၁-စီး၊ K-8 လေ့ကျင့်ရေးဂျက်လေယာဉ် ၁၀-စီးတို့ပါဝင်သည်။ Z-8L သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ် ၅ စင်းကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။ Z-10 နှင့် Z-19 ရဟတ်ယာဉ် ၂၉ စီးတို့က တရုတ်ကွန်မြူနစ်ပါတီ CPC ၏အလံကို သယ်ဆောင်ကာ 100 စာလုံးပေါင်း သဏ္ဍာန်ဖြစ်အောင် စုဖွဲ့ ပျံဝဲပြကြသည်

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီအုပ်ချုပ်ရေး နှစ် ၁၀၀ ပြည့်အဖြစ် သမ္မတရှီကျင့်ဖျင်က ၎င်းနိုင်ငံသားများအား မိန့်ခွန်းပြောကြားရာတွင် ထိုင်ဝမ်၏ လွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကို ထိုးနှက်၍ ကျွန်းနိုင်ငံအား ပြည်မကြီးနှင့် ပြန်လည် ပေါင်းစည်းရန် တောင်းဆိုသည်။

…   
တိန့်အန်မင်ရင်ပြင်တွင် ပြောကြားသော ရှီကျင့်ဖျင်၏ မိန့်ခွန်းအသေးစိတ်တွင် ကုန်းကောက်စရာ မရှိအောင် အကြွင်းမဲ့ဆင်းရဲမွဲတေမှုမှ အမြစ်တွယ်နေသောနိုင်ငံအဖြစ်မှ တိုးတက်လာမှုများကို ချီးကျူးဂုဏ်ပြုခဲ့သည်။ တရုတ်အပေါ် ဗိုလ်ကျအနိုင်ကျင့်ရန် သို့မဟုတ် ပြစ်တင်ဝေဖန်နေသော ပြည်ပအင်အားတို့ကိုလည်း သတိပေးလိုက်သည်။

ထိရှလွယ်သော ထိုင်ဝမ်ရေလက်ကြားသို့ စစ်သင်္ဘောများ ပုံမှန်စေလွှတ်နေသည့်အတွက် ပေကျင်းနှင့် ဝါရှင်တန်တို့အကြား အငြင်းပွားစရာဖြစ်လာခြင်းနှင့် ပတ်သက်၍ “အမိမြေ၏ ပြည့်စုံသော ပြန်လည်ပေါင်းစည်းရေး”အဖြစ် ရည်ညွှန်းလိုက်ပြီး တရုတ်နိုင်ငံအနေဖြင့် ဖိအားပေးမှုအများဆုံးသော စိန်ခေါ်မှုတစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း” ရှီကျင့်ဖျင် ကပြောဆိုသည်။

…     
ထိုင်ဝမ်ရေလက်ကြားသို့ အမေရိကန်စစ်သင်္ဘောများ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ အကြီးမားဆုံး ဒေသတွင်းလုံခြုံအန္တရာယ်ဖန်တီးသူအဖြစ် တရုတ်က ဝါရှင်တန်အား တံဆိပ်ကပ်ခဲ့သည်။

…  
 တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီကို ဥက္ကဋ္ဌကြီး မော်စီတုန်းက စုစည်းခဲ့ပြီး ၁၉၂၁-ခုနှစ် ဇူလိုင် ၁-ရက် နေ့တွင် ဖွဲ့စည်းကြောင်း တရားဝင်ကြေညာခဲ့သည်။

#တရုတ်နိုင်ငံတွင်_ကွန်မြူနစ်ပါတီအုပ်ချုပ်ခြင်း_နှစ်တစ်ရာပြည့်အခန်းအနား

(((RT Nrews., Jul 01 2021,” Largest 5th-generation J-20 Mighty Dragon fleet flies over Tiananmen Square to mark 100th anniversary of China’s Communist Party.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/528075-largest-j20-fleet-china-centenary/
https://www.rt.com/news/528058-taiwan-reunification-xi-anniversary/
https://www.rt.com/news/527340-china-us-security-risk-creator/

Leave a Reply

Your email address will not be published.