
ကမ္ဘာတစ်ဝှမ်း ကိုဗစ်-နိုင်တင်း ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိစဉ် ကိုရိုနာဗိုင်းရပ်စွဲရောဂါဖြင့် အသက်ဆုံး ရှုံးရသူတို့အတွက် ဝမ်းနည်းကြေကွဲခြင်း အထိန်းအမှတ်အဖြစ် ၃-မိနစ်ကြာ ငြိမ်သက်၍၊ ဥသြဆွဲ ကားဟွန်းများ တီး၍ လေးစားကြောင်း ပြသကြသည်ဟု Russia Today က ယနေ့ရေးသားသည်။
စနေနေံတွင် တရုတ်တစ်နိုင်ငံလုံးရှိ အလံများကို တိုင်ဝက်သို့ လျှော့ချထားခြင်းဖြင့် အခွန်ထမ်းဆောင်စဉ် အသက်ဆုံးရှုံးရသော ပြည်သူတို့ ၃,၀၀၀ ကျော်တို့အတွက် လေးစားပြုခဲ့သည်။ နာဖျားသူတို့အား ရှေ့တန်းမှ မနေမနား စွမ်းစွမ်းတမံ ပြုစုကုသပေးရင်း သေဆုံးရသူ ဆရာဝန်နှင့် သူနာပြု ၁၃-ဦးရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကင်းစင်ခြင်း မရှိသေးပါ။ သို့သော်လည်း ဝူဟန်နှင့် မြို့တော် ပေကျင်း တို့တွင် လမ်းပေါ်ရောက်ပြည်သူများက ငြိမ်သက်စွာ ရပ်တန့်ပေးကြစဉ် ဥသြသံကြားရပြီး ကားအချို့က ဟွန်း များတီး၍ ဝမ်းနည်းကြောင်း ဖော်ပြကြသည်ဆို၏။
ကူးစက်ရောဂါ ဗဟိုချက်အဖြစ် မြို့နေ လူပေါင်း ၂၅၆၇-ဦး အသက်ဆုံးရှုံးခဲ့ရာ ဝူဟန်မြို့တွင် လေကြောင်းဥသြ သံ ပေးခိုက် လူအသွားအလာကင်းရှင်းနေသည့် လမ်းမပေါ်တွင် မောင်းနှင်နေသော ကားများလည်း ဘေးချရပ်တန့်ခြင်းဖြင့် အလေးပြုရာတွင် ပါဝင်ခဲ့ သည်။
ယခု ဝမ်းနည်းခြင်း အထိန်းအမှတ်ကို တရုတ်တို့၏ ဘိုးဘေးများအား ရိုသေလေးစားခြင်း ရိုးရာအစဉ်အလာ “ရှင်မင်း “သင်္ချိုင်းပွဲတော်နှင့်စတင်ခဲ့သည်။
တရုတ်ပြည်မကြီးတွင် ပြည်ပမှဝင်ရောက်လာသူများ၌ ဗိုင်းရပ်စ်စွဲရောဂါဖြစ်ပွားလျှက်ရှိသော်လည်း ပြည်တွင်း ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ပစ်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကိုဗစ်-နိုင်တင်းရောဂါဖြစ် စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ လူတစ်သန်းကျော် စွဲကပ်ခံနေရပြီး ၆၅,၀၀၀ ကျော် သေဆုံးသွားပြီဖြစ်သည်။
((( Russia Today., Apr 05, 2020, “LISTEN: China pays tribute to Covid-19 victims with 3 minutes of silence, air raid sirens & car horns.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#ကိုဗစ်-နိုင်တင်းတရုတ်ဝမ်းနည်းကြေကွဲ
https://www.rt.com/news/484953-china-coronavirus-mourning-videos-silence/