တရုတ်မှ ပြည်သူ့စစ်ရေယာဉ်များက ကျူးကျော်လျှက်ရှိကြောင်း ဖိလစ်ပိုင် လူသိရှင်ကြား ပြောဆို၊ တရုတ် စစ်ရေယာဉ် ၃၀၀ ခန့် ဖိလစ်ပိုင် အထူးသီးသန့်စီးပွားရေးဇုန်အတွင်း ဝင်ရောက်။ နှစ်နိုင်ငံဆက်ဆံရေးတွင် ပြန်လည် အက်ကြောင်းထင်


[မနီလာ ၊ ရိုက်တာ] – ၎င်း၏အထူးသီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း တရုတ်နိုင်ငံမှ ပြည်သူ့စစ်ရေယာဉ် ၂၈၇ – စီးတို့က ကျူးကျော်ဝင်ရောက်လာကြောင်း ဖိလစ်ပိုင်နိုင်ငံက ဗုဒ္ဓဟူးနေ့တွင် လူသိရှင်ကြား ပြောဆိုခြင်းဖြင့် အချိန်ကာလတစ်ခုကြာ နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ပြီးနောက် ဆက်ဆံရေးတွင် ပြန်လည်အက်ကြောင်းထင်လာသည်ဟု Reuters က ယမန်နေ့ ရေးသားသည်။

…   
ဖိလစ်ပိုင်နိုင်ငံက ပိုင်ဆိုင်သည့် ကျွန်းများအနီး ပြည်ပရေယာဉ်များ ဆက်လက် မြင်တွေ့ရခြင်းကို ဖြစ်နိုင်သမျှ သံတမန်နည်းလမ်းဖြင့် ဆီလျော်စွာဖြေရှင်းရန် သက်ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြလျှက်ရှိစဉ် ယခုကဲ့သို့ ဖြစ်ပွားလာကြောင်း ဖိလစ်ပိုင်နိုင်ငံ တောင်တရုတ်ပင်လယ် ဦးဆောင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

…   
အထူးသီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်သင်္ဘောများ ခုတ်မောင်း ခြိမ်းခြောက်လျှက်ရှိခြင်းနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံအား မကြာသေးမီ ရက်သတ္တပတ်အတွင်း အကြိမ်ကြိမ် အကြောင်းကြားခဲ့ပြီး ၎င်းတို့အား ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။

…  
ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ရေပြင်တွင် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပြသသည့် အနေဖြင့် ကင်းလှည့်ခြင်းများအား မကြာသေးမီက အရှိန်အဟုန်တိုးမြှင့်ခြင်းဖြင့် တရုတ်လိုလားသော သမ္မတ ရိုဒရီဂို_ဒူတာတီး၏ ပေကျင်းအစိုးရအပေါ် ဝေဖန်ရန် ပျက်ကွက်ခဲ့ခြင်းကို ဖီဆန်ကြောင်း ပြသခဲ့သည်။

…   
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်အား မနီလာရှိ တရုတ်သံရုံးက လောလောဆယ် တုံ့ပြန်ခြင်း မရှိပါ။

… 

ကျွမ်းကျင်သူများကမူ ပေကျင်းအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း ၎င်း၏မဟာဗျူဟာမြောက်ရည်မှန်းချက်များအတွက် ငါးဖမ်းရေယာဉ်အုပ်စုများနှင့် ကမ်းခြေစောင့်တပ်ဖွဲ့များကို အဓိက ထားကြောင်း၊ ၎င်းတို့အား အစဉ်မပြတ်ရှိနေခြင်းအားဖြင့် အခြားသော ကမ်းရိုးတန်းနိုင်ငံများမှ ငါးဖမ်းခြင်းနှင့် ကမ်းလွန်စွမ်းအင်လုပ်ငန်းများအား ရှုပ်ထွေးအောင် ဖန်တီးလျှက်ရှိကြောင်း ဝေဖန်သည်။

…   
တရုတ်အာဏာပိုင်များလည်း ၎င်း၏ ငါးဖမ်းလှေများပေါ်တွင် ပြည်သူ့စစ်များ လိုက်ပါလျှက်ရှိသည်ဆိုခြင်းကို ယခင်က ငြင်းဆိုခဲ့သည်။

#ဖိလစ်ပိုင်အထူးသီးသန့်စီးပွားရေးဇုန်အတွင်းတရုတ်ပြည်သူ့စစ်ရေယာဉ်များဝင်ရောက်

… (((Reuters., May 12, 2021,” Philippines Flags ‘Incursions’ by Nearly 300 Chinese Militia Boats.”ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

+1

Leave a Reply

Your email address will not be published.