တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ယခုရက်သတ္တပတ်၌ အများဆုံးဖြစ်လာပြန်။ သီတင်း ၆-ပတ်နီးပါး ဆက်တိုက်မြင့်တက်။ ပင်လယ်ရပ်ခြားမှ ဝင်ရောက်လာသူများ ပြားလာခြင်းနှင့်အတူ တရုတ်နိုင်ငံအတွက် Covid-19 ကူးစက်ရောဂါကပ် ဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရ

တရုတ်ပြည်မကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးစွဲကပ်ခံရသူအရေအတွက်မှာ သီတင်း ၆-ပတ်နီးပါးဆက်တိုက် နေ့စဉ်တိုးမြင့်လျှက်ရှိသည်။ ပင်လယ်ရပ်ခြားမှ နိုင်ငံအတွင်း ဝင်ရောက်လာသူများပြားလာခြင်းနှင့်အတူ ကူးစက်ခံရသူအရေအတွက် တိုးမြင့်လျှက် တရုတ်နိုင်ငံအတွက် Covid-19 ကူးစက်ရောဂါကပ် ကျရောက်မှု ဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရသည်ဟု Reuters အား ကိုးကား၍ Dhaka Tribune က ယနေ့ရေးသားသည်။ 

တနင်္ဂနွေနေ့ တစ်ရက်တည်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၁၀၈ ခုဖြစ်ပွားခဲ့သည်။ စနေနေ့ ၉၉ -မှု ထက်ပိုများပြီး မတ်လ ၅ ရက်နေ့ ၁၄၃ မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်ဆို၏။ အသစ်ထပ်မံ တွေ့ရှိရသော ကူးစက်ခံရသူများတွင် ၉၈-ဦးမှာ အခြားနိုင်ငံများမှ ဝင်ရောက်လာသူများနှင့် ပတ်သက်လျှက်ရှိကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလတွင် နေ့စဉ် ကူးစက်ပျံ့နှံ့မှု အရေအတွက်မှာ အမြင့်ဆုံးမှ သိသိသာသာကျဆင်းသွားသော်လည်း မတ်လ ၁၂ ရက်တွင် နိုင်ငံတကာ၌ ဗိုင်းရပ်စ်ပျံ့နှံ့လာခြင်းနှင့်အမျှ တရုတ်နိုင်ငံ၌လည်း ပြန်လည်မြင့်တက်လာသည်။ ဗိုင်းရပ်စ်စွဲကပ်ခံရသူ ဆက်တိုက်တိုးမြင့်လာပြီး နိုင်ငံအား သွက်ချာပါဒအခြေအနေသို့ ရောက်ရှိသွားနိုင်သည့် ကူးစက်ရောဂါကပ် ဒုတိယလှိုင်းရိုက်ခတ်မည်ကို တရုတ်အစိုးက စိုးရိမ်ပူပန်လျှက်ရှိသည်။ 

အရှေ့မြောက်ပိုင်း ရုရှားနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ဟေလုံရှန်ပြည်နယ်တွင် ကူးစက်ခံရမှုပေါင်း ၅၆-မှု ရှိခဲ့ပြီး ၄၉ ဦး မှာ ရုရှားမှဖြစ်သည်။ ထိုအတွက် ရုရှားနယ်စပ်အနီးရှိ တရုတ်မြို့ကြီးများသို့ ဆိုက်ရောက်သူများအား ဆေးဝါးကုသမှုအစီအမံများ ပိုမိုတင်းကျပ်၍ နယ်စပ်ထိန်းချုပ်မှုတိုးမြှင့်မည်ဖြစ်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က တနင်္ဂနွေနေ့၌ ပြောကြားခဲ့သည်။ 

နယ်စပ်ဒေသ ဟေလုံရှန်ပြည်နယ်ရှိ ဆွေ့ဖန်နှင့် ဟာဘင်မြို့ကြီး ၂-မြို့သို့ ပြည်ပမှ ရောက်ရှိလာသူအားလုံးတို့ကို ၂၈-ရက်ကြာ ရောဂါခြေချုပ်ချထား၍ nucleic acid နျူးကလစ်အက်ဆစ်နှင့် antibody test ကိုယ်ခံအား ပဋိပစ္စည်းစမ်းသပ်မှု ခံယူကြရမည်ဖြစ်သည်။ 

Asymptomatic ခေါ် ဗိုင်းရပ်စ်ပိုးစွဲကပ်လျှက်ရှိသော်လည်း ရောဂါလက္ခဏာ ပြသခြင်း ရှိ-မရှိ အတည်ပြုသည်အထိ ဟာဘင်မြို့ နေအိမ်အဆောက်အအုံများကိုလည်း ၁၄ ရက်ကြာ တားဆီးပိတ်ဆို့ထားလိမ့်မည်ဖြစ်သည်။ 

Worldometer ၏ ဖော်ပြအရကမ္ဘာပေါ်တွင် လူပေါင်း ၁,၈၅၃,၁၁၀၀ ကျော် ကူးစက်ခံရသော အလျင်အမြန်ပျံ့ နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံးအကြိမ် စတင်ဖြစ်ပွားခဲ့သည်။ 

Covid-19 ကိုရိုနာဗိုင်းရပ်စွဲ ကူးစက်ကပ်ရောဂါမှာ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ၂-ခုမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းနိုင်ငံများနှင့်နယ်မြေ ၂၁၀ ခုရှိ လူပေါင်း ၁-သန်း ၈-သိန်းကျော်တို့အား ကူးစက်ပျံ့နှံ့သွားခဲ့ရာ ၄သိန်း ၂-သောင်းကျော်တို့မှာ ကုသပျောက်ကင်းခဲ့သည်။ 

((( Dhaka Tribune., April 13, 2020, “China’s new coronavirus cases rise to near 6-week high.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတရုတ်ဒုတိယလှိုင်း 

https://www.dhakatribune.com/health/coronavirus/2020/04/13/china-s-new-coronavirus-cases-rise-to-near-six-week-high 
https://www.france24.com/en/20200413-china-s-new-covid-19-cases-rise-to-near-6-week-high 
https://asia.nikkei.com/Spotlight/Coronavirus/Coronavirus-latest-China-s-new-cases-rise-to-nearly-6-week-high 

0

Leave a Reply

Your email address will not be published.