တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစွဲကပ်နေသူ ၆၈ ရာနှုန်းသည် လွန်ခဲ့သည့် ၈-ရက်အတွင်း ရောဂါလက္ခဏာ ပြသခြင်းမရှိသူများဖြစ်နေ။ ရောဂါလက္ခဏာမပြပဲ ရောဂါသယ်ဆောင်မှု ဟန့်တားရန် တရုတ်နိုင်ငံတော်ကောင်စီ လမ်းညွှန်ချက်ထုတ်။

တရုတ် အမျိုးသားကျန်းမာရေးကော်မရှင် ( NHC ) မှထုတ်ပြန်သည့်ကိန်းဂဏန်းများအရ အင်္ဂါနေ့မတိုင်မီအထိ ပြည်မကြီးအတွင်း Covid-19 ရောဂါပိုးစွဲခံခံရသူ ၃-ပုံ ၂-ပုံကျော်မှာ ယခင်က ရောဂါလက္ခဏာပြသခြင်း မရှိသူများဖြစ်နေကြောင်း ဖော်ပြထားသည်ဟု South China Morning Post က ယနေ့ရေးသားသည်။

ရောဂါပျံ့နှံ့မှု အချိုးသည်မြင့်မားနေပုံရသော်လည်း ပမာဏမကြီးသောအရေအတွက်ဖြစ်သည့်အတွက် ကောက်ချက်မချနိုင်ခြင်း မရှိသေးကြောင်း ဟောင်ကောင်တက္ကသိုလ်ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းသိပ္ပံဌာနအကြီးအကဲ လီယိုပွန်လစ်မန် Leo Poon Lit-man က ပြောဆိုသည်။

” ဒီကိန်းဂဏန်းတွေက ကိုရိုနာဗိုင်းရပ်စ်ပိုးစွဲကပ်နေပေမဲ့ ရောဂါလက္ခဏာ မပြသူတွေလား .. လွန်ခဲ့တဲ့ ၃-လအတွင်းတော့ ဒီလိုမျိုးဖြစ်တာမျိုးလဲ မရှိခဲ့တော့ ဘာလဲကို ညွှန်ပြနေသလဲဆိုတာ မသိသေးပါဘူး၊ .. “ “ ဒါပေမဲ့ ကျွန်တော်တို့သိတာက Covid- 19 ဗိုင်းရပ်စ်ဟာ တရုတ်ပြည်အတွင်းမှာကူးစက်နေတုန်းပဲ။ ဒီလူနာတွေကို သီးခြားစီ ခွဲထားကုသပြီး အနီးကပ်စောင့်ကြည့်စစ်ဆေးသင့်ပါတယ်။..” လီယိုပွန်လစ်မန်က ကောက်ချက်ချသည်။

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပြည်သူလူထု စိုးရိမ်မှု လျှော့ပါးစေရန်ဟု ဆိုကာ NCH က သတင်းထုတ်ပြန်ရာ၌ မတ်လ ၃၁- ရက်နေ့မှစတင်သည့် ရောဂါကင်းစင်မှုစာရင်းကို ဖော်ပြထားသည်။

၈၈၅- ဦးဟု ဖော်ပြထားသည့် ၎င်းစာရင်းတွင် ၆၀၁-ဦး သို့မဟုတ် ၆၈ ရာခိုင်နှုန်းမှာ လွန်ခဲ့သည့် ၈- ရက်တာ ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာပြသခြင်းမရှိသူများဖြစ်သည်ဆို၏။ ၎င်းတို့အနက် ထက်ဝက်နီးပါးအရေအတွက်ဖြစ်သော ၂၇၉-ဦးမှာ ဟူဘေးပြည်နယ်မှဖြစ်ပြီး လွန်ခဲ့သည့်နှစ် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါ ကူးစက်မှု ကနဦးစတင်ရာ ဗဟိုချက်ဒေသမှဖြစ်ကြောင်း သိရှိရသည်။

SCMP ၏ အခြားသတင်းတစ်ပုဒ်တွင် ကျန်းမာနေဆဲသူများထံမှ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရန် ရည်ရွယ်လျှက် Covid-19 ကင်းစင်သည်ဆိုသူလူနာများအားလုံး ၂-နာရီအတွင်း သတင်းပို့ကြရမည်ဟု တရုတ်အစိုးရ နိုင်ငံတော်ကောင်စီက လမ်းညွှန်ချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း ယနေ့ဖော်ပြသည်။

ဗုဒ္ဓဟူးနေ့ညတွင် တရုတ်နိုင်ငံတော်ကောင်စီ၏ ထုတ်ပြန်ချက်၌ Asymptomatic ခေါ် လက္ခဏာမပြသော လူနာများမှ ကူးစက်ပျံ့ပွားမှုထိန်းချုပ်ရေး စီမံခန့်ခွဲရန် လမ်းညွှန်ချက်များ ဖော်ပြထားသည်။ အဆိုပါလမ်းညွှန် ချက်၌ ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိကြောင်း တွေ့ရှိရသော်လည်း ချောင်းဆိုးခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း နှင့် အဆုတ်ရောင်ကဲ့သို့ ရောဂါလက္ခဏာပြသခြင်း မရှိသေးသူများအား စီမံခန့်ခွဲရန်အတွက် တရားဝင်လမ်းညွှန်ချက်များကို ဖော်ပြထားသည်။

တရုတ်နိုင်ငံအတွင်း ဖော်ပြလျှက်ရှိသည့် ကိန်းဂဏန်းများအရ ပြည်ပဝင်ရောက်လာသူများနှင့် ပြည်တွင်း၌ ရောဂါလက္ခဏာမပြသော လူနာများမှ နေ့စဉ်တိုးပွားလျှက်ရှိကြောင်း သိရှိရသည်။

ဗုဒ္ဓဟူးနေ့တွင် နိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိသော်လည်း ရောဂါလက္ခဏာမပြသူ ၅၆- ဦး တွေ့ရှိခဲ့ရာ ၂၈ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်သည်ဆို၏။ တရုတ်နိုင်ငံအတွင်း ထိုသို့ ရောဂါလက္ခဏာ မပြပဲ ဗိုင်းရပ်စ်ပိုးစွဲကပ်လျှက်ရှိသဖြင့် ဆေးဝါးကုသစောင့်ကြည့်မှုအောက် ထားရှိရသူ ၁,၁၀၄ အထိရရှိခဲ့သည်။ ၎င်းတို့အနက် ရောဂါလက္ခဏာပြခြင်းမရှိသော လူနာ ၅၆ ဦးမှာ အခြားလူနာ ၆၃-နှင့် တစ်နေ့တည်း မရှေးမနှောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ပိုးရှိသော်လည်း ရောဂါလက္ခဏာမပြသောလူနာများသည် အခြားသူများကိုကူးစက်စေနိုင်သည့် အန္တရာယ်ရှိကြောင်း၊ အချို့တွင် အကြိုရောဂါလက္ခဏာ ပြသသူများဖြစ်နိုင်ကြောင်း၊ နောက်ပိုင်းတွင် ရောဂါလက္ခဏာထင်ရှားလာပြီး ဖျားနာနိုင်ကြောင်း၊ ထိုအတွက် စစ်ဆေးစမ်းသပ်မှုနှင့် စောင့်ကြည့်ကြပ်မတ်မှု နယ်ပယ်ကို တိုးချဲရရန် လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။

((( South China Morning Post ., Apr 09, 2020, “Coronavirus: 68 per cent of cases confirmed in China in past eight days had no symptoms.” နှင့် “Symptom-free Covid-19 patients must be reported within two hours, China says “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.scmp.com/news/china/society/article/3079012/coronavirus-68-cent-cases-confirmed-china-past-eight-days-had-no

https://www.scmp.com/news/china/society/article/3079160/symptom-free-covid-19-patients-must-be-reported-within-two-hours

#ကိုရိုနာဗိုင်းရပ်စ်စွဲကပ်လျှက်ရှိသော်လည်းရောဂါလက္ခဏာမပြသူများနှင့်တရုတ်

0

Leave a Reply

Your email address will not be published.