တရုတ်နိုင်ငံ၏ လူဦးရေ နှစ်-၅၀ အတွင်း ပထမဆုံးအကြိမ် ကျဆင်းကြောင်း တွေ့ရှိ။ မြို့ပြနေစုံတွဲများနှင့် ၁၉၉၀ နောက်ပိုင်းမွေးဖွားလာသူများသည် လွတ်လပ်မှုနှင့် အသက်မွေးအလုပ်အကိုင်ကို အလေးထားခြင်း မြို့ကြီးများ၏ လူနေမှုစရိတ် ကြီးမြင့်ခြင်းမှာ လူဦးရေတိုးနှုန်းကို ဟန့်တားနေ၊ ဂျီဒီပီကျဆင်းမည်


တရုတ်နိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကြာမျှ သန်းခေါင်စာရင်းကောက်ယူမှုအပြီး နှစ်ပေါင်း ၅၀ အတွင်း၌ ပထမဆုံးအကြိမ် လူဦးရေကျဆင်းမှုကို အစီရင်ခံရန်အဆင်သင့်ဖြစ်နေကြောင်း Financial Times သတင်းစာက ဖော်ပြခဲ့သည်ဟု Reuters က ယနေ့ရေးသားသည်။

…   
ထိုသို့ လူဦးရေကျဆင်းမှုကို ရှောင်ရှားရန်အတွက် စုံတွဲများကို လက်ထပ်စေရန်နှင့် သားသမီး ပိုမိုယူကြရေးအဖြစ် တရုတ်အာဏာပိုင်များအနေဖြင့် မလွှဲမရှောင်သာ အစီအစဉ်များ ချမှတ်စေရန် ဖိအားပေးရာ ရောက်ရှိစေလိမ့်မည် ဖြစ်ကြောင်းသိရှိရသည်။

သို့သော် လွန်ခဲ့သည့်နှစ် ဧပြီလ စောစောပိုင်းတွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်း ရလဒ်များကို ထုတ်ပြန် ကြေညာရေးကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် Reuters ၏ တောင်းဆိုချက်ကို #တရုတ်_အမျိုးသား_စာရင်းအင်းဗျူရို (#NBS) က လောလောဆယ် တုန့်ပြန်ခြင်း မရှိပါ။

… 

လူဦးရေကိစ္စဆိုသည်မှာ အလွန်ထိရှလွယ်သည့် စာရင်းဇယားများဖြစ်ပြီး သန်းခေါင်စာရင်းပါ အချက်အလက်များနှင့်ပတ်သက်၍ အစိုးရ၏ သဘောတူညီမှု မရရှိမီ သတင်းထုတ်ပြန်လိမ့်မည် မဟုတ်ကြောင်း Financial Times က အင်္ဂါနေ့၌ ရေးသားသည်။

…  
ယခုကဲ့သို့ လူဦးရေကျဆင်းလျှက်ရှိကြောင်း တရုတ်အစိုးရက အတည်ပြုခဲ့လျှင် အလွန်ကြီးမားသည့် အလှည့်အပြောင်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း ရှန်ကျန်းအခြေစိုက် Pinpoint Asset Management မှ စီးပွားရေးပညာရှင်တစ်ဦးက ခန့်မှန်းပြောဆိုသည်။

…   
တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၇ ခုနှစ်တွင် အမြင့်ဆုံးအရေအတွက်သို့ ရောက်ရှိလာလိမ့်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်ဖြစ်ရာ ဈေးကွက်နှင့် မူဝါဒရေးရာ ချမှတ်သူများ မျှော်လင့်ထားသည့်ထက် များစွာစောနေသည်။

…   
အမျိုးသား စာရင်းအင်းဗျူရိုက လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားသော်လည်း တရုတ်အစိုးရကမူ သန်းခေါင်စာရင်း ရလဒ်ကို ကြေညာရန် နှောင့်နှေးမှုအတွက် တစ်စုံတစ်ရာ ရှင်းလင်းပြော ကြားခြင်း မရှိသေးပါ၊

…   
လာမည့်နှစ်အနည်းငယ်အတွင်း လူဦးရေကျဆင်းမှု စတင်လာနိုင်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက လော လောဆယ် ရေးသားလျှက်ရှိကြသည်။

…  
၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် #ကလေးတစ်ဦးပေါ်လစီကို ဖျက်သိမ်းခဲ့ပြီး ကလေးအရေအတွက်တိုး မြှင့်လာရန် မျှော်လင့်ချက်ဖြင့် #ကလေးနှစ်ယောက်ပေါ်လစီကို ဆယ်စုနှစ်တစ်စုကြာမျှ အစားထိုးခဲ့သည်။

…  
ထိုအချိန်တွင် ၂ ဝ၁၀-ခုနှစ်၌ ၁.၃၄ ဘီလီယံရှိနေသော လူဦးရေကို ၂၀၂၀-ခုနှစ်အရောက်တွင် လူဦးရေ ၁.၄၂ ဘီလီယံအထိ တိုးမြှင့်သွားရန်ရည်မှန်းခဲ့သည်။ သို့သော် သားသမီး မွေးဖွားနှုန်းမှာ ဆက်လက်ကျဆင်းနေသည်။

…  
မြို့ပြနေစုံတွဲများ အထူးသဖြင့် ၁၉၉၀ နောက်ပိုင်း မွေးဖွားလာသူများသည် သားသမီးယူရန် ဖိအားပေးမှုများ ရှိနေသော်လည်း မိသားစုအပေါ် ပြုစုပျိုးထောင်ခြင်းထက် ၎င်းတို့၏ လွတ်လပ်မှုနှင့် အသက်မွေးအလုပ်အကိုင်များကို အလေးထားကြသောကြောင့် ဖြစ်သည်။အထင်ကရ မြို့ကြီးများ၏ လူနေမှုစရိတ် ကြီးမြင့်ခြင်းမှာလည်း စုံတွဲများအား ဟန့်တားလျှက်ရှိသည်။

…  
ထိုအတွက် တရုတ်နိုင်ငံအနေဖြင့် မွေးဖွားမှုထိန်းချုပ်ရေးမူဝါဒကို လုံးဝလျှော့ချရန် လိုအပ်လိမ့်မည်ဖြစ်သည်။

…  
မွေးဖွားနှုန်း ကျဆင်းလာခြင်းနှင့် အသက်အရွယ်ကြီးရင့်သူ များပြားလာနေသော လူ့အဖွဲ့အစည်းသည် အလုပ်လုပ်ကိုင်သည့် အရွယ်ရောက်သူများကို ဖိအားပေးနိုင်ပြီး ကုန်ထုတ်စွမ်းအားကိုလည်း ထိခိုက်စေလိမ့်မည်။

…  
ယခု သန်းခေါင်စာရင်းမတိုင်မီ ကိန်းဂဏန်းများကို အသုံးပြု၍ ရေးဆွဲထားသော စီမံကိန်းများအရပင် ၂၀၃၀-ခုနှစ်အထိ နှစ်စဉ်လူဦးရေတိုးနှုန်း ဝ.၅ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ပြီး ဂျီဒီပီအပေါ်တွင်လည်း အလားတူ သက်ရောက်မှုများ ရှိနိုင်ကြောင်း ဖော်ပြလျှက်ရှိသည်ဟု Capital Economics က ဗုဒ္ဓဟူးနေ့တွင် ရေးသားခဲ့သည်။

…  
တိုးတက်မှု နှေးကွေးခြင်းမှာ အမေရိကန်၏ စီးပွားရေးကို အမီလိုက်ရန်အတွက် ပိုမိုခက်ခဲစေနိုင်ပြီး တရုတ်၏ နိုင်ငံတကာရပ်တည်မှုကိုလည်း လုံးလုံးလျားလျား သက်ရောက်မှုရှိနေမည်ဖြစ်သည်။

…   
တရုတ်နိုင်ငံတွင် အိုမင်းသူအရေအတွက်မှာ လျှင်မြန်စွာ မြင့်တက်နေချိန်တွင် အမေရိကန်၏ လူဦးရေ၌ အပြု သဘောဆောင်သည့် ပြောင်းလဲမှုများကို ပြသနေကြောင်း၊ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ အမေရိကန်လူဦးရေမှာ ၂၀၅၀ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းတိုးလာမည်ဖြစ်ပြီး၊ ထိုကာလအတွင်း တရုတ်နိုင်ငံ၌ လူဦးရေ ၂.၂ % ကျဆင်းနေမည်ဖြစ်ကြောင်း၊ 

တရုတ်အနေဖြင့် လူဦးရေအချိုးအစားတွင် ပြောင်းလဲလျှက်ရှိသည်ကို အသိအမှတ်ပြုရတော့မည်ဖြစ်ကြောင်း၊ လူဦးရေကျဆင်းမှုကို ပညာရေးနှင့် နည်းပညာဆိုင်ရာအစီအစဉ်များဖြင့် အစား မထိုးနိုင်ကြောင်း နားလည်လက်ခံရလိမ့်မည်ဟု #တရုတ်ဗဟိုဘဏ်၏ မတ်လတွင် ထုတ်ပြန်သော အလုပ်အကိုင်ဆိုင်ရာ စာတမ်းတစ်စောင်၌ ဖော်ပြထားသည်။

(( ယနေ့ခေတ်အခါသမယကို #Information_Technology_Era #IT ခေတ်ဟု ဆိုကြပါသည်။ ၎င်းမှာ သတင်းတု ဓါတ်ပုံလိမ်များဖြင့် ချောက်ဖောင်းထု Psywar ထည့်သည်ကို ဆိုလိုခြင်း မဟုတ်ပါ။

ပုဂ္ဂလိက သို့မဟုတ် ဖျော်ဖြေရေးနည်းပညာများနှင့်ဆန့်ကျင်လျှက် သတင်းအချက်အလက်မှန်များကို ရယူသိုလှောင်-ပြန်လည်ထုတ်ယူ၍ စီမံခန့်ခွဲသည့် ကွန်ပျူတာအသုံးပြုနည်းပညာအစိတ်အပိုင်းခေတ်ဟု ဆိုလိုပါသည်။
သို့သော်လည်း လုပ်စားတတ်လျှင်ဖြင့် ငွေခဲကြီးပင်ဖြစ်တော့သည်။ ။သတင်းဘာသာပြန်သူ))

(((Reuters., April 28th, 2021,” China to report 1st population drop in 5 decades.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#တရုတ်၏လူဦးရေ_နှစ်-၅၀အတွင်း_ပထမဆုံးအကြိမ် ကျဆင်း

https://www.dhakatribune.com/world/east-asia/2021/04/28/china-to-report-1st-population-drop-in-5-decades 

Leave a Reply

Your email address will not be published.