ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အခြားဗဟိုအာရှဒေသအတွင်း
မည်သည့်ထူးခြားချက်သတင်းမျှ မရရှိသော်လည်း အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ တာဂျစ်ကစ္စတန်နိုင်ငံ၌
မွတ်စလင်များအနေဖြင့် လာမည့်သောကြာနေ့မှ စတင်၍ မိမိတို့နေအိမ်များ၌သာ ဝတ်ပြုကြရန် အစိုးရက
အမိန့်ထုတ်ပြန်လိုက်သည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 က ယနေ့ရေးသားသည်။
တာဂျစ်ကစ္စတန် နိုင်ငံတော်ကောင်စီ ဘာသာရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်က ၎င်း၏
Facebook အကောင့်မှ အမိန့်ထုတ်ပြန်ကြောင်း လွှင့်တင်ထားသော်လည်း ယခုကဲ့သို့ ကျယ်ပြန့်စွာတားဆီးရသည့်
အကြောင်းရင်း အသေးစိတ်ကို ဖော်ပြခြင်းမရှိချေ။ သို့သော် ယခုကဲ့သို့ တားဆီးရန် ဘာသာရေးဆိုင်ရာ
တရားဟောဆရာများနှင့် ဆွေးနွေးအပြီး တောင်းဆိုချက်အရဖြစ်နိုင်သည်ဆို၏။
တရုတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အကြား တည်ရှိပြီး၊ လူဦးရေ ၉-သန်းသာရှိသော နိုင်ငံငယ်လေးသည်
၎င်းအိမ်နီးချင်း ၂-နိုင်ငံစလုံးနှင့် နယ်စပ်အသွားအလာအလာများကို ပိတ်ဆို့ထားပြီး၊ တောင်ကိုရီးယား-
အီရန်-အီတလီတို့မှ ခရီးသွားများကိုလည်း ငြင်းပယ်လျှက်ရှိသည်။
ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိကြောင်း အတည်ပြုခံရသူများမှာ
တောင်ကိုရီးယားတွင် စုစုပေါင်း ၅,၃၂၈-ဦး၊ အီတလီ- ၂,၅၀၂-ဦး၊ အီရန် ၂,၃၃၆-ဦး အသီးသီးရှိခဲ့ရာ
တရုတ်နိုင်ငံပြင်ပ၌ ဗိုင်းရပ်စ် ကူးစက်နှုန်းမှာ နေ့စဉ် ၉ ဆ မြင့်တက်နေကြောင်း WHO
ပြောဆိုသည်။
အီရန်နိုင်ငံတွင် ကူးစက်ခံရသူ ၈၃၅-ဦး ထပ်မံတွေ့ရှိပြီး ၁၁- ဦးသေဆုံးသဖြင့် စုစုပေါင်း
၇၇-ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
ဥရောပအချက်အချာ အီတလီတွင် သေဆုံးသူ ၇၉-ဦးရှိသဖြင့် အီရန်၏ တရားဝင်သတင်းထုတ်ပြန်သည်ထက်
ပိုမိုနေသည်။
SARS coronavirus 2 သို့မဟုတ် SARS-CoV-2 ခေါ် ဆားစ်ရောဂါနှင့် အလွန်နီးစပ်ဆက်နွယ်သည့်
ဗိုင်းရပ်စ် ကူးစက်ခံရသူများတွင် ပြင်းထန်အသက်ရှူလမ်းကြောင်းရောင် ရောဂါ COVID-19 ဖြင့်
သေဆုံးနိုင်ချေမှာ တရုတ်အား စံထား၍ ၃ ရာခိုင်နှုန်းခန့်ဟု WHO က မှတ်ယူသည်။
သို့သော် ယခုတရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကြောင့် လူသေဆုံးနှုန်းမှာ ၄.၄ ရာနှုန်းနှင့်
အချို့တွင် အဆများစွာကျော်လွန်လျှက်ရှိသည်။
ကမ္ဘာတစ်ဝှမ်းနိုင်ငံပေါင်း ၇၀ အထိ ပျံ့နှံ့လျှက် ရောဂါကူးစက်ခံရသူ ၈၉,၀၀၀ ကျော်နှင့်
လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း TRT World meters က ယနေ့ဖော်ပြသည်။
(( bdnews24., 04 Mar 2020, “Tajikistan asks Muslims to pray at home because of
coronavirus “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။
ဆက်စပ်အကြောင်း အရာများကို ပေးထားပါ Links များမှ ရယူကြောင်း ဝန်ခံပါသည်။ ))
#ကိုရိုနာဗိုင်းရပ်စ်တာဂျစ်ကစ္စတန်အီတလီ
https://bdnews24.com/world/south-east-asia/2020/03/04/tajikistan-asks-muslims-to-pray-at-home-because-of-coronavirus
http://www.taipeitimes.com/News/world/archives/2020/03/04/2003732052
https://www.aljazeera.com/news/2020/03/coronavirus-deaths-china-cases-slow-live-updates-200303003539680.html
https://www.worldometers.info/coronavirus/
https://www.theguardian.com/world/2020/feb/17/coronavirus-causes-mild-disease-in-four-in-five-patients-says-who
https://www.worldometers.info/coronavirus/

တာဂျစ်ကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သောကြာနေ့မှစတင်၍ နေအိမ်၌သာ ဝတ်ပြုကြရန် အမိန့်ထုတ်။ အီတလီသည် တရုတ်ပြင်ပတွင် သေဆုံးသူအများဆုံးဖြစ်လာ။ တရုတ်ပြင်ပ ဗိုင်းရပ်စ်ကူးစက်နှုန်းမှာ နေ့စဉ် ၉ ဆ မြင့်တက်နေဟု WHO ပြောဆို
0