တူရကီစစ်ရေးကျူးကျော်မှုမှ နိုင်ငံ့အချုပ်အချာအာဏာပိုင်နယ်မြေကို ကာကွယ်ရန် ဆီးရီးယားတပ်မတော် မြောက်ပိုင်းသို့ချီတက်။ ဆုတ်ခွာလာသော အမေရိကန်တပ်များနှင့် လမ်းခုလတ်၌ မမျှော်လင့်ပဲ တွေ့ဆုံ

ဆီးရီးယား အာရပ်တပ်မတော်သည် တူရကီဦးဆောင်သော ဆီးရီးယားသူပုန်များ စစ်ရေးကျူးကျော်လျှက်ရှိရာ နိုင်ငံ့မြောက်ပိုင်းသို့ တစ်ဟုန်ထိုးချီတက်လျှက်ရှိစဉ် ကာ့ဒ်တို့ထိန်းချုပ်ထားရာ ခိုဘာနီမြို့မှ ဆုတ်ခွာလာသော အမေရိကန်တပ်များနှင့် လမ်းခုလတ်၌ မမျှော်လင့်ပဲ မျက်နှာချင်းဆိုင် ဆုံမိကြသည်ကို တွေ့မြင်ရသည်ဟု Russia Today က ယနေ့ရေးသားသည်။ 


သံချပ်ကာယာဉ်အများအပြားဖြင့် ဆုတ်ခွာလာသော အမေရိကန်စစ်ဖက်ကားတန်းရှည်နှင့် အုပ်စုခွဲလျှက် ရရာအရပ်ဖက်မော်တော်ယာဉ်များဖြင့် အပြင်းချီတက်လာသည့် ဆီးရီးယားအစိုးရတပ်များကို ရုရှားသတင်းဋ္ဌာန၏ လျှပ်တစ်ပြက် ရိုက်ကူးခဲ့သော ရုပ်သံ၌ဖော်ပြထားသည်။ 


ရည်မှန်းချက်မတူညီသော စစ်တပ်နှစ်ခုတို့သည် တစ်ဖက်နှင့်တစ်ဖက် နှုတ်ဆက်အသိအမှတ်ပြုခြင်းမရှိပဲ တိတ်ဆိတ်စွာပင် အလျှင်အမြန်ဖြတ်သန်းသွားကြပုံရသည်။ 

  
လွန်ခဲ့သည့် တနင်္လာနေ့ ဒေါ်နယ်ထရမ့်အမိန့်အရ အမေရိကန်တပ်များက  ၎င်းနယ်မြေမှ ဆုတ်ခွာနေခြင်းဖြစ်သည်။ အဆိုပါဆုတ်ခွာမှုသည် ဆီးရီးယားမြောက်ပိုင်းကာ့ဒ်လက်နက်ကိုင်များဆန့်ကျင်ရေး တူရကီ၏ စစ်ရေးကျူးကျော်မှုကို အရှိန်အဟုန်ကောင်းလာစေရန် ထောက်ကူပေးသလို ဖြစ်ခဲ့ရသည်။ တစ်ချိန်က အစ္စလာမစ်စတိတ် ( IS, ယခင် ISIS ) တို့အား မြေပြင်တိုက်ခိုက်ချေမှုန်းရန်အကြောင်းပြချက်ဖြင့် အမေရိကန်က မာ့ခ်လီနင်ဝါဒီကာ့ဒ်တို့ကို အသုံးချခဲ့သည်။ အမေရိကန်လေ့ကျင့်လက်နက်တပ်ဆင်ပေးခဲ့သော ကာ့ဒ်အများဆုံးပါဝင်သည့် “ ဆီးရီးယားဒီမိုကရက်တစ်တပ် “ တို့ ထိန်းချုပ်ထားရာ နိုင်ငံ့မြောက်ပိုင်းသည် ဆီးရီးယားနိုင်ငံတစ်ခုလုံး၏ သုံးပုံတစ်ပုံခန့် အကျယ်အဝန်းရှိသည်။ 

  
တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှ ခွဲထွက်ရန် ဆယ်စုနှစ်ပေါင်းများစွာ ပုန်ကန်လျှက်ရှိသော တူရကီကာ့ဒ်တို့၏ “ ကာဒစ်စတန် ပြည်သူ့အလုပ်သမားပါတီ “ PKK တို့အား ဆီးရီးယားမြောက်ပိုင်း ဆီးရီးယန်းကာ့ဒ် YPG တို့က ပူးပေါင်းကူညီလျှက်ရှိသည်ဟု သမ္မတအာဒိုဂန်က စွပ်စွဲကာ “ အကြမ်းဖက်အုပ်စု “ များသာလျှင်ဖြစ်သည်ဟု သတ်မှတ်ထားသည်။ တူရကီတောင်ဘက်နယ်စပ် ဆီးရီးယားနယ်မြေအတွင်း မိုင် ၂၀ ခန့်ရှည်လျှားသော “ Safe Zone “ တည်ဆောက်ရန်မှာ ၎င်းနိုင်ငံအတွင်းရောက်ရှိနေသော ဆီးရီးယားစစ်ဘေးရှောင် ၃.၉ သန်းတို့ ဌာနေပြန်ရန် အစီအစဉ်နှင့် တူရကီက ချိတ်ဆက်ထားသည်။ 



အိုငအွကဈွအကှမွးဖကအွုပစွုတို့ အခိုငအွမာခှကေုတယွူခဲ့ဖူးသော အရှေ့မှောကပွိုငွး မဟာဗှူဟာမှောကွ ကှမမွဈရွှလီ၊ ခိုဘာနီနှငွ့ မနဘွဈမှို့ ၃-မှို့ကို သိမွးယူရနွ ခှီတကလွှှကရွှိကှောငွး ကာ့ဒတွို့နှငွ့ သဘောတူညီ မှုရရှိခဲ့ပုံရသော ဆီးရီးယားတပမွတောကွ ကှညောသညွ။ ကှမမွဈရွှလီမှို့တှငွးသို့ဝငရွောကလွာသော ဆီးရီးယားအာရပတွပမွတောအွား ကာ့ဒဒွသခေံပှညသွူတို့ ဝမွးသာအားရ ကှိုဆိုနှုတဆွကနွပေုံကို သတငွးရုပသွံမှား၌ တှေ့မှငရွသညွ။ 


“ အကြမ်းဖက်သမားဘက်ကနေမလား ကျုပ်တို့ဘက်က နေမလား “ ဟု တူရကီသမ္မတအာဒိုဂန်က ကြုံးဝါးလျှက်ရှိစဉ် ပြင်သစ်- ဂျာမနီတို့က တူရကီအား လက်နက်ရောင်းချခြင်းမှ ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။ ကာ့ဒ်တို့အား ပစ်ထားပြီး ဆီးရီးယားမှ တပ်ဖွဲ့ဝင်များရုတ်သိမ်းရသည်ကို ဆင်ခြေပေးလျှက်ရှိသော သမ္မတဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂမဟာမိတ် နေတိုးစစ်စာချုပ်အဖွဲ့ဝင် တူရကီအပေါ် ကျန်အဖွဲ့ဝင် နိုင်ငံအားလုံးတို့က ဒါဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် အရေးယူကြရန် ဖိအားပေးလျှက်ရှိသည်။ 

  
ဆီးရီးယား ခိုဘာနီမြို့ သိမ်းယူရန် တူရကီနှင့်လုံခြုံရေးဆိုင်ရာ ဆွေးနွေးသည်ဆိုခြင်းကို တနင်္လာနေ့တွင် ရှရှားက ပယ်ချလိုက်ပြီး ထိုသို့ဆွေးနွေးခဲ့ဖူးကြောင်း သတင်းထွက်ပေါ်ခြင်းကို ထင်မြင်ချက်ပေးရန် ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ငြင်းဆိုသည်။

  
ယခုအခါ ဆောဒြီအာရေးဗီးယား၌ ခစွကြှညရြေးအလညအြပတရြောကရြှိနသေော ရုရှားသမျမတ ဗလာဒီမာပူတငကြ ဆီးရီးယားတှငြ မညသြညြ့ ပှညပြစဈတပမြွှ တပစြှဲထားသညကြို မလိုလားကှောငြးနှငြ့ ဆီးရီးယားရှိ ၎င်းငျးငြးတို့ ရုရှားလတပေအြခှစေိုကစြခနြးကိုလညြး အခွိနတြဈခွိနတြှငြ ပှနလြညရြုတသြိမြးရနြ ဆုံးဖှတထြားကှောငြး သတငြးထောကမြွားအမေးကို ဖှကှေားသညြ။ 

  
(( ဆီးရီးယန်းကာ့ဒ်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ဖက်သပ်ထူထောင်သော ဆီးရီးယားနိုင်ငံသားများဖြစ်သည်။ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန် ( လွတ်လပ်သောဆီးရီးယားတပ် FSA ) ဆိုသည်မှာ တူနီရှားနှင့် ဆော်ဒီနိုင်ငံသားအများဆုံးပါဝင်သော ဒေသတွင်းနှင့် ပြည်တွင်းနေအချို့ဖြစ်သည်။ 

  
ဆီးရီးယန်းကာ့ဒ်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသအဖြစ် သီးခြားနေရန်ရည်ရွယ်ခဲ့သော်လည်း တူရကီကဲ့သို့ ဥရောပအင်အားကြီးစစ်တပ်နှင့် သူပုန်များ ထိုးဖောက်ဝင်ရောက်လာခြင်းကို ခုခံကာကွယ်ရန် အင်အား မလုံလောက်ချေ။ တူရကီက တကယ်တမ်း ဘီလူးထွက် နဂါးထွက် ထွက်လာသောအခါ အမေရိကန်ကလည်း သူ့စစ်သားများ သွေးမြေအကျခံ၍ ကာ့ဒ်တို့အား အကာအကွယ်မပေးတော့ချေ။ အကြောင်းအမျိုးမျိုး ဆင်ခြပေးကာ ဖုတ်ဖက်ခါ ထွက်သွားနေပြီဖြစ်သည်။ ယနေ့ ကမ္ဘာတွင် ဆီးရီးယားစစ်တပ်နှင့် အစိုးရလောက် ICC, စစ် ရာဇဝတ်မှု၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ စွပ်စွဲခံရသော နိုင်ငံ မရှိသေးချေ။ 


ထိုအခါ အချုပ်အချာ အာဏာပိုင်နယ်မြေအား ဂုဏ်သိက္ခာနှင့်ရင်းလျှက် ကာကွယ်ရန်မှာ ဆီးရီးယားအစိုးရနှင့် တပ်မတော်အပေါ် အလိုလျှောက် ကျရောက်သွားသည်။ လွန်ခဲ့သော ၈-နှစ် အာရပ်နွေဦး ဆီးရီးယားသို့ ကူးစက်လာစဉ် ဆယ်စုနှစ်ချီ အာဏာချုပ်ကိုင်ခဲ့သည့် ဘက်ရှာအာဆတ်၏ အယ်လာဝိုက်လူနည်းစု ဆိုရှယ်လစ် အစိုးရနှုတ်ထွက်ပေးရန် ဆီးရီးယားပြည်တွင်း အုံကြွမှုဖြစ်ပေါ်သည်။ ဆီးရီးယားအစိုးရက လက်နက်မဲ့ပြည်သူတို့အား သေနတ်ဖြင့် ပစ်ခတ်မိခြင်း အမှားကို နင်းကာ ဒေသတွင်းဆွန်နီနိုင်ငံများက ဆီးရီးယားသူပုန်တို့အား လက်နက် လူအင်အားဖြည့်တင်ပေးခြင်းဖြင့် ပြင်းထန်သော ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရသည်။ 


ဆီးရီးယားသည် ကမ္ဘာ့အရှေ့-အနောက် ပေါင်းဆုံရာတွင် တည်ရှိပြီး မြေထဲပင်လယ်အရှေ့ဖက်ကမ်းရိုးတန်းကို မေးတင်လျှက် ပထဝီနိုင်ငံရေးအရ အလွန်အရေးပါသော ဒေသဖြစ်သည်။ လူ့သမိုင်းအစပိုင်းကတည်းက ယဉ်ကျေးသူများ နေထိုင်ခဲ့သည်။ ရောမ၊ ဂရိ၊ တူရကီ၊ ပါရှားတို့၏ စစ်လမ်းကြောင်းပေါ်၌ တည်ရှိသဖြင့် အစ္စလာမ်၊ ခရစ်ယာန်နှင့် အလွန်ရှေးကျလှသော ကိုးကွယ်ရာဘာသာများ ထွန်းကားသည်။ 

  
ယခုအခါ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူ သိန်းချီ အသက်ဆုံးရှုံးခဲ့ရပြီး လူသန်းပေါင်းများစွာ စစ်ပြေးဒုက္ခသည်ဘ၀ သက်ဆင်းခဲ့ရသည်။ ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံများအပါအဝင် ဒေသတွင်းမှ လက်နက်ကိုင်အဖွဲ့အစည်း ၃၅ဖွဲ့ထက်မနည်းတို့က ဆီးရီးယားတွင် “ ကိုယ်စားပြုစစ်” proxy war ဆင်နွှဲလျှက်ရှိရာ ယူနက်စကိုအသိအမှတ်ပြု နှစ်ပေါင်းထောင်ချီသက်တမ်းရှိ ကမ္ဘာ့သမိုင်းဝင်အမွေအနှစ် အဆောက်အအုံတို့လည်း မြေမှုန်ဖြစ်ရတော့သည်။    ။ သတင်းဘာသာပြန်သူ )) 


((( အောက်တိုဘာ – ၁၅၊ ၂၀၁၉ Russia Today., 14 Oct, 2019,” One out, another one in: Retreating US military meets advancing Syrian Army (VIDEO).” ကို #HtayOung, #OungMarine ဆီလျှော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))


https://www.rt.com/news/470937-syrian-us-troops-kobane-road/ 
https://www.rt.com/news/470874-syrian-army-deployed-northeast/ 
https://www.rt.com/news/470940-syrian-troops-manbij-kurds/
https://www.rt.com/news/470900-erdogan-blasts-nato-syria/ 
https://www.rt.com/news/470899-trump-turkey-nato-war/ 

1+

Leave a Reply

Your email address will not be published.