တူရကီပါလီမန်တွင် ဆီးရီးယားစစ်ပွဲကိစ္စနှင့် လွှတ်တော်အမတ်အချင်းချင်း လက်သီးချင်း ယှဉ်ပြိုင်တင်သွင်းခြင်းဖြင့် အပြန်အလှန်ဆွေးနွေး

တူရကီနိုင်ငံ အန်ကာရာမြို့တော် ပါလီမန်တွင် အတိုက်အခံ ( CHP ) ပါတီ ဒုတိယဥက္ကဋ္ဌ အင်ဂင်အော့စကော့ က ဆီးရီးယားစစ်ပွဲ ကိစ္စနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားနေခိုက် အာဏာရ AKP ပါတီဝင် လွှတ်တေ်အမတ် များနှင့် CHP အမတ် များ အုပ်စုဖွဲ့ထိုးကြိတ်ကြသည့် သတင်းမှတ်တမ်း ထွက်ပေါ်လာခဲ့သည်ဟု Russia Today သတင်းမီဒီ ယာ ကွန်ရက်၏ ဂျာမနီအခြေစိုက် Ruptly က ယနေ့ရေးသားသည်။

နှစ်ဖက်စလုံး၌ အမတ်အတော်များများမှာ တစ်ဖက်သား၏ မျက်နှာကိုကြည့်၍ ဒေါသတကြီး အော်ဟစ်နေပုံ၊ တွန်းထိုးလုံးထွေးနေကြပုံကို ရုပ်သံ၌ တွေ့မြင်ကြရသည်။ အချို့မှာ တစ်ယောက်နှင့်တစ်ယောက် ထိုးကြိတ်တိုက် ခိုက်နေပြီး ရန်ပွဲရပ်စဲရန် ကြားဝင်ဖြန်ဖြေကြသူများလည်း ရှိနေသည်။   

လွန်ခဲ့သည့်ရက်သတ္တပတ် ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒဲ့လ်ဗ်ဒေသတွင် ကျဆုံးခဲ့သော တူရကီတပ်မ တော်သားတို့အား သမ္မတတေရစ်အာဒိုဂန်က လေးစားမှုမရှိကြောင်း အတိုက်အခံ ( CHP ) ပါတီ ဒုတိယဥက္ကဋ္ဌ အင်ဂင်အော့စကော့က စွပ်စွဲပြောကြားရာမှ ယခုရန်ပွဲ စတင်ခဲ့ကြောင်း သတင်းရရှိသည်။

တူရကီသမ္မတအာဒိုဂန်ကိုယ်တိုင်ကလည်း ဆီးရီးယားတွင် တူရကီ၏စစ်ရေးဆောင်ရွက်လျှက်ရှိပုံကို မေးခွန်း ထုတ်သော အတိုက်အခံတို့အား အရှက်ခွဲ၊ ညံ့ဖျင်း၊ နိမ့်ကျသည့်  စဆရက များသာဖြစ်ကြောင်း ရည်ညွှန်း ပြောဆိုခဲ့သည်။

 ((( Ruptly., Mar 5, 2020, “Turkey: Fists fly as lawmakers brawl inside Turkish parliament.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/482349-syria-intercepts-hostile-targets/

#ဆီးရီးယားစစ်ဆင်ရေးနှင့်တူရကီပါလီမန်အမတ်များလက်သီးချင်းထိုးကြ

0

Leave a Reply

Your email address will not be published.