တရုတ်ကျူးကျော်မှုကို ဆန့်ကျင်ရန် ထိုင်ဝမ်ပြောက်ကျားများအား လေ့ကျင့်ပေးသင့်ဟု ပင်တဂွန်အထူးတပ်ဖွဲ့ဝင်အဖြစ် အမည်စာရင်း ပေးထားသူများက ပြောဆို။ ထိုင်ဝမ်ကိစ္စသည် တရုတ်ပြည်တွင်းရေးသာဖြစ်ပြီး အမေရိကန်နှင့်တောင်ကိုရီးယားတို့ မီးနှင့် ကစားနေဟု တရုတ်ဒေါသတကြီး အပြစ်တင်


တရုတ်တို့၏ ကျူးကျော်မှုကို အဓိကအားဖြင့် တားဆီးရန်နှင့် ပတ်သက်၍ အမေရိကန်ကွန်မန်ဒိုများအား တပ်ချထားပြီး လေ့ကျင့်ပေးရေးကို တာဝန်ရှိသူများအနေဖြင့် အလေးအနက် စဉ်းစားသင့်ကြောင်း ပင်လယ်ရပ်ခြား တိုက်ခိုက်ရေးအဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ထံ အမည်စာရင်း ပေးသွင်းထားသူများက တိုက်တွန်းလိုက်သည်ဟု Russia Today က ယနေ့ ရေးသားသည်။

…  
ပေကျင်း၏ ကျူးကျော်မှု တားဆီးရေးနှင့် ပတ်သက်၍ သမားရိုးကျမဟုတ် စစ်ရေးနှင့် ကမ်းတက်တိုက်ခိုက်ရေးအတွက် ထိုင်ဝမ်တပ်ဖွဲ့များအား သင်ကြားညွှန်ပြပေးရန် အထူးတပ်ဖွဲ့များကို စေလွှတ်ပေးသင့်ကြောင်း  ပြည်မကြီး တရုတ်တို့ မထင်မှတ်သော နေရာတွင် စစ်အင်အားတည်ဆောက်ထားပြီး၊ ကမ်းတက်စစ်ဆင်ရေး ဆင်နွှဲသည့်အခါ ၎င်းတို့၏ နောက်ကွယ်တွင် ခုခံမည့် ကွန်ယက်များ ဖွဲ့စည်းထားသင့်ကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာ အထူးနှင့် သာမာန်ပဋိပက္ခများဆိုင်ရာ လက်ထောက်အတွင်းရေးမှူးဖြစ်သူ ခရစ်စတိုဖာမိုင်ယာက ကွန်ဂရက်အမတ်များအား ယခုရက်သတ္တပတ်၌ ပြောဆိုခြင်းခြင်း ဖြစ်သည်ဆို၏။

…    
ဂျိုးဘိုင်ဒင်အနေဖြင့် ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ထိုင်ဝမ်နှင့်တိုက်ရိုက်ဆက်ဆံရေးခိုင်မာမှုကို ဆက်လက်တည်ဆောက်နေစဉ် ထိုင်ဝမ်အား ပုန်ကန်နေသည့် တိုင်းပြည်အဖြစ် ယူဆထားသည့် တရုတ်ပြည်မကြီးကလည်း အဆိုပါမူဝါဒကို အကြိမ်ကြိမ် ရှုတ်ချခဲ့သည်။

…   
တနင်္လာနေ့သတင်းစာရှင်းလင်းပွဲတွင် ထိုင်ဝမ်၏ တည်ငြိမ်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုပြီးနောက်၊ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး ပြည်ပစွက်ဖက်မှုကို လက်မခံနိုင်ကြောင်း၊ အမေရိကန်နှင့် တောင်ကိုရီးယားအာဏာပိုင်တို့သည် မီးနှင့် ကစားနေကြောင်း ဒေါသတကြီး အပြစ်တင်ခဲ့သည်။


ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အစိတ်အပိုင်းတစ်ခုအဖြစ် တရုတ်က ယူဆထားသော်လည်း ၁၉၄၉ ခုနှစ် တရုတ် ပြည်တွင်းစစ်တွင် ကွန်မြူနစ်များအား အရေးနိမ့်ခဲ့သော ကူမင်တန် အမျိုးသားရေးပါတီမှ လက်ကျန်များက ထိုင်ဝမ်ကျွန်းကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည်။

 သေးငယ်သော ကျွန်းကလေးကိုလည်း“ တရုတ်သမ္မတနိုင်ငံ” ဟု ဒေသန္တရအာဏာပိုင်တို့က ဆက်လက်ခေါ်ဝေါ်နေကြသည်။

#ပင်တဂွန်အထူးတပ်ဖွဲ့ဝင်များ #တရုတ်ကျူးကျော်မှုကိုဆန့်ကျင်ရန် #ထိုင်ဝမ်ပြောက်ကျားများ

(((RT., 29 May, 2021,” Pentagon Special Forces nominee says US should ‘strongly consider’ training Taiwanese guerillas against ‘Chinese invasion’.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်သာသာပြန်ဆိုသည်။))


‘https://www.rt.com/usa/525135-pentagon-nominee-taiwan-guerillas/ 

+1

Leave a Reply

Your email address will not be published.