တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြင့် နေ့စဉ်သေဆုံးသူ ၇၃- ဦးအထိ စိုးရိမ်ဖွယ်ဆက်လက်မြင့်တက်၊ နေ့စဉ်ကူးစက်ခံရသူ ၃,၆၉၄ ဦးသို့ ကျဆင်း။ ကုသပျောက်ကင်းသူ ၁,၁၄၁-ဦးရှိလာ

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် စုစုပေါင်းသေဆုံးရသူအရေအတွက်မှာ ၅၆၅-ဦးသို့ ခုန်တက်လာကြောင်း၊ တရုတ်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုနိုင် နေ့စဉ်ကူးစက်ခံရသူဦးရေမှာမူ ယခင် ၃,၈၈၇-ဦးရှိရာမှ ယခု ၃,၆၉၄-ဦးသို့ ကျဆင်းသွားသည်ဟု South China Morning Post က ယနေ့ရေးသားသည်။

ယနေ့နံနက် တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးဦးရေမှာ ၇၃-ဦးအထိ စိုးရိမ်ဖွယ်ဆက်လက်မြင့်တက်လာခြင်းဖြစ်သည်။ သို့သော် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း နေ့စဉ်အသစ်ထပ်မံတွေ့ရှိသူအရေအတွက်မှာ အများဆုံးကူးစက်ပြန့်နှံ့လျှက်ရှိရာ ဟူဘေးပြည်နယ်နှင့်တကွ ကျန်တရုတ်နိုင်ငံအဝှမ်း ကျဆင်းသွားသည်ကို တွေ့ရှိရသည်။


ကိုရိုနာဗိုင်းရပ်စ်ဖြင့်းကူးစက်သေဆုံမှု့ကြောင့် ကမ္ဘာအဝှမ်းစိုးရိမ်လျှက်ရှိစဉ် အာရှရေပြင်၌ ခရီးသည်တင်ရေယာဉ် ၂-စီးမှ လူပေါင်း ၆,၀၀၀ ကျော်ကို ၁၄-ရက်ကြာ Quarantine “ကွာရန်တင်း” ရောဂါခြေချုပ်ချထားလိုက်ရကြောင်း CNN က ယနေ့ရေးသားသည်။


ဟောင်ကောင် ကိုင်တက်ဆိပ်ကမ်းတွင် ရပ်နားထားသည့် World Dream အမည်ရှိ အခြားခရီးသည်တင်သင်္ဘောတွင် ခရီးသည် ၁,၈၀၀-ဦးကျော်နှင့် ရေယာဉ်အမှု့ထမ်း ၁,၈၀၀-ဦးကျော် လိုက်ပါသည်။ အဆိုပါသင်္ဘောပေါ်ရှိ တရုတ်လူမျိုးခရီးသည် ၃-ဦးမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရပြီး အခြားရေယာဉ်ဝန်ထမ်း ၃၀ မှာ သာမာန်အဖျားရောဂါနှင့် တုတ်ကွေးဖျားနာကြောင်း အတည်ပြုနိုင်ခဲ့သည်ဆို၏။ ထိုအတွက် ထိုင်ဝမ်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည့်ခရီးစဉ်ကို ဖျက်သိမ်းကာ ဟောင်ကောင်ဆိပ်ကမ်း၌ ကွာရန်တင်းရခြင်းဖြစ်ကြောင်း Cruise Critic က ယနေ့ဖော်ပြသည်ကိုတွေ့ရှိရသည်။

ယခုသတင်းများအရ တရုတ်နိုင်ငံပြင်ပတွင် လူမှ လူအချင်းချင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း ထင်ရှားလာချိန်တွင် မိမိတို့ရေယာဉ်များ၌ လိုက်ပါသည့် ခရီးသည်နှင့် ရေယာဉ်ဝန်ထမ်းများအားလုံးတို့၏ ကျန်းမာရေးကို အထူးတလည် အလေးထားစောင့်ရှောက်လျှက်ရှိကြောင်း ခရီးသည်တင်ရေယာဉ်များအဖွဲ့က သတင်းထုတ်ပြန်သည်။

((( South China Morning Post., 6 Feb, 2020,” Coronavirus death toll jumps to 565 as China confirms thousands of new cases.” နှင့် CNN, Two cruise ships quarantined in Asia amid coronavirus outbreak, stranding more than 6,000.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ခရီးးသည်တင်သင်္ဘော #ကွာရန်တင်း

0

One Reply to “တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြင့် နေ့စဉ်သေဆုံးသူ ၇၃- ဦးအထိ စိုးရိမ်ဖွယ်ဆက်လက်မြင့်တက်၊ နေ့စဉ်ကူးစက်ခံရသူ ၃,၆၉၄ ဦးသို့ ကျဆင်း။ ကုသပျောက်ကင်းသူ ၁,၁၄၁-ဦးရှိလာ”

  1. သိပ္ပံပညာရှင်တွေက WHO အနေနဲ့ နိုင်ငံတကာ ကူးစက်ပြန့်နှံ့သည့် ကပ်ရောဂါသစ်အဖြစ် ကြေညာစေလိုပါတယ်။ WHO က တရုတ်အစိုးရအနေနဲ့ သူ့နိုင်ငံပြင်ပကို ဗိုင်းရပ်စ် ပြန့်လွင့်မသွားအောင်၊ ပြည်တွင်းမှာလဲ တစ်နေရာက တစ်နေရာရောဂါ မကူးစက်ရအောင် ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ( ဆိုလိုတာ ကြေညာတဲ့အထိ မလိုအပ်ဖူး )
    ယခင်က ကိုရိုနာဗိုင်းရပ်စ်ပြင်းထန်မှုနဲ့ ကူးစက်လွယ်မှုအပေါ် လျှော့တွက်မိခဲ့တယ်လို့ WHO က ၀န်ခံခဲ့ရဖူးတယ်။ ကျွန်တော်တစ်ဦးတည်းအမြင်မှာတော့ ဒီတစ်ကြိမ် WHO အမြင်က မှန်ကန်ပြီး တရုတ်အစိုးရဟာ သူ့နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်သေဆုံးနေကြရတာကို ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
    တရုတ်ပြည်ဟာ အလွန်ကျယ်၀န်းပြီး လူဦးရေအလွန်များပေမဲ့ သူတို့အစိုးရဟာ နေရာမလပ် ဇိကုတ်ထားသလို အုပ်ချုပ်နိုင်စွမ်းရှိတာကို သံသယမရှိပါ။ လိုအပ်ထုတ်ကုန်ပစ္စည်းများကို နေ့ချင်း ညချင်း အရယူနိုင်ပါတယ်။ လောလောဆယ် အခက်အခဲက လူနာကုတင်လိုအပ်တာဖြစ်ပြီး လက်ပူတိုက်ဖြေရှင်းနေပါတယ်။ ရောဂါကာ ကွယ်ရေး၀တ်စုံများကို အမေရိကန်က မှာယူတင်သွင်းသော်လည်း အမေရိကန်ဆေးပညာရှင်များ လာရောက် ကူညီမှာကို ငြင်းပယ်ပါတယ်။ နှစ်သစ်ကူးပိတ်ရက်တိုးမြှင့်ပေးထားရာက အချို့ လိုအပ်ပစ္စည်းထုတ်လုပ်မဲ့ စက်ရုံ -အလုပ်ရုံများမှ အလုပ်သမားများ အလုပ်ပြန်ဆင်းကြဖို့ နှိုးဆော်နေပါတယ်။
    ဗိုင်းရပ်စ်တို့သဘာ၀မှာ အချိန်ကာလတစ်ခုအတွင်းသာ အစွမ်းပြလေ့ရှိပြီး၊ အချို့ဗိုင်းရပ်စ်ဟာ သူ့ဖာသာ ငုပ်လျိုးသွားတတ်ကြပါတယ်။ ကျွန်တော်တို့ လူသားတွေရဲ့ အံ့သြဖွယ် ကိုယ်ခံစွမ်းအား မြင့်တက်လာနိုင်ခြင်းလည်း ပါ၀င်ပါတယ်။
    ယခု 2019-n CoV ဟာ ယခင်ဗိုင်းရပ်များထက် အဆိပ်ပြင်းပြီး၊ ဒူပေဒါပေခံနိုင်ပုံရတယ်။ နေရာဒေသတစ်ခုမှာ အစားအသောက်ကြောင့်ဖြစ်စေ၊ သဘာ၀ပတ်၀န်းကျင်ကြောင့်ဖြစ်နေ နေထိုင်သူတို့မှာ ကိုယ်ခံစွမ်းအား ထူးခြားစွာ ကျဆင်းနေနိုင်ပါတယ်။ ဟူဘေးပြည်နယ် အထူးသဖြင့် ဝူဟန်ဒေသတစ်၀ှိုက်ဟာ အဲဒီလိုဖြစ်ပြီး ခုလောက်အထိခံရသလား တွေးမိပါတယ်.။
    သတိပြုရာမှက ဗိုင်းရပ်စ်တို့ဟာ လက်ခံသတ္တဝါတစ်ခုမှတစ်ခုသို့ ပြောင်းစဉ် ပုံပြောင် ပိုမိုစွမ်းရည်မြင့်တက်လာနိုင်ခြင်းပါ။
    ကျွန်တော်တို့အားလုံး မိမိတို့ ကိုယ်ခံစွမ်းရည်မြင့်တက်လာအောင် အတတ်နိုင်ဆုံး စားသောက်နေထိုင်ပြီး၊ ကျွမ်းကျင် ဆေးပညာရှင်များ ညွှန်ကြားချက်အတိုင်း လိုက်နာကြဖို့လိုအပ်ပါလိမ့်မယ်။

    0

Leave a Reply

Your email address will not be published.