တရုတ်နှင့် ထိတွေ့မှုအများဆုံးအိမ်နီးချင်းဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူမရှိဟုဆိုသော မြောက်ကိုရီးယား၏ ဗိုင်းရပ်စ်သစ်ခုခံနိုင်မှုအားနည်းချက်အပေါ် အမေရိကန်အလွန် အမင်းစိုးရိမ်။ ကူးစက်ပျံ့နှံ့လာခဲ့လျှင် ကမ္ဘ္ဘာ့လူဦးရေ ၃-ပုံ ၂-ပုံ ဖျားနာနိုင်

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်သစ်နှင့်ပတ်သက်၍ခုခံနိုင်မှုအားနည်းချက်အပေါ် အမေရိကန် အလွန်အမင်းစိုးရိမ်လျှက်ရှိပြီး၊ နိုင်ငံတကာအဖွဲ့အစည်းတို့က မြောက်ကိုရီးယားတွင် ရောဂါကူးစက်ပျံ့နှံံ့ဖွယ်ရှိသည်တို့ကို ကာကွယ်ရေး အကူအညီပေးကြပါရန် အမေရိကန်က တိုက်တွန်းလိုက်သည်ဟု VOA က ယနေ့ရေးသားသည်။

မြောက်ကိုရီးယားနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန်နှင့် ကူးစက်ပျံံ့နှံ့ခြင်းကို ရင်ဆိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီမည်ဆိုခြင်းကို အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ထောက်ခံကြိုဆိုလိုက်သည်။ မိမိတို့အနေဖြင့် အဆိုပါအဖွဲ့အစည်းများမှတစ်ဆင့် လိုအပ်သောအကူအညီများ အမြန်ဆုံးပေးအပ်နိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း သတင်းထုတ်ပြန်သည်။

ကြေသညာချက်တွင် အရေးပေါ်ဆေးဝါးထောက်ကူပစ္စည်းများ ထိရောက်စွာ အကူအညီပေးရန် နည်းလမ်းရှာဖွေလျှက်ရှိသည်ဟု ဖော်ပြထားသောလည်း ကုလသမဂ္ဂ၏ ကင်းလွတ်ခွင့်ဘောင်အတွင်းမှ ဆောင်ရွက်ရမည် ဖြစ်သောကြောင့် အချိန်ဇယားအတိအကျဖော်ပြသည်ကို မတွေ့ရချေ။

မြောက်ကိုရီးယားသည် တရုတ်နှင့် ထိတွေ့မှုအများဆုံးအိမ်နီးချင်းဖြစ်ပြီး ကူးလူဝင်ထွက်မှု့ ရှိနေခဲ့သည်။ မြောက်ကိုရီးယားက ယခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမရှိဟုဆိုသော်လည်း Covid-19 ဗိုင်းရပ်စ်ရောက်ရှိနိုင်ချေရှိခြင်းကြောင့် လူသားမျိုးနွယ်ဆိုင်ရာ ကပ်ဘေးဆိုက်ရောက်လာသည်ကို ကျွမ်းကျင်သူများက သတိပေးလျှက်ရှိသည်။

မြောက်ကိုရီးယားသည် ရောဂါကူးစက်ပျံံ့နှံ့လာခဲ့လျှင် ခုခံရင်ဆိုင်ရန် ဆေးဝါးလုံလောက်မှုမရှိပဲ ကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အအုံများလည်း ပြည့်စုံခြင်း မရှိချေ။ နိုင်ငံအတွင်းဒေသများစွာတို့မှာ ဆင်းရဲမွဲတေမှု၏ ထိုးနှက်ခြင်းကို အပြင်းအထန်ခံစားနေရသည်။

နိုင်ငံတကာကြက်ခြနီနှင့် လခြမ်းနီအဖွဲ့ကြီးတို့ကလည်း မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ဟုတ်-မဟုတ် စမ်းသပ်စစ်ဆေးနိုင်မည့် ပစ္စည်းများနှင့် တစ်ကိုယ်ရည်ကာကွယ်ရေးကိရိယာများ အပူတပြင်း လိုအပ်လျှက်ရှိကြောင်း ယခုချက်ခြင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့သည် ကုလသမဂ္ဂ၏ ဒါဏ်ခတ်ပိတ်ဆို့မှုများက အဟန့်အတားဖြစ်လျှက်ရှိကြောင်း ပြောဆိုသည်။

မြောက်ကိုရီးယားအနေဖြင့်မူ အဆိုပါကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အကူအညီတောင်းခံမှု့ မရှိသေးချေ။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်စွဲကပ်ခြင်းကြောင့် သေဆုံးဖျားနာသူအရေအတွက်မှာ မယုံနိုင်လောက်အောင် ခုန်တက်လျှက်ရှိစဉ် အဆိုပါဗိုင်းရပ်စ်မှာ ကမ္ဘ္ဘာ့လူဦးရေ ၃-ပုံနှစ်ပုံ ကူးစက်သည်အထိ အဆိုးရွာဆုံး ပျံ့နှံ့လာနိုင်ကြောင်း ကူးစက်ရောဂါဗေဒ ဆေးသိပ္ပံပညာရှင်များက သတိပေးလိုက်သည်ဟု Bloomberg က ယမန်နေ့ ရေးသားသည်။

တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ပုံကို လေ့လာလျှက်ရှိသည့် WHO အကြံပေးအရာရှိ အိုင်ယာလွန်ဂီနီကမူ ကူးစက်ပျံံ့နှံ့မှုမှာ တရုတ်အာဏာပိုင်များ လတ်တလော လက်လီစိတ်ဖော်ပြနေသည့် ၆၀,၀၀၀ ထက် လူဦးရေဘီလျှံချီလာနိုင်ကြောင်း ခန့်မှန်းထားသည်။

အနီးအနားနှင့် အခြားနေရာများသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအတိုင်းအတာမှာ တရုတ်တို့၏ ရောဂါခြေချုပ်ချခြင်း အပါအဝင် လူသန်းပေါင်းများစွာတို့ကို အသွားအလာတားဆီးခြင်းတို့အပေါ်မူတည်လျှက် အကန့်အသတ်အဖြစ် တည်ရှိနေမည်ဖြစ်ပြီး ကျန်အခြားကမ္ဘ္ဘာ့အရပ်ရပ်အတွက် တရုတ်ကိုကြည့်၍ လုံလောက်စွာ ပြင်ဆင်ချိန်ရလိမ့်မည်ဟု WHO အထွေထွေညွှန်ကြားရေးမှူး တက်ဒရိုအက်ဟန်နွမ်က ပြောဆိုသည်။

((( VOA., February 14, 2020, “US ‘Deeply Concerned’ North Koreans Vulnerable to Coronavirus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာာသာပြန်ဆိုသည်။ အကြောင်းအရာတူ ဖော်ပြချက်များမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

#မြောက်ကိုရီးယား၏ ဗိုင်းရပ်စ်သစ်ခုခံနိုင်မှုအားနည်းချက်အပေါ်အမေရိကန်အလွန် #ကိုရိုနာဗိုင်းရပ်စ်ကမ္ဘ္ဘာ့၃-ပုံ၂-ပုံဖျားနာနိုင်

https://www.voanews.com/science-health/coronavirus-outbreak/us-deeply-concerned-north-koreans-vulnerable-coronavirus

https://www.bloomberg.com/news/articles/2020-02-13/coronavirus-could-infect-two-thirds-of-globe-researcher-says?utm_medium=social&utm_source=facebook&utm_campaign=socialflow-organic&utm_content=asia&fbclid=IwAR2RmqEpyy8RTJw7gO6cJ0dg4i6RsVTdd-u7O4k3-d1S3oaHP1f7r_BG3gs

0

Leave a Reply

Your email address will not be published.