တရုတ်-ပါကစ္စတန်ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ရာ၌ အိန္ဒိယစစ်သင်္ဘောများ နောက်ယောင်ခံကြည့်ရှု့နေ။ အိန္ဒိယသမုဒ္ဒရာကို စိုးမိုးရန် တရုတ်နှင့် အိန္ဒိယတို့ အားပြိုင်မှု့ ပြင်းထန်လာ

တရုတ်နှင့် အိမ်နီးချင်းရန်ဖက် ပါကစ္စတန်တို့၏ ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ရာတွင် အိန္ဒိယက လေယာဉ်တင်စစ်သင်္ဘောအုပ်စုဖြင့် ထပ်ချပ်မကွာ နောက်ယောင်ခံကြည့်ရှု့လျှက်ရှိကြောင်း Russia Today ( ဇန်နဝါရီ ၁၁-ရက် ၂၀၂၀ ) က ရေးသားသည်။

တရုတ်နှင့် ပါကစ္စတန်ရေတပ်မတော်တို့သည် ဇန်နဝါရီ ၁၃-ရက်နေ့မှ စတင်ကာ အိန္ဒိယသမုဒ္ဒရာ အာရေဗျ ပင်လယ်မြောက်ပိုင်း၌ ‘Sea Guardians 2020 “ ပင်လယ်သူကြီး ၂၀၂၀ “ အမည်ဖြင့် ၉-ရက်ကြာ စစ်ရေးလေ့ကျင့်လျှက်ရှိကြသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှု့ကို အိန္ဒိယရေတပ်မတော်က အနီးကပ်စောင့်ကြည့်လျှက်ရှိရာ MiG-29K ဂျက်တိုက်လေယာဉ်အုပ် သယ်ဆောင်ထားသည့် လေယာဉ်တင်စစ်သင်္ဘော “ အိတ်ချ်အင်အက်စ် ဝိကရမေတ္တယျ “ လည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။ အိန္ဒိယရေတပ်မတော်၏ အလံတင် “ စစ်ပွဲ၏ဘုရင်မ “ နာမည်ရ အဆိုပါလေယာဉ်တင်စစ်သင်္ဘောအုပ်စုသည် အဆင့်မြင့်လှုပ်ရှားမှု့တာဝန်များ ထမ်းဆောင်မည်ဖြစ်ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူအဆိုအရ သိရှိရသော်လည်း အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိချေ။

ဇန်နဝါရီ ၁၂-ရက်နေ့တွင် အိန္ဒိယတပ်မတော်၏ ပြည်တွင်းထုတ် “ တီဂျက်စ်” တိုက်ပွဲဝင်အပေါ့စားဂျက်တိုက်လေယာဉ် စမ်းသပ်ရှေ့ပြေးလေယာဉ်မှာ “ အိတ်ချ်အင်အက်စ် ဝိကရမေတ္တယျ ” လေယာဉ်တင်စစ်သင်္ဘော၏ တက်ဆင်းကုန်းပတ်ပေါ်သို့ အောင်မြင်စွာ စမ်းသပ်ဆင်းသက်နိုင်ခဲ့သည်။ တီဂျက်စ်တိုက်လေယာဉ်သည် အိန္ဒိယလေယာဉ်တင်သင်္ဘောပေါ်သို့ ပထမဆုံးဆင်းသက်သည့် ပြည်တွင်းထုတ်တိုက်လေယာဉ်ဖြစ်လာကြောင်း အိန္ဒိယ NDTV and Hindustan Times တို့က ဖော်ပြသည်။

တရုတ်-ပါကစ္စတန် ပူးတွဲစစ်ရေးလေ့ကျင့်ရာသို့ တရုတ်က ပဲ့ထိန်းဒုံးကျည်တင် “ ဖျက်သင်္ဘော ယင်ချွမ် “ “ ဖရီဂိတ်စစ်သင်္ဘော ယွန်ချန်း “ အပါအဝင် စစ်သင်္ဘော ၅-စီး စေလွှတ်ထားသည်။ ပါကစ္စတန်ဘက်မှ စစ်သင်္ဘောများတွင် ဖရီဂိတ်စစ်သင်္ဘော ၂-စီးပါဝင်ပြီး နှစ်နိုင်ငံအကြား ကာလရှည်ဆက်ဆံမှု့နှင့် အပြန်အလှန် ယုံကြည်မှု့ ရလာဒ်ဖြစ်ကြောင်း ပါကစ္စတန်ရေတပ်ဦးစီးချုပ်က ပြောဆိုသည်။

ဒီဇင်ဘာ ၃-ရက် “ အိန္ဒိယရေတပ်မတော်နေ့ “ သတင်းစာရှင်းလင်းပွဲ၌ အိန္ဒိယရေတပ်စစ်ဦးချုပ် ရေကြောင်း ဗိုလ်ချုပ်ကြီး ကာရမ်ဘာဆင်းက ပြောကြားရာ၌ လောလောဆယ်တွင် တရုတ်တိုင်းတာရေးသုတေသန သင်္ဘောများမှာ အိန္ဒိယသမုဒ္ဒရာအတွင်း ရောက်ရှိနေပြီး ပျမ်းမျှ ၇-စီးမှ ၈-စီးအထိရှိကြောင်း၊ အိန္ဒိယ၏ exclusive economic zone အထူးသီးသန့်စီးပွားရေးပင်လယ်ရေပိုင်နက် ( EEZ ) အနီးထိ ချဉ်းကပ်လျှက် သတ္ထုရှာဖွေခြင်းများနှင့် ပင်လယ်ဒါးပြရန်ကာကွယ်ရေးကိုလည်း ဆောင်ရွက်နေလေ့ရှိသည်ကို တွေ့ရှိရကြောင်း အသိပေးရှင်းလင်းသည်။

ယခင်ကလည်း ကပ္ပလီကျွန်းစုနှင့် နီကိုဘာကျွန်းများအနီး ဘင်္ဂလားပင်လယ်အော်အတွင်း EEZ အနီး ကြို တင်အသိပေးခြင်းမရှိပဲ ဝင်ရောက်လာသည့် တရုတ်စူးစမ်းတိုင်းတာရေးသင်္ဘော Shiyan 1 “ ရှီယန်း-ဝမ်း “ အား မိမိတို့က စစ်သင်္ဘောတစ်စီးစေလွှတ်ကာ နောက်ယောင်ခံ မောင်းထုတ်ခဲ့ရကြောင်း၊

ယခုနှစ် မတ်လတွင် ကျင်းပရန်စီစဉ်ထားသည့် အိန္ဒိယရေတပ်မတော်၏ Milan 2020 naval drill “ မီလန် ၂၀၂၀ ရေတပ်စစ်ရေးလေ့ကျင့်ပွဲ “ တွင် တရုတ်နိုင်ငံအား ဖိတ်ကြားမည်မဟုတ်ကြောင်း၊ ဖိတ်ကြားမည့် အခြား နိုင်ငံများမှာ ( ၄၁ ) နိုင်ငံရှိရာ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ သြစတေးလျှ၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ ပါဝင်ကြောင်း၊ အိန္ဒိယက စိတ်တူသဘောတူအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများနှင့်သာ အပြန်အလှန် ကူးလူးဆက်ဆံမည် ဖြစ်ပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာရေကြောင်းသွားလာရေး၊ ပင်လယ်ပြင်ဘေးအန္တရာယ်ကင်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဘုံအကျိုးစီးပွားများကို မျှဝေကြရန် စိတ်ပါဝင်စားကြောင်း ရေကြောင်း ဗိုလ်ချုပ်ကြီးက ပြောကြားသည်။

((( ၂၀၂၀ မတ်လတွင် ကျင်းပမည့် အိန္ဒိယ၏ “ မီလန် ၂၀၂၀ ရေတပ်စစ်ရေးလေ့ကျင့်ပွဲ “ တွင် မြန်မာ့ရေတပ်မတော် ပါဝင်ခြင်း ရှိ-မရှိ သတင်းမတွေ့ရပါ ။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 11 Jan, 2020, “Queen of Battle’: Indian aircraft carrier deployed to closely watch over Pakistan-China ‘Sea Guardian 2020’ naval drill.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို၍ အခြားဆက်စပ်သတင်းများနှင့် ပေါင်းစပ်သည်။ ကိုးကားချက် များမှာ ပေးထားပါ Links များအတိုင်း ဖြစ်သည်။ )))

https://www.rt.com/news/478010-indian-aircraft-carrier-mission/

https://www.defensenews.com/digital-show-dailies/surface-navy-association/2020/01/08/pakistan-and-china-launch-joint-naval-drills-should-india-be-concerned/

https://www.rt.com/news/478045-india-tejas-vikramaditya-landing/ .

https://www.rt.com/news/474982-indian-navy-china-ships/

#တရုတ်-ပါကစ္စတ်ပင်လယ်သူကြီး၂၀၂၀ရေတပ်စစ်ရေးလေ့ကျင့် #အိန္ဒိယ၏“မီလန်၂၀၂၀ရေတပ်စစ်ရေးလေ့ကျင့်ပွဲ # အိတ်ချ်အင်အက်စ်ဝိကရမေတ္တယျ “ လေယာဉ်တင်စစ်သင်္ဘော

0

Leave a Reply

Your email address will not be published.