ထရမ့်ထောက်ခံသူများက လူစုလူဝေးဖြင့် ပါလီမန်အဆောက်အအုံအား စီးနင်း၊ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများအတွင်း ၄-ဦး သေဆုံး။ ကွန်ဂရက်အစည်းအဝေး ရပ်ဆိုင်းသွားပြီးနောက် ပြန်လည်ကျင်းပရာတွင် ဂျိုးဘိုင်ဒင်အား အနိုင်ရရှိသူအဖြစ် ကြေညာ

..

ဒေါ်နယ်ထရမ့်ထောက်ခံသူများက ကက်ပီတော် ပါလီမန်အဆောက်အအုံအား ဝင်ရောက်စီးနင်းခြင်းကြောင့် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရသည်။ လူ ၄-ဦး သေဆုံးရပြီးနောက် နာရီပေါင်းများစွာအကြာ၌ ကွန်ဂရက်လွှတ်တော်အား ပြန်လည်စတင်ရာတွင် ဂျိုးဘိုင်ဒင်က သမ္မတအဖြစ် အနိုင်ရရှိကြောင်း ကွန်ဂရက်အမတ်များက ကြေညာသည်ဟု BBC က ယနေ့ရေးသားသည်။

..

ဒေါ်နယ်ထရမ့်ထောက်ခံသူလူအုပ်စုသည် ရွေးကောက်ပွဲရလဒ်အားပြောင်းလဲပေးရန် ပါလီမန် အဆောက်အအုံ အား ဝင်ရောက်စီးနင်းခြင်းကြောင့် ကွန်ဂရက်အစည်းအဝေးမှာလည်း ရပ်ဆိုင်းသွားရသည်။ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူဂျိုးဘိုင်ဒန်က ဆူပူအုံကြွမှုများအား အပြင်းအထန်ဝေဖန်ရှုတ်ခဲ့သည်။

..

ဆန္ဒပြသူများအား ပါလီမန်အဆောက်အအုံသို့ ချီတက်ရန်တိုက်တွန်းခဲ့သည့် သမ္မတဒေါ်နယ်ထရမ့် ကိုယ်တိုင်လည်း နောက်ပိုင်းတွင် ၎င်းအပေါ်ထောက်ခံသူတို့အား အိမ်ပြန်ကြရန် လေသံပြောင်းသွားခဲ့သည်။ သို့သော် ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်၍ သတင်းအမှားများ ဆက်လက်ပြောကြားနေခဲ့ရာ Twitter နှင့် Facebook က ထရမ့်၏ အကောင့်များအား တားဆီးပိတ်ဆို့လိုက်ရသည်။

..

ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် အမေရိကန်ဒုတိယသမ္မတ မိုက်ပင်စ်က ကွန်ဂရက်အား ပြန်လည်စတင်ပြီး ကွန်ဂရက်အမတ်များက မဲများကို ရေတွက်၍ အတည်ပြုခြင်းဖြင့် အမေရိကန်ပြည်ထောင်စု ကွန်ဂရက်၏သမိုင်းတွင် အမှောင်ဖုံးသောနေ့အဖြစ် ပြောစမှတ်ဖြစ်ခဲ့ရသည်။

..

အချို့သော ရီပတ်ဘလစ်ကန်များကမူ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန်ကြိုးစားမှု၌ ကန့်ကွက်ခဲ့ ကြသော်လည်း မဲအနည်းအများအရ အားလုံးမှာ ရှံးနိမ့်ရန် သေချာပြီးဖြစ်နေသည်။

..

သေနတ်ထိမှန်သော အမျိုးသမီးမှာ အစည်းဝေးကျင်းပနေသည့် အောက်လွှတ်တော်အဆောက်အအုံအတွင်း အတင်းဝင်ရောက်ရန် ကြိုးစားသူများအနက် သီးခြားတစ်ဦးဖြစ်ပြီး အရပ်ဝတ် လုံခြုံရေးအေးဂျင့်များနှင့် ထိပ်တိုက်တွေ့သူဖြစ်ကြောင်း မြို့တော်ဝန် မာရီရယ်ဘရောဆာက ပြောဆိုသည်။ ထိုအမျိုးသမီးကိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးနေပြီဖြစ်ကြောင်း သိရှိရသည်။

..

သေဆုံးသူ အမျိုးသမီး၏အမည်ကို တရားဝင် မသိရှိရသေးသော်လည်း ဆန်ဒီယာဂိုနေ အက်ရှ်လီဘက်ဗစ် အမည်ရှိ ထရမ့်ထောက်ခံသူ လေတပ်စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြသည်။

..

တာဝန်ရှိသူများ အဆိုအရ အခြားသေဆုံးသူ ၃-ဦးတွင် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦး ပါဝင်ကြောင်း သိရှိရသော်လည်း ၎င်းတို့ သေဆုံးရခြင်းနှင့် ပတ်သက်၍ လူသိရှင်ကြား သတင်းထုတ်ပြန်ခြင်း မရှိချေ။

..

နိုဝင်ဘာ ၃ရက်နေ့ ရွေးကောက်ပွဲ၌ ဂျိုးဘိုင်ဒင်အနိုင်ရကြောင်း ကြေညာမည့် ကွန်ဂရက်ပူးတွဲ အစည်းအဝေးအား ကန့်ကွက်ဆန္ဒပြသူများသည် ဒေသစံတော်ချိန် ၁၄း၁၅ နာရီတွင် မြို့တော်အဆောက်အအုံကို ထိုးဖောက်ရန် အတားအဆီးများကို ဖြိုဖျက်၍ ရဲတပ်ဖွဲ့၏အဓိကရုန်နှိမ်နင်းရေးလက်နက်များကို ဖြတ်ကျော်ခဲ့ကြခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာရ ရဲတပ်ဖွဲ့ ၁၄-ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြသည်။

..

#အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အအုံ #ထရမ့်ထောက်ခံသူတို့စီးနင်းရာ_လေးဦးသေဆုံး

..

((( BBC., 7 January 2021., “Capitol siege: Congress resumes election session after deadly attack.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

..

(https://www.bbc.com/news/world-us-canada-55568621)

0

Leave a Reply

Your email address will not be published.