ထိန်းချုပ် မရတော့သည့် တရုတ်အာကာသယာဉ်ကို ခြေရာခံနေဟု ပင်တာဂွန်စစ်ဋ္ဌာနချုပ် ပြောဆို။ မေ ၈ မှ ၁၀ အတွင်း ကမ္ဘာ့လေထုသို့ ပြည်လည် ဝင်ရောက်လာနိုင်။ ၂၂-တန်အရွယ်အစားရှိ အာကာသယာဉ်အစိတ်အပိုင်းများကြောင့် မြေပြင်ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ချေ ကို စိုးရိမ်

[စီအင်အင်,ဝါရှင်တန်] ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့လေထုသို့ ပြည်လည်ဝင်ရောက်လာမည့် ထိန်းချုပ်မရသည့် တရုတ်အာကာသယာဉ်၏ အပျက်အစီး အပိုင်းအစများအတွက် ထိခိုက်မည်ကို စိုးရိမ်လျှက်ရှိကြစဉ် အဆိုပါဒုံးပျံ၏ လမ်းကြောင်းအား ခြေရာခံလျှက်ရှိကြောင်း အမေရိကန် #ပင်တာဂွန်စစ်ဋ္ဌာနချုပ်က ပြောဆိုသည်ဟု CNN က ယနေ့ ရေးသားသည်။

အရွယ်အစား ကြီးမားသော တရုတ်ဒုံးပျံ #Long_March_5B သည် မေလ ၈ ရက်ခန့်တွင် ကမ္ဘာ့လေထုအတွင်း ဝင်ရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ အာကာသစစ်ဌာနချုပ်က တရုတ်အာကာသယာဉ်အား ခြေရာခံစောင့်ကြည့်လျှက်ရှိသည်ဟု အမေရိကန်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်သည်။

ကမ္ဘာ့လေထုအတွင်း ဝင်ရောက်လာမည့် နေရာအတိအကျ ကို ပြန်လည်ချဉ်းကပ်လာချိန်အထိ နာရီပေါင်းများစွာ ကြာမှ သိရှိနိုင်ကြောင်း သို့သော် အာကာသယာဉ်၏တည်နေရာကိုအမှတ် ( ၁၈ ) အာကာသစစ်ဌာနချုပ်က #Space_Track ဝက်ဘ်ဆိုက်မှ တစ်ဆင့် နေ့စဉ်သတင်းများ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် တရုတ်နိုင်ငံက ၎င်း၏ #အာကာသစခန်း တစ်စိတ်တစ်ပိုင်းအဖြစ်အသုံးပြုရန် အဆိုပါ ဒုံးပျံကို လွှတ်တင်ခဲ့သည်။ ၂၂-တန် အရွယ်အစားရှိဒုံးပျံသည် လေထုအတွင်း ပြန်လည်ဝင်ရောက်လာစဉ် မီးလောင်ကျွမ်းလျှက် ကြီးမားသောအစိတ်အပိုင်းများက လူနေဧရိယာအတွင်း ကျရောက်၍ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်လျှက်ရှိကြသည်။

သို့သော်လည်း အာကာသယာဉ်ပျက်ကျလာမှုသည့် ကမ္ဘာပျက်သည့် ဖြစ်ရပ်မဟုတ်ကြောင်း၊ လူအများအနေဖြင့် ကြိုတင်ကာကွယ်သင့်သည်ဟုလည်း မထင်မှတ်ကြောင်း၊ ထိခိုက်မှုအချို သို့မဟုတ် တစ်စုံတစ်ယောက်အား ထိမှန်မည်ဆိုသည်မှာ အလားအလာ အလွန်နည်းပါးသော်လည်း မဖြစ်နိုင်ဟု တစ်ထစ်ချ မဆိုနိုင်ကြောင်း၊ သို့သော် တွေးတော ခြောက်ခြားနေရလောက်အောင် ဖြစ်နိုင်ခြေ အလွန်နည်းကြောင်း ဟားဘတ်တက္ကသိုလ် အာကာသရူပဗေဒပညာရှင် ဂျိုနသန်မက်ဒိုဝဲလ်က ပြောဆိုသည်။

အရှိန်အဟုန်ဖြင့်ရွေ့လျားလျှက်ရှိသည့် ဒုံးပျံ၏ အပျက်အစီးအများစု ကျရောက်မည့် နေရာအတိအကျကို တွက်ချက်ရန်မှာ ယခုအချိန်တွင် မဖြစ်နိုင်သလောက်ရှိပြီး အခြေအနေအနည်းငယ်ပြောင်းလဲယုံနှင့် ချဉ်းကပ်လာမည့် လမ်းကြောင်းကို အကြီးအကျယ်ပြောင်းလဲစေနိုင်သည်။

မေ ၈ ရက်မှ ၁၀ ရက်အတွင်း ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်လာနိုင်ပြီး ၎င်းအာကာသယာဉ်မှာ ထို ၂-ရက်တာကာလအတွင်း တစ်နာရီလျှင် မိုင် ၁၈,၀၀၀ အလျှင်ဖြင့် ကမ္ဘာမြေအား အကြိမ် ၃၀ ခန့် လှည့်ပတ် နေမည်ဖြစ်သည်။

ထို့ကြောင့် ကျရောက်မည်ဟု တွက်ချက်နိုင်သည့်နေရာမှာလည်း ၁-နာရီကြာတိုင်း မိုင် ၁၈,၀၀၀ ပြောင်းလဲနေမည်ဖြစ်သည်။ အကယ်၍ ကျရောက်လာလျှင် ကမ္ဘာ၏ ၇၀.၈ ရာနှုန်းရှိနေသော သမုဒ္ဒရာရေပြင်တွင် အကျယ်ဆုံးဖြစ်သော ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ဖွယ်ရှိသည်။

လွန်ခဲ့သည့် ကြာသပတေးနေ့နံနက်တွင် တရုတ်နိုင်ငံက ၎င်း၏ ပထမဆုံး #မော်ဂျူး ခေါ် #သီးသန့်အာကာသ အစိတ်အပိုင်းတစ်ခုကို #ဟိုင်နန်ကျွန်းတောင်ပိုင်းရှိ_ဝင်ချန်းစခန်းမှ လွှတ်တင်ခဲ့သည်။ ထိုကဲ့သို့ မော်ဂျူးများကို အကြိမ်ကြိမ်လွှတ်တင်ပြီး အာကာသတစ်နေရာတွင် ပြန်လည် စုဖွဲ့တည်ဆောက်ခြင်းဖြင့် ၂၀၂၂-ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသစခန်း အဖြစ် အသုံးပြုမည်ဖြစ်သည်။

#ထိန်းချုပ်_မရတော့သည့်_တရုတ်အာကာသယာဉ် #Long_March_5B

(((CNN., May 4, 2021,” Pentagon tracking out-of-control Chinese rocket that could reenter Earth’s atmosphere. By Barbara Starr and Paul LeBlanc.” ကို #HtayOung, #OungMarin ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://edition.cnn.com/2021/05/04/politics/chinese-rocket-earth-scn/index.html?utm_term=link&utm_source=fbCNNi&utm_content=2021-05-05T03%3A31%3A02&utm_medium=social&fbclid=IwAR0YVpxMEDAA8fuDm6KEk96rrATCfwbJH4yy40TTJgu1K-ABS8GsQUQ-fGA

0

Leave a Reply

Your email address will not be published.