ထိုင်းစက်ရုံများ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ပြန်လည်ထူထောင်ရေးနှင့် ပို့ကုန်ကဏ္ဍကို ခြိမ်းခြောက်နေ။ လွန်ခဲ့သည်နှစ်တွင် ဂျီဒီပီကျဆင်းပြီး ယခုနှစ်တွင်လည်း ယခင်ခန့်မှန်းထားသည်ကို လျှော့ချ ပြင်ဆင်ခဲ့ရ။ ထိခိုက်မှုဆက်လက်တိုးမြင့်နေလျှင် စက်ရုံအားလုံး ကာကွယ်ဆေးထိုးရန်လိုအပ်


ထိုင်းနိုင်ငံတွင် ကမ္ဘာ့နာမည်ကြီးအမှတ်တံဆိပ်များကို ထုတ်လုပ်နေသည်စက်ရုံများအပါအဝင် စက်ရုံပေါင်း ၁၃၀ တို့တည်ရှိရာ ခရိုင်ပေါင်း ၁၁-ခုတို့၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ၇,၁၀၀ ကျော်တို့တွေ့ရှိရပြီး အကျဉ်းထောင်၊ ဆောက်လုပ်ရေးစခန်းတို့နှင့်အတူ ရောဂါကူးစက်လျှက်ရှိသည်ဟု Reuters က ယမန်နေ့ရေးသားသည်။


အစိုးရအချက်အလက်များအရ နိုင်ငံတွင်း စက်ရုံပေါင်း ၆၃,၀၀၀ ခန့်ရှိရာ ယခုရောဂါဖြစ်ပွားသည့်စက်ရုံများမှာ အလုပ်သမား ၃.၄-သန်းခန့်ရှိနေသည့် အစိတ်အပိုင်းအနည်းငယ်မျှသာဖြစ်သည်ဆိုသော်လည်း ခရီးသွားလုပ်ငန်းပြို လဲ၍ ရုန်းကန်နေရချိန်တွင် ပို့ကုန်ကျဆင်းပြီး နိုင်ငံ့ဝင်ငွေရလမ်းအပေါ် အကျိုးဆက်များသက်ရောက်မည်ကို အာဏာပိုင်များက စိုးရိမ်လျှက်ရှိသည်။

…   
၂၀၂၀ ခုနှစ်တွင် ပြည်ပပို့ကုန်သည် စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၄၅% မျှ ရှိခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ်မှီခိုသော ထိုင်းနိုင်ငံစီးပွားရေးမှာ ပြီးခဲ့သည့်နှစ်တွင် ၆.၁% ကျဆင်းခဲ့သည်။ ယခုနှစ် ဂျီဒီပီတိုးတက်မှုနှုန်းကို ယခင် ၂.၅% – ၃.၅% ခန့်မှန်းထားရာမှ ၁.၅% – ၂.၅% သို့ လွန်ခဲ့သည့်လ၌  အစိုးရက လျှော့ချ ပြင်ဆင်ခဲ့ရသည်။

…  
ကူးစက်ကပ်ရောဂါကြောင့် လောလောဆယ် အထိနာရသည့် ပို့ကုန်ကဏ္ဍတွင် အီလက်ထရောနစ်ပစ္စည်းများ၊ ရာဘာလက်အိတ်နှင့် အစားအစာထုတ်လုပ်ရေးလုပ်ငန်းများလည်း ပါဝင်နေပြီး အကျိုးသက်ရောက်မှု အားလုံးကို ပြောဆိုရန် စောလွန်းနေသေးကြောင်း၊ ရောဂါကူးစက်ခံထားရသည့် စက်ရုံပိုင်ရှင်အချို့မှာ ပစ္စည်းထုတ်လုပ်မှုကို လျှော့ချမည်ဖြစ်ပြီး ထိခိုက်မှု ဆက်လက်တိုးမြင့်နေပါက စက်ရုံများအားလုံးကို အပြည့်အ၀ ကာကွယ် ဆေးထိုးရန် လိုလားလျှက်ရှိကြောင်း သိရှိရသည်။

…   

အချို့စက်ရုံများမှာ တစ်စိတ်တစ်ပိုင်းလည်ပတ်နေပြီး အချို့မှာ ကွာရန်တင်းဝင်နေရသော အလုပ်သမားများကြောင့် ယာယီပိတ်ထားရသည်။ ကူးစက်ကပ်ရောဂါသည် ၁၁ လကြာ ပိတ်ထားရသည်အထိ စက်မှုလုပ်ငန်းကို အဖက်ဖက်မှ ကျဆင်းစေခဲ့သည်။

…  
ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်မှုပေါင်း ၂-သိန်းနီးပါး (၁၉၉,၂၆၄-ဦး) နှင့် အသက်ဆုံးရှုံးရသူပေါင်း ၁-ထောင် ၅-ရာနီးပါး (၁,၄၆၆-ဦး) ရှိနေသည်။ ကူးစက်မှု ၈၀% နှင့် သေဆုံးမှု ၉၀% မှာ ဧပြီလနောက်ပိုင်း၌ တွေ့ရှိရသည်။

…   
ယခုအချိန်အထိ လူ ၆၆ သန်းကျော်နေထိုင်သော ထိုင်းနိုင်ငံတွင် လူဦးရေ ၁.၆ သန်းသာ ကာကွယ်ဆေးထိုးနှံပြီးစီးသေးသည်။

…  
စက်ရုံအလုပ်သမား ၁၀ % ရောဂါကူးစက်ခံရချိန်တွင်  ရောဂါကာကွယ်တားဆီးရန် ထိုင်းအစိုးရက”Bubble and seal” ပေါ်လစီကို ကျင့်သုံးသည်။ ရောဂါပိုးတွေ့ရှိသူကို ဆေးကုသစေပြီး ကျန်ရှိနေသူများမှာ စက်ရုံ၌ ၂၈-ရက် ဆက်နေရသည်။ စက်ရုံအလုပ်သမားဖြစ်လျှင် စက်ရုံ၌ ဆောက်လုပ်ရေးအလုပ်သမားဖြစ်လျှင် စခန်းခွင်၌ ဆက်လက်နေထိုင်ရမည်ဖြစ်သည်။ များသောအားဖြင့် လုပ်ခလစာနည်းသော ရွှေ့ပြောင်းအလုပ်သမားများမှာ ရောဂါကူးစက်ခံရခြင်းမရှိသော်လည်း အလုပ်ခွင်မှ ထွက်ခွာနိုင်ခြင်းမရှိပေ။ အဆိုပါမူဝါဒသည် ကိုရိုနာဗိုင်း ရပ်စ်ရောဂါကြောင့် ထိခိုက်သော အခြားအလုပ်ခွင်များနှင့် အကျိုးသက်ရောက်မှုတွင် ကွာခြားသည်။

…  
၎င်းမူဝါဒမှာ သင့်လျှော်ခြင်း မရှိပဲ၊ စစ်ဆေးမှုများ ပိုမိုပြုလုပ်သင့်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးအကျိုးဆောင်တို့က ရှုမြင်သော်လည်း ရောဂါဖြစ်ပွားမှုကို ကန့်သတ်ပြီး လုပ်ခွင်မပျက်ဖြစ်အောင် စီစဉ်ခြင်းဖြစ်ကြောင်း အာဏာပိုင်တို့က ချေပပြောဆိုသည်။

#ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်_ထိုင်းပြည်ပပို့ကုန်_အထိနာ

(( Our World data ၏ လွန်ခဲ့သည့် ၂-ရက် အချက်အလက်များအရ မြန်မာနိုင်ငံတွင် အပြည့်အ၀ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ၁.၂၂-သန်း ရှိ၍ နိုင်ငံ့လူဦးရေ၏ ၂.၃% ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ပေးရန် ကြိုး စားနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ အမှန်တကယ် ဦးရေမှာ ၂-သန်းကျော်ပြီဟု ကျွန်တော် ထင်မှတ်ပါသည်။

…  
အိမ်နီးချင်း- အာဆီယံနိုင်ငံများနှင့် ယှဉ်လျှင် လော ၅.၅%၊ အင်ဒိုနီးရှား ၄.၃%၊ မလေးရှား ၄.၃%၊ အိန္ဒိယ ၃.၄%၊ ဘင်္ဂလားဒေ့ရှ် ၂.၆%၊ ထိုင်း ၂.၄%၊ ဖိလစ်ပိုင် ၁.၆%၊ ဗီယက်နမ် ဝ.၁% အသီးသီးဖြစ်ကြောင်း တွေ့ရှိရသည်။

…  
Mask ဝတ်ဆင်ပါ၊ မကြာခဏ လက်ဆေးပါ၊ လူချင်းခပ်ခွာခွာနေပါ၊ ကျန်းမာရေးဋ္ဌာနညွှန်ကြားချက်များကို လိုက်နာပါ။ မြန်မြန်ကာကွယ်ဆေးထိုးနှံကြပြီး များများစစ်ဆေးမှုခံယူကြရန် တိုက်တွန်းအပ်ပါသည်။ ။သတင်း ဘာသာပြန်သူ))

(((Reuters., 14 Jun 2021,” Virus outbreaks at Thai factories threaten export sector, recovery.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://bdnews24.com/world/south-east-asia/2021/06/14/virus-outbreaks-at-thai-factories-threaten-export-sector-recovery
https://ourworldindata.org/covid-vaccinations?country=OWID_WRL 

Leave a Reply

Your email address will not be published.