ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် ကန့်ကွက်ဆန္ဒပြသူတို့ ဝန်ကြီးချုပ်နေအိမ်အပါအဝင် စစ်အခြေစိုက်စခန်းအနီးတွင် ရုန့်ရင်းဆန်ခတ်ဖြစ်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း စုရုံး ပါဝင်


ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် ကန့်ကွက်ဆန္ဒပြသူတို့သည် ဖေဖော်ဝါရီ ၂၈-ရက် တနင်္ဂနွေနေ့ ဘန်ကောက်မြို့တွင် ဝန်ကြီးချုပ်နေအိမ်အပါအဝင် စစ်အခြေစိုက်စခန်းအနီးတွင် ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်များက ရေအမြောက်နှင့် မျက်ရည်ယိုဓါတ်ငွေ့များ အသုံးပြု၍ လူစုခွဲခဲ့ကြောင်း Reuters နှင့် Channel News Asia တို့ က ယမန်နေ့ရေးသားသည်။..    
ပရာယွန်ချန်အိုချာအစိုးရနှုတ်ထွက်ပေးရန်တောင်းဆိုသော လူငယ်များဦးဆောင်သည့် ကန့်ကွက်ဆန္ဒပြမှုများသည် လတ်တလောကာလ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဒုတိယလှိုင်းရိုက်ခတ်လျှက်ရှိသော နိုင်ငံ၌ အရှိန်ပြတ်တောက်သွားခဲ့ရသည်။ ဖမ်းဆီးခံရသည့် ၅၈ – ဦးအနက် ဒေသခံခေါင်းဆောင်သူ ၄-ဦးတို့အား ထောင်ဒဏ် ၁၅-နှစ်စီ ကျခံရနိုင်သည့် ဘုရင်မင်းမြတ်အပေါ် စော်ကားသည့် #တော်ဝင်စံနစ်_အသရေဖျက်မှုဖြင့် အပြစ်ပေးခံရဖွယ်ရှိခြင်းက ယခုလှုပ်ရှားမှုဖြစ်ပေါ်လာစေရန် အကြောင်းတစ်ခုဖြစ်ခဲ့သည်။..   
တနင်္ဂနွေနေ့တွင် ခန့်မှန်းအင်အား ၂,၀၀၀-ခန့်ရှိမည့် ဆန္ဒပြသူများသည် ဘန်ကောက်မြို့ လမ်းဆုံရှိ အောင်ပွဲအထိန်းအမှတ်အနီးမှ ဝန်ကြီးချုပ် ပရာယွတ်နေထိုင်ရာ စစ်စခန်းဆီသို့ ချီတက်ခဲ့ကြသည်။..   
ဆန္ဒပြသူများတွင် ဖေဖော်ဝါရီလဆန်းပိုင်း၌ အိမ်နီးချင်းနိုင်ငံမှအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချခဲ့သော အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း စုရုံးပါဝင်သည်။..   
ထိုင်းဆန္ဒပြသူအချို့သည် အလံနီများကို ကိုင်ဆောင်၍ အကြမ်းခံဦးထုပ်များ ဆောင်းထားကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် စစ်စခန်းဝင်ပေါက်တွင် တားဆီးထားသည့် ကုန်သွယ်ရေကြောင်းသုံး ကွန်တိန်နာသေတ္တာနှင့် သံဆူးကြိုး အတားအဆီးများကို တွန်းထိုးဖယ်ရှားစဉ် စစ်စခန်းဝင်ပေါက်အား စောင့်ကြပ်နေသော အဓိကရုဏ်းနှိမ်မ်နင်းရေးရဲတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့ကာ အပြန်အလှန်လုံးထွေးသတ်ပုတ်မှုများ ဖြစ်ပွားခဲ့သည်။ အဓိကရုန်း နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ဒိုင်းအကာ၊ နံပတ်တုတ်၊ ရေအမြောက်၊ ဓါတုဗေဒပစ္စည်းများ၊ ရာဘာကျည်ဆံများနှင့် အစစအရာရာ အသင့်ပြင်ထားကြောင်း ဆန္ဒပြပွဲ ရှေ့တန်းမှနေ၍ ကန့်ကွက်သူတစ်ဦးက ထိုင်းမီဒီယာအား ရှင်းပြသည်။..  
နှစ်ဘက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ရဲတပ်ဖွဲ့ဝင်များသည် ရေအမြောက်တင် ထရပ်ကားများ၊ မျက်ရည်ယိုဓါတ်ငွေ့များဖြင့် လူစုခွဲရန်ကြိုးပမ်းခဲ့ရာ ဘန်ကောက်ဆန္ဒပြမှုတွင် လပေါင်းများစွာအတွင်း လူသေစေခြင်း မရှိသော လက်နက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။..  
ထိုင်းနိုင်ငံ ဆန္ဒပြပွဲများသည် လွန်ခဲ့သည့်နှစ် ဇူလိုင်လတွင် စတင်ဖြစ်ပွားခဲ့ပြီး လူငယ်အများစုကို ဆွဲဆောင်နိုင်သဖြင့် အရှိန်အမြင့်ဆုံးဖြစ်ခဲ့သည်။
..
လှုပ်ရှားမှု၏ တောင်းဆိုချက်များတွင် ထိုင်းစစ်တပ်က ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရေးနှင့် ဘုရင်စနစ်ပြုပြင်ပြောင်းလဲခြင်းတို့ပါဝင်ပြီး အလွန်အမင်း ချမ်းသာ ကြွယ်ဝသော တော်ဝင်မိသားစုအပေါ် ဝေဖန်ခြင်းမပြုရန် ကာလကြာမြင့်စွာ တားဆီးချက်အား ဖီဆန်ခြင်းဖြစ်သည်။..   
(((Channel News Asia., 28 Feb 2021, “ Water cannon, tear gas used as protesters and police clash outside barracks containing Thai PM’s residence.” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
https://www.channelnewsasia.com/news/asia/thai-protesters-police-clash-army-unit-controlled-by-king-14301748
https://www.straitstimes.com/asia/thai-protesters-police-clash-near-base-of-army-unit-king-controls 

0

Leave a Reply

Your email address will not be published.