ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာစစ်ခေါင်းဆောင်တို့ နောက်ကွယ်တွင် ဆက်သွယ်နေကြ။ ထိုင်းနှင့် မြန်မာစစ်တပ်တို့အကြား နှောင်ကြိုးရှိနေပုံရ။ ထိုင်းနှင့်မြန်မာစစ်တပ်တို့သည် နယ်မြေတပ်မှူးများ၊ နယ်စပ်တပ်မှူးများနှင့် အမြင့်ဆုံး စစ်ဌာနချုပ်အထိ အဆင့်ဆင့် ဆက်သွယ်မှု ရှိနေဟု ပြော


ဖေဖော်ဝါရီလတွင် အိမ်နီးချင်းမြန်မာနိုင်ငံ၌ အာဏာသိမ်းယူပြီးချိန်မှစ၍ ဆူပူအုံကြွမှုနှင့်သွေးထွက်သံယိုမှုများ ဖြစ်ပွားပြီးနောက် စစ်တပ်လိုလားသည့် ထိုင်းအစိုးရက ၎င်း၏ သံတမန်ရေးရာလမ်းကြောင်းဖြင့် မြန်မာစစ်တပ်အား ပုံဖော်ရန် အချင်းချင်း အပြန်အလှန်ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြသည်ဟု Nikkei Asia (May 12,2021) က ရေးသားသည်။

…   
မကြာသေးမီက #ဂျကာတာ_အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းအစိုးရဖြတ်ကျော်ပုံက #ဝန်ကြီးချုပ်_ပရာယွတ်၏ ချဉ်းကပ်နည်းများကို ညွှန်ပြလျှက်ရှိသည်။ မြန်မာ့အရေးအား တုန့်ပြန်မည့်ဒေသတွင်းနိုင်ငံခေါင်းဆောင်များ အစည်းအဝေးသို့ ပရာယွတ်က ကိုယ်တိုင်မတက်ပဲ သူ၏ နိုင်ငံခြားရေးဝန်ကြီးးကိုသာ စေလွှတ်ခဲ့သည်။

…   
ဧပြီ ၂၄-ရက်နေ့ အင်ဒိုနီးရှားနိုင်ငံမြို့တော်သို့ အာဏာရယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ်ရောက်ရှိလာသည့် မြန်မာစစ်အစိုးရခေါင်းဆောင် စစ်တပ်အကြီးအကဲ #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမည့်အရေးမှ လွဲချော်လေဟန် ပရာယွတ်က ပြသသည်။

…   
မင်းအောင်လှိုင်နှင့် တွေ့ဆုံရေးမှာ ပရာယွတ်အတွက် အာဆီယံထိပ်သီးအစည်းအဝေးသို့ သွားရောက်ရန်အထိ မလိုအပ်ပါ၊ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ထိုင်းစစ်တပ်အဖွဲ့ဝင်များနှင့် #တပ်မတော် ခေါ် မြန်မာစစ်တပ်တို့ အကြား တိုက်ရိုက်ချိက်ထားခြင်းကို ပရာယွတ်က အကျိုးရှိရှိ အသုံးချနိုင်သည်၊ နောက်ကွယ်ဆက်သွယ်ရေး လမ်းကြောင်းများ ရှိနေပြီး လူချင်းတွေ့ဆုံခြင်း မရှိပဲ အဆက်အသွယ် ပြုလုပ်နိုင်သည်။ မြန်မာတွင် အာဏာသိမ်းစဉ်ကတည်းက နှစ်ယောက်ချင်း စကားပြောဆိုခဲ့ကြပြီး မည်သို့ ဆက်သွယ်ရမည်ကို သိရှိကြကြောင်း ထိုင်းဝန်ကြီးချုပ် အတွင်းစည်းမှ သတင်းရင်းမြစ် စိတ်ချယုံကြည်ရသူက ရှင်းပြသော်လည်း မည်သည့်အ ကြောင်းအရာများ ဆွေးနွေးကြသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။

…  
ယခု အငြိမ်းစား ဗိုလ်ချုပ်ကြီးပရာယွတ်သည် ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ် ၂၀၁၄ ခုနှစ်တွင် ရွေးကောက်ခံ ထိုင်းအစိုးရအားဖြုတ်ချခဲ့သည်။ ၂၀၁၉-ခုနှစ် အထွေထွေရွေးကောက်ပွဲတိုင်အောင် ၎င်းဦးဆောင်သော ထိုင်းစစ်အစိုးရ၏ ၅-နှစ်တာ ကာလအတွင်း ယခု ၂-နှစ်သားရှိပြီဖြစ်သည့် စစ်တပ်လိုလားသော မဟာမိတ်အုပ်ချုပ်ရေးဖြစ်ပေါ်လာစေရန် လမ်းခင်းပေးခဲ့သည်။

…     
မြန်မာ့အရေး ပလေယာများအား ထိုးဖောက်လျှက် စေ့စပ်ညှိနှိုင်းခဲ့သော ဝါရင့်ထိုင်းသံတမန်များအတွက် နှစ်ဘက် စစ်တပ်နှစ်ခုအကြားရှိ ဤအချက်ကို မျက်ခြည်ပြတ်ခြင်း မရှိချေ။ တပ်မတော် ၂-ရပ်သည် ရဲဘော်ရဲဘက်များပမာ မှတ်ယူကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်နိုင်ကြကြောင်း၊ ထိုင်းနှင့် မြန်မာစစ်တပ်တို့သည် အဆင့်ဆင့်တွင် အဆက်အသွယ် အများအပြားတည်ဆောက်ထားပြီး နယ်မြေတပ်မှူးများ၊ နယ်စပ်တပ်မှူးများ၊ ဒေသဆိုင်ရာတပ်မှူးများနှင့် အမြင့်ဆုံးအဆင့် စစ်ဌာနချုပ်အထိ ရှိနေကြောင်း ထိုင်းသံအမတ်ကြီးဟောင်း #ကော့ဗ်ဆက်_ချူတီကူလ်က ရှင်းပြသည်။

…   
နှစ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၅၀၀ မျှ ထိစပ်နေကြပြီး မြန်မာအတွက် အရှေ့မြောက်မှ တရုတ်နှင့် အနောက်ဖက်မှ အိန္ဒိယတို့၏ နယ်စပ်မျဉ်းထက် ပို၍ ရှည်လျားသည်။ ထိုင်းမြောက်ပိုင်းလုံခြုံရေးကို တာဝန်ယူရသော တတိယတပ်မတော်မှ တပ်များသည် လွင်ပြင်များ၊ ဝေးလံခေါင်ဖျားတောင်တန်းဒေသများ၊ တောင်ကြားများ၊ လူနှင့်ကုန်စည် ၂-မျိုးလုံး စီးဆင်းလျှက် ပျားပန်းခပ်နေသော နယ်စပ်မြို့များ တစ်လျှောက် စောင့်ကြပ်ရသည်။

…  
အဆိုပါ တပ်များသည် အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများကို လူပေါင်း ၇၅၀ အသက်ဆုံး ရှုံးရသည့် တပ်မတော်၏ နှိမ်နင်းမှုတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များနှင့် ရင်ဆိုင်နေရသည်။ ၎င်းနယ်စပ်သည် တရားမဝင်လက်နက်များနှင့် မြန်မာပြည်အရှေ့မြောက်ပိုင်းရှိ မူးယစ်ဆေးချက်စခန်းများမှ ဒေါ်လာဘီလီယံချီ တန်ဖိုးရှိ မူးယစ်ကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်နေသည်။ ထိုင်းစစ်တပ်သည် အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်၍ အရှေ့တောင်အာရှဘုရင့်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ပုံဖော်ရာတွင် ရိုက်ခတ်မှု များစွာ ပြောဆိုခံရသည့် အစဉ်အလာရှိသည်။

…    
သို့သော် မင်းအောင်လှိုင်သည် ၂၀၁၄-ခုနှစ် ပရာယွတ်၏ အာဏာသိမ်းမှုကို ဂုဏ်ပြုသည့် ပထမဆုံးသော အရှေ့တောင်အာရှမှ စစ်ခေါင်းဆောင်ဖြစ်သည်။ ၎င်းမတိုင် ၂-နှစ်က ထိုင်းကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ ဝန်ကြီးချုပ်ဟောင်း၊ တော်ဝင်အကြံပေးပရီဗီကောင်စီဥက္ကဋ္ဌ #ဗိုလ်ချုပ်ကြီး_ပရမ်_တင်ဆူလာနွမ်ဒါက မင်းအောင်လှိုင်ကို သားအဖြစ် မွေးစားခဲ့သည်။

…   
ထိုင်းနိုင်ငံနှင့် မင်းအောင်လှိုင်တို့၏ ပုဂ္ဂလိက ဆက်ဆံရေးသည် ၂၀၁၈ ခုနှစ်တွင် ထိုင်းဘုရင်မင်းမြတ်၏ #မြင့်မြတ်သောဆင်ဖြူတော်ဝင်_သူရဲကောင်းဘွဲ့တံဆိပ်(ပထမအဆင့်) ချီးမြှင့်ပေးအပ်သည့်အခါ မြင့်မားသောအဆင့်သစ်သို့ ရောက်ရှိခဲ့သည်။ ထိုင်းတပ်မတော်အတွက် ထူးချွန်သော ထောက်ခံများကြောင့် ဂုဏ်ပြုခြင်း ဖြစ်သည်ဟု ထိုအချိန်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။

…  
မင်းအောင်လှိုင်နှင့် ထိုင်းစစ်တပ်တို့ ပေါင်းစည်းမှုသည် တချိန်က သမိုင်းဝင်ရန်ငြိုးများ၊ မယုံသင်္ကာမှုများ၊ နယ်စပ်အငြင်းပွားမှုများ အတိပြီးသည့် အိမ်နီးချင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးကို သိသိသာသာ ရောင်ပြန်ဟပ် ပြောင်းလဲစေခဲ့သည်။

…   
လွန်ခဲ့သော ၁၀ နှစ်ကျော်က ထိုင်း၏ မြန်မာအပေါ်ထားရှိသော လုံခြုံရေးမူဝါဒမှာ #ကြားခံဇုန်မဟာဗျူဟာ တည်ဆောက်ရေး ဖြစ်သည်။ တပ်မတော်အား ဆန့်ကျင်လျှက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တို့အား ထိုင်းနယ်စပ်တလျှောက် (ကြားခံဇုန်) တွင် လှုပ်ရှားမှုရန် ခွင့်ပြုခြင်းဖြစ်သည်။

…   
ထိုစဉ်က ကြားခံဇုန်မူဝါဒကြောင့် နှစ်နိုင်ငံအကြား ယုံကြည်မှုကင်းမဲ့နေခဲ့သည်။ ယခုအခါ ထိုသို့ မဟုတ်တော့ပဲ ထိုင်းနိုင်ငံ၏ နယ်စပ်ရေးရာဝါဒများမှာ နယ်စပ်ကုန်သွယ်ရေး အကောင်အထည်ဖော်ရန် အပါအဝင် ကဏ္ဍများစွာတို့တွင် ပြောင်းလဲသွားခဲ့သည်။

ထိုင်းနိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံအထိ ရှိခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ် ၃-ခုအတွင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဘီလီယံခန့်ရှိခဲ့ရာ တရုတ်နှင့်စင်္ကာပူ ပြီးလျှင် တတိယမြောက်ဖြစ်သည်။

…   
စေ့စပ်ပြောဆိုခြင်းခြင်းသည် ဦးစားပေး လုပ်ငန်းဖြစ်ပြီး ထိုင်းနှင့် မြန်မာတို့မှာ အများထင်မှတ်သည်ထက် ပိုမိုနီးစပ်ကြောင်း ပရာယွတ်ချန်အိုချာ၏ ဝန်ကြီးချုပ်ရုံး သတင်းရင်းမြစ်က ဆိုပါသည်။

#ထိုင်းဝန်ကြီးချုပ်နှင့်မြန်မာစစ်ခေါင်းဆောင်တို့_နောက်ကွယ်တွင်_ဆက်သွယ်နေကြ။

(((Nikkei Asia., May 12, 2021,” Thai PM and Myanmar junta chief stay engaged via back channels.By: MARWAAN MACAN-MARKAR” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။)))

https://asia.nikkei.com/Spotlight/Myanmar-Coup/Thai-PM-and-Myanmar-junta-chief-stay-engaged-via-back-channels

+2

Leave a Reply

Your email address will not be published.