ထိုင်ဝမ်အရှေ့မြောက်ပိုင်း တံတားပြိုကျပျက်စီး။ ပေ ၄၆၀ ခန့်အရှည်ကို အခန်းတစ်ခုတည်းဖြင့်တည်ဆောက်သည့် အာရှတိုက်၏ ပထမဆုံးနှင့် တစ်ခုတည်းသော သံမဏိကြိုးဆိုင်း တံတားပြိုကျ၍ လူ ၂၀ ကျော် ဒါဏ်ရာရရှိ

ထိုင်ဝမ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ နန်ဖန်အိုတံတားပြိုကျပျက်စီးသဖြင့် လူ ၂၀ ကျော်ဒါဏ်ရာရရှိကြောင်း ဆူအော့ခရိုင်ငါးလုပ်ငန်းအသင်းက ကြေညာသည်ဟု Taiwan News က ယနေ့ရေးသားသည်။ 

ယနေနံနက် ၉း၃၀ နာရီခန့်တွင် တံတားပေါ်၌ ဆီတင်မော်တော်ယာဉ်တစ်စီးဖြစ်သန်းစဉ် ပြိုကျသွားခြင်းဖြစ် ကြောင်း သိရှိရသည်။ ဆီတင်ယာဉ်သည် တံတားတစ်ဖက်စွန်းရောက်လုဆဲတွင် တံတားခါးလယ်ပိုင်းမှ စတင်ကျိုးပျက်၍ တံတားအစိတ်အပိုင်းအများစုမှာ ရေထဲသို့ ပြိုကျသွားခြင်းဖြစ်သည်ဆို၏။ တံတားအပျက်အောက်တွင် ငါးဖမ်းဘုတ် ၃-စီးခန့်ရှိပုံရသည်။ 

CCTV ကင်မရာများစွာတို့က အခင်းပွားသည်ကို အနေအထားပေါင်းစုံမှ မှတ်တမ်းတင်နိုင်ခဲ့ရာ တံတားတစ်ဖက် စွန်းသို့ အောင်မြင်စွာဖြတ်ကူးနိုင်ရန် စက္ကန့်ပိုင်းမျှသာလိုတော့ကြောင်းတွေ့မြင်ကြရသည်။ တံတားပြိုကျမှု ကြောင့် လူ ၁၀-ဦးဒါဏ်ရာရရှိကြောင်းနှင့် ၆-ဦးမှာ စိုးရိမ်ရသောအခြေအနေတွင်ရှိကြောင်း ယီလန်းကောင်တီ မီးသတ်ဋ္ဌာနက သတင်းထုတ်ပြန်သည်။ 

တံတားအပျက်အစီးအောက်တွင် ငါးဖမ်းသမား ၆-ဦးပိတ်မိနေဆဲဖြစ်ကြောင်း၊ ပြိုကျချိန်တံတားအောက်တွင် ငါးဖမ်းသမား ၁၁-ဦးရှိသည့် ငါးဖမ်းဘုတ် ၃-စီးရှိနေရာ ၅-ဦးကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း ဆူအော့ခရိုင်ဝန်က ပြောဆိုသည်။ 

နန်ဖန်အိုငါးလုပ်ငန်းဆိပ်ကမ်းနှင် ဆက်သွယ်ပေးထားသည့် အဆိုပါတံတားသည် ၁၉၉၈-ခုနှစ်ကမှ ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သည်။ အကျယ်ပေ ၅၀၊ ပေ ၄၆၀ ခန့်အလျှားကို အခန်းတစ်ခုတည်းဖြင့်တည်ဆောက်သည့် သံမဏိကြိုးဆိုင်းတံတားသည် ထိုင်ဝမ်နိုင်ငံတွင် တစ်ခုတည်းဖြစ်ယုံသာမက အာရှတိုက်တွင်လည်း ပထမဦးဆုံးသောတံတားဖြစ်သည်။ 

( အောက်တိုဘာ- ၀၁၊ ၂၀၁၉ ) ((( Taiwan News., Oct 1, 2019,” NE TAIWAN BRIDGE COLLAPSE!!!.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.youtube.com/watch?v=OSCPUGHUyIs

2+

Leave a Reply

Your email address will not be published.