ထိုင်ဝမ်၏ဝေဟင်ပိုင်နက်အတွင်း တရုတ်စစ်လေယာဉ်များ ကျူးကျော်ဝင် ရောက်။ ကန်လွှတ်တော်အမတ်ဟောင်း တိုင်ပေသို့ရောက်နေစဉ် တရုတ်က လေကြောင်းစစ်ရေး လေ့ကျင့်မှုပြုလုပ်။ ထိုင်ဝမ်-အမေရိကန် ပူးပေါင်းလိမ်လည်မှုတွင် တရုတ်က မည်သည့်စကားမျှ ပြောဆိုမည် မဟုတ်ဟု ဆို


တင်းမာမှုများ မြင့်တက်နေစဉ် တရုတ်က ထိုင်ဝမ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်ပြီး ကျွန်းနိုင်ငံ၏ လွတ်လပ်ရေးအတွက် အမေရိကန်၏ ထောက်ခံမှုကို အားကိုးသော တိုင်ပေခွဲထွက်ရေးဝါဒီများအား ပြင်းထန်စွာ အချက်ပြလိုက်သည်ဟု ပြောဆိုကြောင်း Russia Today က ယမန်နေ့ ရေးသားသည်။

#တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် #PLA ၏ ထိုင်ဝမ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်မှုမှာ အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် လိုအပ်သောလေ့ကျင့်မှုများဖြစ်ကြောင်း၊ ထိုင်ဝမ်လွတ်လပ်ရေးဆိုသည်ကို ထိန်းချုပ်ရန် တားဆီးခြင်းနှင့် ထိုင်ဝမ်-အမေရိကန် ပူးပေါင်းလိမ်လည်မှုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မည်သည့်စကားမျှ ပြောဆိုမည် မဟုတ်သည်ကို အချက်ပြမှုဖြစ်ကြောင်း ထိုင်ဝမ်ရေးရာ ပြောခွင့်ပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့ မီဒီယာတွေ့ဆုံပွဲ၌ ရှင်းလင်းသည်။

စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်နေသာမန်ပြည်သူများအား ရည်ရွယ်ခြင်း မဟုတ်ပဲ၊ ထိုင်ဝမ်ကျွန်းအား တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးတွင် တည်ရှိဆဲဖြစ်သည်ကို ပြောဆိုလိုရင်းဖြစ်ကြောင်း၊ ခွဲထွက်ရေးလှုပ်ရှားမှုဝါဒီများ၏ လက်တွင် မည်သည့်နယ်မြေကိုမျှ ထားခဲ့မည် မဟုတ်ကြောင်း၊ အမေရိကန်သည် တစ်ဘက်တွင် ထိုင်ဝမ်လွတ်လပ်ရေးတပ်သို့ သတင်းအချက်အလက်မှားများ ပေးပို့၍ ထိုင်ဝမ်အကွက်ဖြင့် စစ်ရေးခြိမ်းခြောက်လျှက်ရှိကြောင်း ပြစ်တင်ပြောဆိုသည်။

ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန်နှင့်နီးကပ်စွာ မဟာမိတ်ဖွဲ့ခဲ့သည့် ထိုင်ဝမ်တွင် ပြည်ပနိုင်ငံများက စွက်ဖက်လျှက်ရှိခြင်းကို တရုတ်က အစဉ်တစိုက် ကန့်ကွက်ခဲ့သည်။ တရုတ်အစိုးရတာဝန်ရှိသူများအနေဖြင့် ထိုင်ဝမ်နှင့် ပိုမိုထိတွေ့ခွင့်ပြုရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက လမ်းညွှန်ချက်များကို အပြောင်းအလဲပြုလုပ်ပြီးနောက် မီးနှင့်မကစားရန် ပေကျင်းက ဝါရှင်တန်အား သတိပေးခဲ့သည်။ ထိုစဉ် #အမေရိကန်အထက်လွှတ်တော် _အမတ်ဟောင်း_ခရစ်စ်ဒေါ့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ်သို့ ရောက်ရှိနေ သည်။

ထိုင်ဝမ်ကမူ နယ်စပ်အနီး တရုတ်၏ စစ်ရေးလေ့ကျင့်မှုများမှာ တင်းမာမှုဖြစ်စေကြောင်း ပြောဆိုသည်။ တနင်္လာနေ့တွင် စစ်လေယာဉ် ၂၅- စင်းသည် ကျွန်းနိုင်ငံ၏ #ကာကွယ်ရေးစိစစ်ခွဲခြားမှုဇုန်_ဝေဟင်အတွင်း ဝင်ရောက်ပျံသန်းခဲ့ပြီး ယခုအချိန်အထိ အကြီးမားဆုံး ပိုင်နက်ကျူးကျော်မှုဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

တရုတ်၏ လုပ်ဆောင်မှုအား အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့ပြီး ထိုင်ဝမ်အပေါ် ဖိအားပေးမှုအားလုံးတို့ကို ရပ်တန့်ရန် ပေကျင်းအား တောင်းဆိုကြောင်း သတင်းထုတ်ပြန်သည်ဟု ဒေသန္တရ မီဒီယာများက ဖော်ပြသည်။

ဤအတောအတွင်း တရုတ်အပေါ် ရန်စမှုများ ထပ်မံဖြစ်ပေါ်နေခဲ့လျှင် အလားတူ ပျံသန်းမှုနှင့် စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်သွားဖွယ်ရှိကြောင်း စစ်ဘက်လေကြောင်းကျွမ်းကျင်သူတစ်ဦးအား ကိုးကား၍ တရုတ်အစိုးရပိုင် သတင်းစာ Global Times ယမန်နေ့ရေးသားသည်။

(((Rt News., 14 Apr, 2021,”
Chinese military drills aimed against Taiwan’s independence & ‘collusion’ with US – Beijing.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။)))

#ထိုင်ဝမ်ဝေဟင်ကာကွယ်ရေးဇုန်_တရုတ်စစ်လေယာဉ်အလုံးအရင်းဖြင့်ကျူးကျော်

https://www.rt.com/news/520982-china-taiwan-military-drill/
https://www.rt.com/news/520972-taiwan-biden-usa-diplomats-taipei/

+1

Leave a Reply

Your email address will not be published.