ထူးလဲ ထူးတယ်၊ မူးလဲ မူးတဲ့ ဒို့ မိုမိုကြီးနော်

အောက်ဖော်ပြ သတင်းဓါတ်ပုံများကို တရုတ်နိုင်ငံတွင် တွေ့ရှိရသော ဆင်ဖြူတော်များအဖြစ် Facebook တွင် လွှင့်တင်သူများ ရှိနေကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ လူများ၏ နယ်မြေချဲ့မှုကြောင့် တောရိုင်းတိရစ္ဆာန်များမှာ အစာရေစာ ရှားပါးလာပါသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တောဆင်ရိုင်း ၁၄-ကောင်မှာ ရွာအတွင်းကျူးကျော် ဝင်ရောက်လာသည်။ လူတို့ ဝှက်ထားသော ဆန်အရက် ၃၀-ကီလိုဂရမ်ကို ခိုးသောက်ပြီးသကာလ လဖက်ခင်းထဲ၌ မူးလဲနေကြပုံဖြစ်သည်။

မူရင်းကို Epicalyptic အမည်ရှိ သုတပညာရေး Facebook စာမျက်နှာက ၁၈-မတ်၊ ၂၀၂၀ ရက်နေ့တွင် လွှင့်တင်ထားခြင်းဖြစ်သည်။

ဓါတ်ပုံများတွင် ဆင်တို့၏ အရောင်မှာ ဖြူရော်ရော်ဖြစ်နေသော်လည်း ဆင်ဖြူဖြစ်ကြောင်း မူရင်းဖော်ပြချက်၌ မပါရှိပါ။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်အဖြူရောင် သမ်းနေသည့် ဆင်မျိုးများမှာလည်း ယခုလောက် အစုအပုံလိုက် များများစားစား မရှိတတ်ပဲ အလွန်ရှားပါးလှပါသည်။

ကမ္ဘာ့လူဦးရေ တိုးလာလေလေ နေထိုင်ရန်နှင့် စာနပ်ရိက္ခာစိုက်ပျိုးရန် သစ်တောများကို ခုတ်ထွင်ရှင်းလင်းပစ်နေကြသည်။ ထိုအခါ တောကိုမှီ၍ အသက်ရှင်ရသည့် တောရိုင်းတိရစ္ဆာန်တို့အတွက် ရှင်သန်ကျင်လည်ရန် စားကျက်မြေရှားပါးလာသည်။ လူအများ၏ အရိုး-အစွယ်- အရေခွံကို လိုချင်၍ မတရား ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တောရိုင်းတိစ္ဆာန်အတော်များများမှာ မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။

၁၉၁၆- ခုနှစ် အမေရိကန် တင်နက်ဆီပြည်နယ်တွင် ဆပ်ကပ်ပြပွဲ၌ လူကို နင်းသတ်သော ( အသက် ၂၃-နှစ်အရွယ် ) အာရှ ဆင်မကြီး ” မေရီ ” ခမျာ လူပုံအလည်၌ ကြိုးပေးကာ သေဒါဏ်စီရင်ခြင်းခံခဲ့ရသည်။

ယနေ့အချိန်တွင် တစ်ကမ္ဘာလုံး၌ ဆင်တို့မှာ ကောင်ရေအနည်းငယ်သာ ကျန်တော့သည်။ ကျွန်တော်တို့၏ လောဘကြောင့် အတိဒုက္ခရောက်လျှက် လူနေရွာထဲဝင် အစာလုယက်ကြရသည့် မိုမိုတို့တွင် အပြစ်ရှိသည်ဟု မသတ်မှတ်ကြတော့ပါ။

နောက်ဆုံး လူ ၄-၅ ယောက်မှ နင်းသတ်သည့်တိုင် သူတို့ကိုယ်သူတို့ ခုခံကာကွယ်ခြင်းသာဖြစ်သည်ဟု မြင်လာကြသည်။ ထို့ကြောင့် အသေမသတ်ကြပဲ မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းကာ ပိုမိုနက်ရှိုင်းသော တောအတွင်း ပြန်လည်ပို့ဆောင်ပေးလျှက်ရှိပါသည်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

https://www.facebook.com/Epicalyptic/
1+

Leave a Reply

Your email address will not be published.