ဒါကာမြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်။ လော့ဒေါင်းတားဆီးပိတ်ဆို့ မှု တဖန်ပြန်လည်တင်းကြပ်ဖွယ်ရှိ။ ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု ၄၆% အထိ ရှိလာ၊ဒယ်လ်တာ အိန္ဒိယဗီဇပြောင်းဗိုင်းရပ်စ် ဘင်္ဂလားဒေ့ရှ်မြို့တော်သို့ ရောက်ရှိနေ


မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု မြင့်တက်လာခဲ့သဖြင့် လွန်ခဲ့သည့် နှစ်ဧပြီလနည်းတူ တင်းကျပ်သော လော့ဒေါင်းတားဆီးတင်းကြပ်မှု ထပ်မံကြုံ တွေ့ရဖွယ်ရှိကြောင်း အများပြည်သူအချင်းချင်း သတိပေးမှုများ ဖြစ်ပေါ်လျှက်ရှိသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။

…  
ဗိုင်းရပ်စ်ပိုး ကူးစက်သူဦးရေ မြင့်တက်လာသည့်အတွက် စိုးရိမ်ပူပန်ကြောင်း၊ လာမည့် ၉-ရက်အတွင်း ဒါကာဧရိယာကို အခြားနယ်မြေများနှင့် သီးသန့်ပိုင်းခြားထားရန် အစိုးရက ညွှန်ကြားထားကြောင်း၊ လော့ဒေါင်းတားဆီးတင်းကြပ်ရန် ခရိုင် ၇-ခုခွဲခြားထားပြီး ၎င်းတို့အနက် ၄-ခုမှာ ဒါကာကို ဝိုင်းပတ်ထား၍ အခြား ၃-ခုမှာ မြို့တော်အနီးအနားရှိ ခရိုင်များဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောဆိုသည်။

…   
လွန်ခဲ့သည့် ၁၅-ရက်တွင် ဒါကာမြို့၌ Covid-19 ရောဂါကူးစက်လျှက်ရှိကြောင်း အတည်ပြုခံရသူ ပမာဏမှာ စစ်ဆေးမှုစုစုပေါင်း၏ ၃.၄၅ % သာရှိခဲ့သော်လည်း လောလောဆယ်တွင် ၁၁.၇၃% အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ကူးစက်နှုန်း မြင့်မားလာခြင်းအပေါ် တာဝန်ရှိသူများအနေဖြင့် စိုးရိမ်လျှက်ရှိကြောင်း၊ ဒါကာအနီးအနားရှိ ခရိုင် ၃-ခုတို့တွင်လည်း ကူးစက်မှုမြင့်တက်လျှက်ရှိပြီး ၎င်းခရိုင်နေသူ တို့မှာ မြို့တော်သို့ ပုံမှန် ကူးလူးသွားလာလျှက်ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာညွှန်ကြားမှု ဦးစီးဌာန (DGHS) အဆိုအရ သိရှိရသည်။

…   
အဆိုပါ ခရိုင် ၃-ခုတို့၌ လွန်ခဲ့သည့် ၈-ရက်အတွင်း နေ့စဉ်ကူးစက်ခံရသူ ပမာဏမှာ စစ်ဆေးမှု၏ ၂၀ – ၄၆.၈၁% အထိ ရှိနေခဲ့ပြီး၊ (အိန္ဒိယမျိုးကွဲအဖြစ် ပြောဆိုကြသည့်) ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်မှာ ဒါကာမြို့တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

…   
ရောဂါပျံ့နှံမှုကို ထိန်းချုပ်မရနိုင်သေးသော်လည်း လူနာအရေအတွက် နည်းပါးနေဆဲဖြစ်ကြောင်း၊ ထိုအတွက် ဒါကာပြင်ပမှ လူနာများကိုလည်း လက်ခံကုသပေးလျှက်ရှိကြောင်း၊ ယခုထက် ကူးစက်မှု ပိုမိုပျံ့နှံလာပါက ယခင်နှစ် ဧပြီလကဲ့သို့ တားဆီးကန့်သတ်မှုတင်းကြပ်ရန် သို့မဟုတ် ဆေးရုံများတွင်လူနာများနှင့် ပြည့်လျှံသွားသည့်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရလိမ့်မည် ဆို၏။

…    
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံ အဆောက်အအုံများအား သိသိသာသာတိုးမြှင့်ဆောင်ရွက်ထားပြီးဖြစ်၍ ထပ်မံတိုးချဲ့ရန် အခွင့်အလမ်း နည်းပါးလျှက်ရှိသည်။

…   
ဆေးဘက်ဆိုင်ရာကောလိပ်နှင့် ဆေးရုံတော်တော်များများကို ဆောက်လုပ်နေဆဲဖြစ်ပြီး၊ မြို့နယ်နှင့်ခရိုင်ဆေးရုံများအား Covid-19 ကုသရေး ဆေးရုံများအဖြစ် ပြောင်းလဲ အသုံးပြုရန်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်နေကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

#ဒါကာမြို့_ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်နှုန်းမြင့်တက်နေ

…  
(((Dhaka Tribune., June 21st, 2021,” Covid-19: Increasing infection rate in Dhaka raises alarm.” By: Kamrul Hasan ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။)))

https://www.dhakatribune.com/bangladesh/2021/06/21/covid-19-increasing-infection-rate-in-dhaka-raises-alarm 

Leave a Reply

Your email address will not be published.