ဒါကာမြို့လယ် ၃-ထပ် ရခိုင်ဈေးကြီးတွင် ပေါက်ကွဲမီးလောင်မှုဖြစ်။ မသမာလုပ်ကြံမှု မဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ ငြင်းဆို။ ဓါတ်ငွေ့ယိုစိမ့်ခြင်းကြောင့်ဖြစ်နိုင်ဟု ပြော။ သေဆုံးသူ ၇-ဦး ထက်မနည်း ဖြစ်လာ။ လူအများအပြား ဆေးရုံတင်ရပြီး အချို့မှာ စိုးရိမ်ရ


လှနခွဲ့သညွ့ တနငွဂြနှနေေ့ည ဝရး၃၀ နာရီခနွ့တှငွ ဘငွဂြလားဒေ့ရွှနိုငငွံ ဒါကာမှို့ လူစညကွားရာနယမွှရှေိ  မော့ဂဘွဇား (ရခိုငဈွေး) အဆောကအွအုံ၏ ဝိုငယွာလကဂွိတတွှငွ ပေါကကွှဲမှုဖှဈပှားခဲ့ရာ လူ ၇-ဦးထကမွနညွး သဆေုံးပှီး လမွးသှားလမွးလာနှငွ့ ပုံမှနခွရီး သှားလာသူအမှားအပှားအပါအဝငွ လူရာနှငွ့ခှီ၍ ဒဏရွာရရှိသဖှငွ့  မှို့တောအွတှငွး ဆေးရုံအသီးသီးတို့၌ ကုသမှုခံယူခဲ့ကှရသညဟွု bdnews24 က ယနေ့ ရေးသားသညွ။

…   
အဆာက်အအုံ၏ တစ်နေရာရာတွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်ဖြစ်ရသည်ဟု ယုံကြည်ရပြီး မသမာလုပ်ကြံမှု မဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ ငြင်းဆိုသည်။

…  
၇၉ အပြင်ဆာကျူလာလမ်းမတစ်လျှောက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော တိုင်များ၊ မှန်ကွဲနှင့် ကွန်ကရစ်အပိုင်းအစတို့ဖြင့် ဖုံးလွှမ်းသွားပြီး အကြီးအကျယ်ပျက်စီးသွားသော ဘတ်စ်ကား ၂-စီးကို သုံးထပ်ဈေးကြီး၏ အပြင်ဘက်တွင် ပုံလျှက်သားတွေ့မြင်ရသည်ဟု မျက်မြင်သက်သေများက ပြောဆိုသည်။ အဆောက်အအုံ၏ မြေညီထပ်တွင် စားသောက်ဆိုင်နှင့် ဘင်္ဂလားအသားဆိုင်များ တည်ရှိပြီး ဒုတိယထပ်တွင် အရောင်းပြခန်းများ ဖွင့်လှစ်ထားသည်။

…   
ပေါက်ကွဲမှုဖြစ်ပွားသည်ဟု ယူဆရသည့်နေရာမှာ အဆောက်အအုံတွင် ယခင်တည်းက ရှိခဲ့သည်ဟု ဆိုကြသော သုံးထပ်မျက်နှာစာတွင် ဖြစ်ပြီး ၎င်း၏ နောက်ဖက်တွင် တိုးချဲ့အထပ်များကို တွေ့မြင်နိုင်သည်။

…  
အခင်းဖြစ်ပွားရာ၌ လူ ၇-ဦးသေဆုံးကြောင်း သတင်းရရှိသည်ဟု ဒါကာမြို့တော်ရဲတပ်ဖွဲ့ကော်မရှင်နာမင်းကြီးက ပြောဆိုသော်လည်း သတင်းထောက်များနှင့် စကားပြောဆိုနေစဉ် သေဆုံးသူ ၃-ဦးအထိရှိကြောင်း မီးသတ်တပ်ဖွဲ့ ထံမှ သိရှိရသည်။

…   
ပေါက်ကွဲခြင်းနှင့် အဆောက်အအုံပြိုကျခြင်းတို့ကြောင့် ဒဏ်ရာရရှိသူ ၄၀၀ ထက်မနည်းရှိသည်။ သို့သော် အများအပြားတို့မှာ သာမန်ပွန်းပဲ့ဒဏ်ရာများသာ ရရှိကြသည်။ ဒဏ်ရာကြီးကြီးမားမားရရှိသူများကို ဆေးရုံ ၅-ခုသို့ ပို့ဆောင်ပေးခဲ့ရာ အများစုမှာ ဒါကာဆေးဘက်ဆိုင်ရာကောလိပ်ဆေးရုံ၌ ကုသပေးနေရကြောင်း၊ ဆေးရုံရောက်မှ သေဆုံးသူများတွင် ကလေးငယ်တစ်ဦးပါဝင်၍  ခန္ဓာကိုယ်အနှံ့အပြားတွင် မီးလောင်ဒဏ်ရာများရရှိထားသည့် အခြားလူနာ ၄-ဦးမှာ စိုးရိမ်ရသော အခြေအနေရှိသည်ဆို၏။

..  
အခင်းဖြစ်ပွားစတွင် မည်သည့်အတွက် ပေါက်ကွဲမှုဖြစ်ရကြောင်း ချက်ချင်းမသိခဲ့ကြချေ။ ပါဝါထရန်စဖော်မာ ပေါက်ကွဲသည်ဟု အနီး၌နေထိုင်သူအချို့က ဆိုကြပြီး ပေါက်ကွဲမှုမှာ အဆောက်အအုံအတွင်း၌ ဖြစ်ပွားကြောင်းလည်း ပြောဆိုကြသည်။ သို့သော် အခင်းဖြစ်ပွားရာသို့ ကျွမ်းကျင်သူများ ချက်ချင်းရောက်ရှိသွားခဲ့ကြပြီး ပေါက်ကွဲမှုမှာ လျှပ်စစ်လိုင်းကြောင့် မဟုတ်ကြောင်း အတည်ပြုသည်ဟု ဒါကာစွမ်းအင်ဖြန့်ဖြူးရေးကုမ္ပဏီ (DPDC) ငြင်းဆိုသည်။

ပေါက်ကွဲမှုမှာ သုံးထပ်ဆောင် မြေညီထပ်တွင် ဖြစ်ပွားခဲ့ပြီး ရေခဲသေတ္တာအမြောက်အများသိုလှောင်ထားရာမှ ယိုစိမ့်ဓါတ်ငွေ့များ ပိတ်လှောင်၍ ပေါက်ကွဲမှုဖြစ်ရသည်ဟု မီးသတ်ဋ္ဌာနက သံသယရှိပြီး စုံစမ်းစစ်ဆေးမှု ပြီးဆုံးမှသာ အကြောင်းရင်းကို ရှင်းလင်းစွာ သိရှိရလိမ့်မည်ဖြစ်သည်။

((ယခုအခင်းဖြစ်ပွားရာ ဒါကာမြို့ သုံးထပ်ဈေးကြီးကို မော့ဂ်ဘဇား Moghbazar ရခိုင်ဈေးဟု ခေါ်ကြပါသည်။ အေဒီ ၁၆၃၈-ခုနှစ်တွင် ငထွန်းခိုင်အမည်ရှိ မင်းသားတစ်ပါးမှာ ရခိုင်မှ ထွက်ပြေးလာပြီး နောင် ဒါကာမြို့ဧရိယာအတွင်း ပါဝင်လာမည့် ယခုနေရာ၌ ခိုလှုံခဲ့သည်။ ထို့ကြောင့် အဆိုပါနေရာတွင် တည်ရှိသောဈေးကို ရခိုင်ဈေး မော့ဂ်ဘဇားဟု ခေါ်ဆိုကြသော်လည်း လက်ရှိအချိန်တွင် ရခိုင်လူမျိုးများ နေထိုင်ခြင်း မရှိတော့ပါ။

ယခုဘင်္ဂလားဒေ့ရှ်၏ နယ်မြေအများအပြားမှာ တစ်ချိန်က ဘုန်းမီးနေလတောက်ပသည့် ရခိုင်ဘုရင်တို့၏ သြဇာအရိပ်အောက်တွင် တည်ရှိခဲ့ဖူးသည်။ အရှေ့ဘင်္ဂလားနယ်ကို သိမ်းသွင်းခဲ့သည့် ဟိန္ဒူနှင့် မွတ်စလင်အုပ်ချုပ်သူများက ရခိုင်တို့ကို Mogh- Mog မော့ဂ်ဟု ခေါ်ဆိုခဲ့ကြပြီး ယခုအခါ စစ်တကောင်းဒေသနေ ဗုဒ္ဓဘာသာဝင်အားလုံးတို့ကို မော့ဂ်ဟု ဆက်လက် ခေါ်ဆိုကြကြောင်း သိရှိရသည်။    ။သတင်းဘာသာပြန်သူ))

#ဒါကာမြို့_၃-ထပ်ရခိုင်ဈေးပေါက်ကွဲမီးလောင်

…  
(((Bdnews24., 27 Jun 2021,” At least 7 die in Moghbazar building collapse after explosion.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://bdnews24.com/bangladesh/2021/06/27/explosion-in-dhakas-moghbazar-some-feared-trapped
https://bdnews24.com/bangladesh/2021/06/28/dmp-chief-rules-out-foul-play-in-moghbazar-building-explosion 

Leave a Reply

Your email address will not be published.