ဒါမျိုးကို သတင်းဟု မသတ်မှတ်ပါ

သတင်းဆိုသည်မှာ #စိတ်ချယုံကြည်ရသော_ရင်းမြစ်ထံမှ_ရရှိခြင်း သာမက #သတင်းအတည်ပြုခြင်း ပါရှိရန် လိုအပ်ပါသည်။

ထိုသို့ မဟုတ်လျှင် ” ဧဝံ မေ သုတံ ” ” ကျွနု်ုပ် ဤ သို့ ကြားသိရသည် ” အဆင့်သာရှိသည်။

စိတ်ချယုံကြည်ရသော ရင်းမြစ်ထံမှ ရရှိသော သတင်းဖြစ်သည်ဆိုရာတွင် အတော် စဉ်းစားရန် ရှိနေသည်။

မကြာသေးမီက သတင်းမီဒီယာတွေ့ဆုံပွဲတစ်ခုတွင် ပြည်တွင်းအခြေစိုက် ထင်ရှားသော သတင်းသမားတစ်ဥၤီးက ” သတင်းမီဒီယာအနေဖြင့် မျှတစေရန် နှစ်ဖက်စလုံးကို မေးမြန်းရကြောင်း ” ပြောဆိုပြီး ဥပဒေပြင်ပ တစ်ဖက်အဖွဲ့အစည်း/ လူပုဂ္ဂိုလ်နှင့် ဆက်သွယ် မေးမြန်းရခြင်းကို ” အပြစ်”ဟု သတ်မှတ်ပါသလားဟု မေးခွန်း ထုတ်သည်ကို တွေ့ရှိရသည်။

ဤတွင် ” မျှတစေရန် နှစ်ဖက်မေးမြန်းရသည် ဆိုလျှင် ဖြေကြားသူသည် အမှန်တကယ်ပင် ယုံကြည် စိတ်ချထိုက်ပါသလား ” အပြောနှင့် လုပ်ရပ် ဖီလာဆန့်ကျင်ဖြစ်နေသူများလား

– မဟုတ်ဖူးချည့် ” ဘူးခံ” ဖို့နှင့် ပြောင်းပြန်ဆန့်ကျင်ပြောမည့်သူချည့် မေးမြန်းနေပါသလား။ ပြောနေသည့် အချက်အလက်များသည် ယုတ္ထိရှိပါသလား

 -♦ ဖြေကြားသူများသည် အမှန်ပြောနေခြင်း ဟုတ်-မဟုတ် စာဖတ်သူများ ဆုံးဖြတ်လိမ့်မည်ဟု ခေါင်း မရှောင်ပါနှင့်။

♦ အမှု့သည် ညွှန်ကြားသည့်အတိုင်း တရားရုံးတော်သို့ တင်ပြရခြင်းဖြစ်သည်ဟု ရှောင်လွဲရန် အားထုတ်သော ရှေ့နေပမာဖြစ်တတ်သည်။ အမှု့သည်ပေးအပ်/ညွှန်ပြသည့် အချက်အလက်များသည် ဥပဒေနှင့် ညီ-မညီ၊ တရားဝင်စာရွက်စာတမ်း/အချက်အလက် ဟုတ် – မဟုတ် စိစစ်ရန်မှာ ဥပဒေပညာရှင်၏ အလုပ်သာဖြစ်ခြင်းကြောင့် တရားခံ ထောင်မကျမီ ရှေ့နေ ထောင်ကျယုံသာရှိသည်။

♦ မည်သည့်ကိစ္စကို အဝှာအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က လက်မှတ်ရေးထိုး ကန့်ကွက်လိုက်သည် .. ဟု သတင်းဖတ်ရသည့်အခါ ၎င်းအဖွဲ့အစည်းများသည် အမှန်တကယ် ရှိရဲ့လား၊ လူဘယ်နှစ်ယောက်- ဘယ်နေရာတွင် တည်ထောင်ထားပါသလဲဆိုသည်ကို မီဒီယာကိုယ်တိုင် အတည်ပြုထားပြီး ဖြစ်-မဖြစ် အတော် သံသယရှိသည်။

ရေလာသဖြင့် မြောင်းဖောက်ရသော သတင်းများလား

ထို့ပြင် ယနေ့ ကျွန်တော်များ အတော်စိတ်ပျက်ရသော အကြောင်းအရာတစ်ခုမှာ သတင်းအကြောင်းအရာနှင့် ပတ်သက်သော အင်တာဗျူးများဖြစ်ပါသည်။ ထိုသို့ အင်တာဗျူးရာ၌ ဒီလူကို မေးလျှင် ဒီလိုအဖြေပေးတော့မည့်မှာ သေချာပြီးသူများအား မေးမြန်းနေကြဟန်တူသည်။

တစ်ခါလာလည်း ဒီလူချည့် ဖြစ်လေရာ ထိုသူ ပါးစပ်မဟမီကပင် ဘာပြောတော့မည်ကို သတင်းဖတ်သူများ သိရှိပြီးဖြစ်နေသည်။

ဒါပေဇိ

” မှန်တာ မမှန်တာ အသာထား၊ ငါတို့ ပြောတာများလျှင် လူတွေ အဟုတ်ထင်ကြမည် ” ဆိုလျှင်တော့ မည်သို့မျှ ဝေဖန်ရန် မရှိပါ။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

0

One Reply to “ဒါမျိုးကို သတင်းဟု မသတ်မှတ်ပါ”

Leave a Reply

Your email address will not be published.