ဒုက္ခသည်ဘင်္ဂါလီစခန်းများအတွင်း ARSA အကြမ်းဖက်အဖွဲ့ရှိနေသည်ဟု အိန္ဒိယမီဒီယာများရေးသားခြင်းကို ဘင်္ဂလားဒက်ရှ်ပယ်ချ။ အိုင်အက်စ်တို့က ARSA အား လေ့ကျင့်ပေးနေခြင်း မရှိဟု ပြော။ ARSA အား တိုက်ခိုက်ရန် အိန္ဒိယနှင့် ပူးပေါင်းသည့် ဘင်္ဂလားဒက်ရှ်တပ်များလည်း မရှိဟု ဆို

(( ကောခ်ဘဇားဒုက္ခသည်စခန်း- ARSA – အိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့် ပါကစ္စတန်ထောက်လှမ်းရေးတို့ ဆက်စပ်မှုကို အိန္ဒိယမီဒီယာများ ရေးသားသည့်အတိုင်း ကျွန်တော် ဘာသာပြန်ဆို၍ ( သြဂုတ်-၁၈၊ ၂၀၂၀ ) နေ့၌ ဖော်ပြခဲ့ပါသည်။ (https://h2oupdatenews.com/%e1%80%95%e1%80%ab%e1%80%80%e1%80%85%e1%81%a5%e1%80%90%e1%80%94%e1%80%b9%e1%80%b1%e1%80%91%e1%80%ac%e1%80%80%e1%80%b9%e1%80%9c%e1%80%bd%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8%e1%80%80/ ) 


၎င်းကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒက်ရှ်အာဏာပိုင်များ၏ မှတ်ချက်သတင်းများအား ယခုဆက်လက်ဖော်ပြအပ်ပါသည်။ ကျွန်တော်၏ ထင်မြင်ချက်ကိုမူ သီးခြားထပ်မံဖော်ပြရန်မရှိပါ။ နိုင်ငံတကာမီဒီယာတို့၏ ဓါတ်ပုံနှင့်တကွ အများသိတရားဝင်ရေးသားခြင်းဖြစ်သော်လည်း မြန်မာဘာသာပြန်ဆိုဖော်ပြလျှင် အမုန်းစကားအဖြစ် Facebook က သတ်မှတ်ဖယ်ရှားလျှက်ရှိပါသည်။ ထိုအတွက် မဝေးသော တစ်နေ့တွင် တရားမျှတမှု ရှာဖွေရန်မှာ ကျွန်တော့်တွင် တာဝန်ရှိနေဆဲဖြစ်သည်။ ။ သတင်းဘာသာပြန်သူ )) 


မကြာသေးမီက “ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူ “ IS အိုင်အက်စ်တို့သည် မြန်မာနိုင်ငံအတွင်းရှိ ARSA အဖွဲ့ကို ပံ့ပိုးလျှက်ရှိပြီး စစ်သွေးကြွများကို လေ့ကျင့်ပေးရန် ဘင်္ဂလားဒက်ရှ် အကြမ်းဖက်အဖွဲ့အား ကူညီလျှက်ရှိကြောင်း အိန္ဒိယသတင်းမီဒီယာတို့က ပူပူနွေးနွေး ဖော်ပြခဲ့ကြသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 


အိန္ဒိယမီဒီယာများ၏ ရေးသားသည့်အတိုင်း ဒုက္ခသည် ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ) စခန်းများ၌ အာရကန်ရိုဟင်ဂျာဆိုသူများ ကယ်တင်ခြင်းတပ် (ARSA) တို့ လှုပ်ရှားနေခြင်း မရှိ၊ ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ၏ ကျောထောက်နောက်ခံဖြင့် စစ်ရေးလေ့ကျင့်လျှက်ရှိသည်ဆိုခြင်းမှာလည်း မမှန်ကန်ကြောင်း ဘင်္ဂလားဒက်ရှ်အစိုးရတာဝန်ရှိသူများက ပယ်ချလိုက်သည်ဆို၏။ 


ဒုက္ခသည်ဘင်္ဂါလီစခန်းများတွင် စစ်သွေးကြွများကို လေ့ကျင့်သင်တန်းပေးခြင်းများအပါအဝင် ARSA လှုပ်ရှားမှု မရှိသည်ကို တရားဝင် ထင်ရှားစွာသိမြင်နိုင်သည့်အတွက် အဆိုပါ မေးခွန်းပေါ်ပေါက်ရန် အကြောင်းမရှိကြောင်း၊ အိန္ဒိယမီဒီယာများအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေး ဟန့်တားလိုသော မြန်မာအာဏာပိုင်များ၏ လေသံအတိုင်း သံယောင်လိုက် ပြောဆိုနေကြခြင်းဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်အကြီးတန်းအရာရှိ တစ်ဦးက အလေးအနက် ငြင်းဆိုသည်။ 

ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီ Inter-Services Intelligence (ISI) သည် မြန်မာနိုင်ငံရှိ ARSA ကို ကျောထောက်နောက်ခံပြုရန်နှင့် စစ်သွေးကြွများကို လေ့ကျင့်ပေးရန်အတွက် ဘင်္ဂလားဒက်ရှ် ( JMB ) အကြမ်းဖက်အဖွဲ့အား ကူညီလျှက်ရှိကြောင်း၊ ဘင်္ဂလားဒက်ရှ်နှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များပူးပေါင်းလျှက် ARSA အား တွန်းလှန်တိုက်ခိုက်လျှက်ရှိကြောင်း သြဂုတ်လ ၁၅-ရက်နေ့ထုတ် အိန္ဒိယမီဒီယာအများအပြားတို့၌ ဖော်ပြခဲ့ကြသည်။ 

  
ရေးသားချက်အားလုံးတို့သည် Deutsche Welle (DW) “ ဒွိုက်ချ်ဝယ်လီ “ အမည်ရှိ ဂျာမန်သတင်းစာ၏ ဖေဖော်ဝါရီ ၁၃-ရက်နေ့ သတင်းဖော်ပြချက်အား အခြေခံထားသည်ကို တွေ့ရပြီး၊ ဂျာမန်သတင်းစာသည်လည်း အိန္ဒိယမီဒီယာများအား ကိုးကားရေးသားထားခြင်း ဖြစ်နေကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီစခန်းများ၌ ARSA သို့မဟုတ် အခြားမည်သည့် အကြမ်းဖက်ချိတ်ဆက်အဖွဲ့မျှ ရှိမနေကြောင်း၊ ARSA အား တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒက်ရှ်တပ်ဖွဲ့များအနေဖြင့် အိန္ဒိယနှင့် ပူးပေါင်းခြင်းလည်း မရှိကြောင်း ကော့ခ်ဘဇားခရိုင် ရဲမင်းကြီး မာဆွတ်ဟိုစိန်က ပြောဆိုသည်။ 


ဒုက္ခသည်ဘင်္ဂါလီစခန်းများအား စီမံခန့်ခွဲရေးအပါအဝင် ဒုက္ခသည်အကြပ်အတည်း၌ ဘင်္ဂလားဒက်ရှ်အစိုးရ၏ အကူအညီပေးရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး RRRC နှင့် ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲတို့က တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိသည်။ 
အိန္ဒိယမီဒီယာများ ရေးသားချက်ပါအကြောင်းအရာများမှာ ဘင်္ဂလားဒက်ရှ်က အမြဲနိုးနိုးကြားကြား ရှိနေသည့်ကိစ္စများဖြစ်ကြောင်း၊ ဥပဒေစိုးမိုးရေးနှင့် ထောက်လှမ်းရေးအေဂျင်စီများသည် အပြန်အလှန် ပုံမှန်ပူးတွဲဆောင်ရွက်လျှက်ရှိပြီး ၎င်းသတင်းမျိုးကို မရရှိခဲ့ကြောင်း၊ ကမ္ဘာအရပ်ရပ်၌လည်း ဖြစ်ပွားနေသည့် ရာဇဝတ်မှုခင်းမျိုးများကိုသာ တွေ့ရှိခဲ့ရာ အကြမ်းဖက်သမားတို့၏ လှုပ်ရှားမှုနှင့် မတူညီကြောင်း၊ ဒုက္ခသည်များ နေရပ်ပြန်ရေး ဟန့်တားလိုသည့် မြန်မာအာဏာပိုင်တို့ ပြောဆိုသည့်အတိုင်း အိန္ဒိယမီဒီယာတို့က ရေးသားခြင်းသာဖြစ် ကြောင်း RRRC တွဲဖက် မဟာမင်းကြီး ကာဇီမိုဟာမက်မူဆာက ထပ်လောင်းအတည်ပြုသည်။ 


ထောက်လှမ်းရေးအေဂျင်စီများနှင့် ရင်းနှီးကျွမ်းဝင်သော အခြား အရာရှိ ၂-ဦးကလည်း လူအများ စုပြုံ ပြွတ်သိပ်နေသည့် ဒုက္ခသည်စခန်းများသည် စစ်ရေးလေ့ကျင့်သင်တန်းများပြုလုပ်ရန် မဖြစ်နိုင်သည့် အခြေအနေရှိကြောင်း၊ စခန်းများအား အမြဲစောင့်ကြည့်လျှက်ရှိပြီး မည်သည့်ထူးခြားချက်မျှ မရှိကြောင်း၊ စခန်းအနီး နေထိုင် သူတို့ကလည်း ရာဇဝတ်မှု မကင်းသော လှုပ်ရှားမှုမှန်သမျှ အာဏာပိုင်များထံ အသိပေးတိုင်ကြားကြမည်သာဖြစ်ကြောင်း ပြောဆိုသည်။ 
စခန်းနေ ဒုက္ခသည်ဘင်္ဂါလီ ၃-ဦးတို့ကမူ ARSA အကြောင်းကြားဖူးသော်လည်း မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ဖူးကြောင်း ရှင်းပြသည်။ 


ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်ခန်းတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုကြောင်း သတင်းအပေါ် အခြခံလျှက် ပထဝီနိုင်ငံရေးဆိုင်ရာ ထင်မြင်ချက်အဖြစ် ယခုကဲ့သို့ ပြောဆိုကြခြင်း ဖြစ်ဟန်တူကြောင်း သံတမန်တစ်ဦးက သုံးသပ်သည်။ 

  
ဒါကာမြို့ရှိ ပါကစ္စတန်သံရုံး (သတင်းမီဒီယာ) အကြံပေးပုဂ္ဂိုလ်ကမူ အိန္ဒိယမီဒီယာများ၏ ရေးသားချက်မှာ ပထဝီနိုင်ငံရေးဆိုင်ရာ ဝါဒဖြန့်ရန်ရည်ရွယ်လျှက် စိတ်ဝင်စားဖွယ်ဖြစ်အောင် သွေးထိုးခြင်းသာဖြစ်ကြောင်း Dhaka Tribune အား ပြောဆိုသည်။ 

ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ်အား မှတ်ချက်ပေးရန် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ချေ။ 
နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ဘင်္ဂလားဒက်ရှ်သံရုံးကမူ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး၊ ဒါကာမြို့ရှိ ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထင်မြင်ချက်ပေးရန် တောင်းဆိုသည်ကို တုန့်ပြန်ခြင်း မရှိကြောင်း Dhaka Tribune က ဆက်လက်ရေးသားသည်။ 


#ကောခ်ဘဇားဒုက္ခသည်စခန်း #ARSA #အိုင်အက်စ်အကြမ်းဖက်အဖွဲ့ #ပါကစ္စတန်ထောက်လှမ်းရေး 


((( Dhaka Tribune., 18 August 2020, Govt officials: No existence of ARSA in Rohingya camps. By: Humayun Kabir Bhuiyan ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ ))) 


https://www.dhakatribune.com/bangladesh/rohingya-crisis/2020/08/18/govt-officials-no-existence-of-arsa-in-rohingya-camps 

0

Leave a Reply

Your email address will not be published.