ဒုက္ခသည်ဘင်္ဂါလီများသည် မြန်မာအစိုးရအပေါ် အယုံအကြည်ကင်းမဲ့နေဟု ဘင်္ဂလားဒက်ရှ်က အာဆီယံဒေသတွင်းဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာအား အကြံပြု ပြောဆို။ ARSA အကြမ်းဖက်အဖွဲ့၏တိုက်ခိုက်မှုကြောင့် လူအများအပြား နေရပ်စွန့်ခွာခဲ့ကြခြင်းကို လစ်လျူရှု ထား၊ နှစ်နိုင်ငံသဘောတူညီချက်တွင် မပါဝင်သော အချုပ်အခြာ အာဏာထိပါးသည့် အဆိုပြုချက် အသစ်များကို လက်ခံမည်မဟုတ်ဟု မြန်မာဝန်ကြီး တုန့်ပြန် ရှင်းလင်း

အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် ဒုက္ခသည်ဘင်္ဂါလီများ ( ရိုဟင်ဂျာ ) အနေဖြင့် နေရပ်ပြန်လိုခြင်း မရှိ မဖြစ်ကြပဲ မြန်မာအစိုးရထုတ်ပြန်ထားသည့် ၎င်းတို့၏ လုံခြုံဘေးကင်းရေး အစီအစဉ်များမပေါ် အယုံအကြည် မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ထပ်မံ ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 


စနေနေ့ ကျင်းပသော Asean Regional Forum (ARF) အာဆီယံဒေသဆိုင်ရာ ဖိုရမ်၌ ယုံကြည်မှု တည်ဆောက်ရေးနှင့် မယုံသင်္ကာဖြစ်ရမှုများ လျှော့နည်းရေး၊ ရေရှည်တည်တန့်သည့် နေရပ်ပြန်မှုဖြစ်မြောက်ရေးအတွက် ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူမိုမန်က မြန်မာနိုင်ငံအား တရုတ်- ရုရှား- အိန္ဒိယကဲ့သို့ ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများမှ စစ်ဘက်မဟုတ်သော အရပ်သား လေ့လာသူများ ရှေ့မှောက်တွင် အကြံပြု ပြောကြားလိုက်သည်ဆို၏။ 


ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် ၂၇ ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဒေါက်တာမိုမန်လည်း တက်ရောက်ခဲ့ပြီး သြစတေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ စင်္ကာပူ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ပါဝင်လျှက် ဒုက္ခသည်ဘင်္ဂါလီများ ဖြစ်နိုင်သရွေ့ အမြန်ဆုံးနေရပ်ပြန်ရေး အဖြေရှာရန် ဆွေးနွေးခဲ့ကြသည်။ 


ဘင်္ဂလားဒက်ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ဒုက္ခသည်ဘင်္ဂါလီများအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံသို့ ဘေးကင်း၊ လုံခြုံ၊ ရေရှည်တည်တန့်၍ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဒေါက်တာမိုမန်က ဆွေး နွေးခဲ့ကြောင်း သိရှိရသည်။ 

  
ကံအကြောင်းမလှရှာသည့် အကူအညီ ကင်းမဲ့လျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီများ ဇာတိနိုင်ငံ သို့ပြန်သွားနိုင်ရေးအတွက် ARF အာဆီယံသို့ ကြွရောက်လာသည့် မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုအကူအညီကို တောင်းခံပါကြောင်း၊ ကံအကြောင်း မလှသည့် ဒုက္ခသည်ဘင်္ဂါလီများအနေဖြင့် လုံခြုံ၊ ဘေးကင်း၊ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ခဲ့လျှင် ၎င်းတို့၏ လူ့အသိုင်းအဝိုင်းတို့နှင့် ပြန်လည်ပေါင်းစည်းနိုင်လိမ့်မည်ဖြစ်ကြောင်း၊ မိခင်နိုင်ငံသို့ ပြန်ရောက်သည့်အခါ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင်အဖွဲ့ဝင်များဖြစ်လာနိုင်ကြောင်း ဒေါက်တာ မိုမန်က ပြောဆိုသည်။ 


ဘင်္ဂလားဒက်ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ အတင်းအဓမ္မရွှေ့ပြောင်းခြင်းခံခဲ့ရသော ဒုက္ခသည်ဘင်္ဂါလီ ၁.၁ သန်း ကျော်ကို ကော့ဘဇားခရိုင်တွင်လက်ခံထားရသည်။ 


ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အစည်းအဝေးသို့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဖမ်ဘန်မင်းက သဘာပတိအဖြစ်ဆောင်ရွက်သည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ ARF မိတ်ဖက်အဖွဲ့ဝင် ၂၆ နိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများ-ကိုယ်စားလှယ်များနှင့် ဥရောပသမဂ္ဂ၏ ပြင်ပလှုပ်ရှားရေး ဝန်ဆောင်မှုဌာနမှ အထွေထွေအတွင်းရေးမှူးတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

  
(( (၂၇) ကြိမ်မြောက် အာဆီယံဒေသ ဆိုင်ရာဖိုရမ်၊ အာဆီယံ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ကြောင်း ၁၂-၉-၂၀၂၀ ရက် ရက်စွဲဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ အင်တာနက်စာမျက်နှာတွင် ယနေ့ လွှင့်တင်ထားသည်ကို တွေ့ရှိရသည်။

  
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာဝန်ကြီးက တုန့်ပြန်ရှင်းလင်းရာတွင် အဆိုပါကိစ္စမှာ သိမ်မွေ့ရှုပ်ထွေးသဖြင့် ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန် လိုအပ်ကြောင်း၊ နေရပ်ပြန်လာသူများ ဘေးကင်းလုံခြုံ မှုရှိစေရေးအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးရေး အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ရွှေ့ပြောင်းသွားလာမှုနှင့် မိမိတို့လွတ်လပ်ရေးမရမီ အချိန်ကပင် ပေါ်ပေါက်ခဲ့သော ခွဲထွက်ရေးလှုပ်ရှားမှုများမှ အစပြုခဲ့သည့် ရှည်လျားရှုပ်ထွေးသော သမိုင်းကြောင်းရှိသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ မတူညီသည့် အသိုက်အဝန်းများအကြား အပြန်အလှန် မယုံကြည်မှုများ၊ ကြောက်ရွံ့မှုများ နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိကြောင်း၊ 

 ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ ခုနှစ် တို့တွင် ARSA အကြမ်းဖက်အဖွဲ့၏ စတင်တိုက်ခိုက်မှုကြောင့် လူအများအပြား နေရပ်စွန့်ခွာခဲ့ကြခြင်းဖြစ်သည့်အချက်ကို အများက လစ်လျူရှုထားကြကြောင်း၊ ရခိုင်ပြည်နယ်တွင် အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်အတည်ပြု နိုင်သူများကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည် လက်ခံရန် အဆင်သင့် ရှိကြောင်း မိမိတို့အနေဖြင့် အကြိမ်ကြိမ် ပြောကြားပြီးဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူဦးရေနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြားသည့် ကိန်းဂဏန်းများသည် အလွန်အမင်း ဖောင်းပွနေကြောင်း၊ မိမိတို့အနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ရန် အဆင်သင့်ရှိသော်လည်း လုပ်ငန်းစဉ် မစတင်နိုင်စေရန် နေရပ်စွန့်ခွာသူစခန်းများတွင် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုများနှင့် နိုင်ငံရေးရည်မှန်းချက်အတွက် နေရပ်စွန့်ခွာသူများအား အမြတ်ထုတ်မှုများကြောင့် နှောင့်နှေးလျက်ရှိကြောင်း၊ 


မိမိတို့အနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်တွင် မပါဝင်သော အချုပ်အခြာ အာဏာထိပါးနိုင်သည့် အဆိုပြုချက်အသစ်များကို လက်ခံနိုင်မည် မဟုတ်ကြောင်း၊ ARSA ၏ လှုပ်ရှားမှုများ၊ AA ၏ အကြမ်းဖက် တိုက်ခိုက်မှု တိုးမြှင့်လာခြင်းနှင့် COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေတို့ကြောင့် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အခြေအနေသည် ပိုမိုရှုပ်ထွေးလာကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဦး ကျော်တင်၏ အင်္ဂလိပ်+မြန်မာဘာသာဖြင့် တုန့်ပြန်ရှင်းလင်းချက်အပြည့်အစုံ ယနေ့ MOFA ( Myanmat ) တွင် ရှု့ပါရန်။ ။ သတင်းဘာသာပြန်သူ ))


((( Dhaka Tribune., September 12th, 2020,” FM tells Asean: Rohingyas lack confidence in Myanmar govt.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#ဘင်္ဂလားဒက်ရှ်-မြန်မာ #ဒုက္ခသည်ဘင်္ဂါလီ

https://www.dhakatribune.com/bangladesh/rohingya-crisis/2020/09/12/fm-tells-asean-rohingyas-lack-confidence-in-myanmar-govt 


https://www.facebook.com/513368565530110/posts/1567231523477137/ 

https://asean.org/asean-political-security-community/asean-regional-forum-arf/ 

0

2 Replies to “ဒုက္ခသည်ဘင်္ဂါလီများသည် မြန်မာအစိုးရအပေါ် အယုံအကြည်ကင်းမဲ့နေဟု ဘင်္ဂလားဒက်ရှ်က အာဆီယံဒေသတွင်းဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာအား အကြံပြု ပြောဆို။ ARSA အကြမ်းဖက်အဖွဲ့၏တိုက်ခိုက်မှုကြောင့် လူအများအပြား နေရပ်စွန့်ခွာခဲ့ကြခြင်းကို လစ်လျူရှု ထား၊ နှစ်နိုင်ငံသဘောတူညီချက်တွင် မပါဝင်သော အချုပ်အခြာ အာဏာထိပါးသည့် အဆိုပြုချက် အသစ်များကို လက်ခံမည်မဟုတ်ဟု မြန်မာဝန်ကြီး တုန့်ပြန် ရှင်းလင်း”

  1. Thanks for every other informative blog. Where else may just I am getting
    that kind of info written in such a perfect way? I have a
    undertaking that I am simply now working on, and I’ve been on the glance out for such information.

    0
  2. Greetings! This is my first visit to your blog! We are a group of
    volunteers and starting a new initiative in a community in the
    same niche. Your blog provided us valuable information to work on.
    You have done a wonderful job!

    0

Leave a Reply

Your email address will not be published.