ဒုက္ခသည်ဘင်္ဂါလီများ အပြင်ထွက်၍ ဒေသခံများနှင့် မရောနှောနိုင်စေရန်နှင့် မြန်မာနိုင်ငံသားများ တစ်စုတစ်ဝေးတည်းနေနိုင်ရန် ကော့ခ်ဘဇားစခန်းတဝှိုက် ဘင်္ဂလားဒေရှ့် စစ်တပ်က သံဆူးကြိုးခတ်မည်။ ဒုက္ခသည်များရှိရာ ဘာဆန်ချာကျွန်းသို့ မည်သူမျှ လာရောက်လည်ပတ် ခွင့်မပြု


ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) များ ခိုလှုံနေထိုင်ရာ ဘာဆန်ချာကျွန်းသို့ မည်သူမဆို မလိုအပ်ပဲ လာရောက်လည်ပတ်ခြင်းမပြုရန် တားမြစ်မိန့် ထုတ်ပြန်လိုက်ကြောင်း၊ သို့သော် NGO ဝန်ထမ်းများ သို့မဟုတ် အဆိုပါကျွန်း၌ အလုပ်တာဝန်ထမ်းဆောင်သူ အရာရှိတို့သည် ယခုအမိန့်နှင့် အကျုံးဝင်ခြင်း မရှိဟု ပါရှိကြောင်း ဒါကာအခြေစိုက် Dhaka Tribune က ယမန်နေ့ရေးသားသည်။ 
.. 
ထို့ပြင် ကော့ခ်ဘဇားရှိ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) တို့အနေဖြင့် အပြင်သို့ထွက်၍ ဒေသခံများနှင့် ပူးပေါင်းခြင်း မပြုနိုင်စေရန်နှင့် ၎င်းတို့ ခိုလှုံနေထိုင်ရာ စခန်းများတစ်ဝှိုက်အား ဘင်္ဂလားဒေ့ရှ် တပ်မတော်က သံဆူးကြိုး ခတ်လိမ့်မည်ဖြစ်ကြောင်း ကြေညာချက်၌ ဆက်လက်ဖော်ပြသည်။ 
.. 
ဗုဒ္ဓဟူးနေ့တွင် အတွင်းဝန်များရုံး၌ ကျင်းပသည့် ဒုက္ခသည်ဘင်္ဂါလီများနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးမှု စီမံထိန်းသိမ်းရေးနှင့် ညှိနိုင်းဆောင်ရွက်မှုဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
.. 
စပ်စုလိုသည့် စာနယ်ဇင်းသမားအချို့က ဘာဆန်ချာကျွန်းသို့ သွားရောက်လည်ပတ်နေကြသည်ကို မိမိတို့ သိရှိ ကြောင်း၊ ထိုသို့ စပ်စုလိုသူများအနေဖြင့် ထပ်မံသွားရောက်ခြင်း မပြုရန် အသိပေးကြေညာလိုပါကြောင်း၊ အမှန်တကယ် သွားရောက်ရန် လိုအပ်သည်ဆိုပါက သွားရောက်နိုင်သော်လည်း မလိုအပ်ပဲ ကျွန်ပေါ်တွင် လူအမြောက်အများ စုပုံမနေသင့်ဟု အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီး အဆဒ်ဇာမန်ခန်ကမဲက အစည်းအဝေးအပြီး၌ သတင်းထောက်များအား ပြောဆိုသည်။ 
..
ဘင်္ဂလားဒေ့ရှ် အစိုးရသည် မကြာသေးမီက ဒုက္ခသည်ဘင်္ဂံါလီအုပ်စု ၂-စုကို ဘာဆန်ချာကျွန်းပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး နောက်ထပ်လည်း တစ်ဖြည်းဖြည်း ရွှေ့ပြောင်းပေးရန် ရှိနေသည်။ 
.. 
ကော့ခ်ဘဇားစခန်းမှ ဒုက္ခသည်များအနေဖြင့် ၎င်းတို့စခန်းများမှ ထွက်ခွာခြင်းမပြုနိုင်ရန် စခန်းပတ်ဝန်းကျင်တွင် သံဆူးကြိုးတံတိုင်းကာရန်ရလိမ့်မည်ဖြစ်ကြောင်း လွန်ခဲ့သည့် ၂၀၂၀-ပြည့်နှစ် ဖေဖော်ဝါရီလစောစောပိုင်း၌ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ဖူးသည်။
.. 
ဗုဒ္ဓဟူးနေ့ အစည်းအဝေးတွင်လည်း လုံခြုံရေးတိုးမြှင့်နိုင်ရန်နှင့် မြန်မာနိုင်ငံသားများ တစ်စုတစ်ဝေးတည်း နေထိုင်နိုင်ရေးအတွက် ကော့ခ်ဘဇားရို ဒုက္ခသည်ဘင်္ဂါလီစခန်းများ ပတ်ဝန်းကျင်တွင် သံဆူးကြိုးတံတိုင်း ဆောက်လုပ်ရန် ကော်မတီက အပြီးသတ်ဆုံးဖြတ်ခဲ့သည်ဆို၏။ 
..
သံဆူးကြိုးတံတိုင်းခတ်ယုံ သာမက ဒုက္ခသည်စခန်းများ၏ ပတ်ပတ်လည်၌လည်း လူသွားလမ်းများ ဖောက်လုပ်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကင်းမျှော်စင်များနှင့် CCTV လုံခြုံရေးကင်မရာများလည်း တပ်ဆပ်မည်ရန် စီစဉ်ထားကြောင်း၊ ဒုက္ခသည်စခန်းများ၏ လုံခြုံရေးကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြပြီး လုပ်ငန်းအားလုံး အချိန်မီပြီးစေရန် ဘင်္ဂလားဒေ့ရှ်တပ်မတော်အား တာဝန်ပေးအပ် တည်ဆောက်စေမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက် ပြောဆိုသည်။ 
.. 
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၄ ရက်နေ့၌ ဘင်္ဂလားဒေ့ရှ် ကက်ဘိနက်အဖွဲ့သည် ဒုက္ခသည်ဘင်္ဂါလီများနှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးမှု စီမံထိန်းသိမ်းရေးနှင့် ညှိနိုင်းဆောင်ရွက်မှုဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းခဲ့ရာ ယင်းကော်မတီ၏ ပထမဦးဆုံး အစည်းအဝေးအဖြစ် ဗုဒ္ဓဟူးနေ့တွင် ကျင်းပခြင်းဖြစ်သည်။ 
.. 
အစည်းအဝေးကို ပြည်ထဲရေးဝန်ကြီး အဆဒ်ဇာမန်ခန်ကမဲက သဘာပတိအဖြစ် ဆောင်ရွက်ပြီး နိုင်ငံခြားရေးဝန်ကြီး၊ သဘာဝဘေးအန္တရာယ်အကူအညီပေးရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာဝန်ကြီး၊အမျိုးသမီးများနှင့် ကလေးသူငယ်ရေးရာဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး အတွင်းဝန်များညွှန်ကြားရေးမှုးချုပ်၊ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ဦးစီးချုပ်၊ ပြည်နယ်နှင့် ဝန်ကြီးဌာနဆိုင်ရာအသီးသီးတို့မှ အဆင့်မြင့်အရာရှိ ၁၃-ဦးတို့နှင့် အတူ၊ အဆိုပါ အမျိုးသားကော်မတီဝင်မှ အဖွဲ့ဝင် ၁၇-ဦးတို့လည်း တက်ရောက်ကြသည်။ 
.. 
အစည်းအဝေးတက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ ဝန်ကြီးတစ်ဦးကမူ ယခုအစည်းအဝေးတွင် ဒုက္ခသည် ဘင်္ဂါလီတို့၏ လုံခြုံဘေးကင်းရေးကို အလေးထားဆွေးနွေးခဲ့ကြကြောင်း၊ တချိန်တည်းမှာပင် ၂-နှစ်ကျော်ကြာ ရပ်တန့်လျှက်ရှိသည့် ဒုက္ခသည်များနေရပ်ပြန်ရေးဆိုင်ရာနည်းလမ်းများကိုလည်း ဆွေးနွေးကြကြောင်း ပြောဆိုသည်။ 
.. 
(( ယခုသတင်းပါအတိုင်း ကျား-မ၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါဝင် လူအမြောက်အများမှာ နှစ်နိုင်ငံစပ်ကြားတွင် နိုင်ငံမဲ့ဖြစ်လျှက်ရှိသည်။ ၎င်းတို့တွင် ကျွန်တော့်ဆွေမျိုးသားချင်းတစ်ယောက်မှ မပါသော်လည်း နိုင်ငံသားတစ်ဦးအဖြစ် ကျွန်တော်၏ အမြင်ကို ပြောပြခွင့်ပြုနိုင်ကြပါရန် မေတ္တာရပ်ခံပါသည်။ 
.. 
ကြာလေ လူဦးရေတိုးပွားလေနှင့် မပြည့်စုံသော လူနေမှုအခက်အခဲမျိုးစုံကြားတွင် လူကုန်ကူးခံရခြင်း၊ လိင်ကျွန်ပြုခံရခြင်း၊ မူးယစ်ဆေးကုန်ကူးရာတွင် အသုံးချခံခြင်းတို့သာမက ကြမ်းတမ်းသော သမုဒ္ဒရာအား လှေစီးပြေးအဖြစ် စွန့်စားထွက်ခွာရင်း ထောင်ချီအသက်ဆုံးရှုံးခဲ့ကြရပြီးဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့အစည်းတို့အတွက်လည်း လူသစ်စုဆောင်းရေး မျက်စိကျစရာဖြစ်နေသည်။ ကြာလေ ဖြေရှင်းရန်ခက် လေဖြစ်လာသည်။
..
တစ်ခါက ရခိုင်မြောက်ဖျားသို့ အလည်အပတ်သွားရောက်သူ အိမ်နီးချင်းနိုင်ငံ သံတမန်အရာရှိအား မြန်မာအရာရှိက ဒုက္ခသည်များကို ညွှန်ပြ၍ “ အဲဒီ .. ဘင်္ဂါလီတွေ “ ဟု ဆိုလေသည်။ ထိုအခါ မိတ်ဆွေသံအရာရှိက “ သူတို့က ဘင်္ဂါလီ မဟုတ်ဖူး၊ ဘင်္ဂါလီက ဒီမှာ “ ဟု ဆိုပါသည်။ အကယ်၍ ကျွန်တော်သာ မြန်မာအရာရှိနေရာ၌ ရှိနေခဲ့လျှင် “ နှစ်နိုင်ငံနယ်စပ်ဖြစ်၍ ကျွန်တော်များဘက်တွင် ရခိုင်၊ သက်၊ မာရမာကြီး စသည့် လူမျိုး များရှိသကဲ့သို့ မိတ်ဆွေတို့ဘက်တွင်လည်း ရှိနေပါသည်။ မိတ်ဆွေပြောသည့် လူမျိုးမှာ မိတ်ဆွေတို့နိုင်ငံတွင် တရားဝင် လူမျိုးအဖြစ် ရှိပါသလား၊ နတ်မြစ်ကိုကျော်၍ မြန်မာနိုင်ငံဘက်၌သာ သီးသန့်လေးတည်ရှိနေသည့် လူမျိုးအကြောင်းကို မိတ်ဆွေအနေဖြင့် ရှင်းပြနိုင်ပါရန် “ ဟု ယဉ်ကျေးစွာ မေးခွန်းထုတ်မိမည်ဖြစ်သည်။ 
..
အဆိုပါလူမျိုး တရားဝင် မရှိကြောင်း အသံများ ကျယ်လောင်လာသောအခါ ထိုသို့ ခေါ်ဆိုရခြင်းမှာ လူမျိုး တစ်မျိုးအဖြစ်ထက် လူတစ်စုက သူတို့ကို ခေါ်စေချင်သော အမည်အဖြစ် #လူ့အခွင့်အရေးအရခေါ်ဆိုရခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများက အကြောင်းပြကြသည်။

..

#လူမျိုးမရှိဟုဆိုခြင်းမှာ #အစ္စလာမ်ဘာသာအားထိပါးခြင်းမဟုတ်#ဘင်္ဂါလီလူမျိုးများအားနှိမ့်ချခြင်းလည်းမရှိပါ ဘင်္ဂါလီလူမျိုးများမှာအခြားလူမျိုးများထက်နိမ့်ကျသည်ဟု ဘယ်တုန်းကမှ  မဖတ်ဖူး၊ မကြားဖူးပါ။ #တိုင်းရင်းသားလက်နက်ကိုင်တစ်ရာကျော်ရှိ၍ #ပြည်တွင်းစစ်နှစ်ခုနှစ်ဆယ်ကျော်တိုင်းပြည်တွင် #နောက်ပေါက်တီထွင်သောလူမျိုးဖြစ်ကြောင်းသေချာသဖြင့် #အမျိုးသားလုံခြုံရေးအရ လက်မခံနိုင်ခြင်း သာဖြစ်ပြီး #ကျွန်တော်တို့သည်လည်း #ထမင်းစားသောလူများဖြစ်၍ #လူ့အခွင့်အရေးရှိပါသည်။

..

နှစ်နိုင်ငံစပ်ကြားဖြစ်၍ အဆိုပါနိုင်ငံမဲ့များသည် ဟိုဘက်သည်ဘက်၌ နိုင်ငံသားဖြစ်ထိုက်သူအများအပြားရှိမှာ သေချာလှပါသည်။ ယခုတော့ သူတို့ခမျာ သက်ဆိုင်ရာနှစ်နိုင်ငံမက ကြားချောင်အဖွဲ့အစည်းများကပါ နိုင်ငံရေးအမြတ်ထုတ်ခံများဖြစ်လေရလေသည်။ ကျွန်တော်တို့ အိမ်နီးချင်းနှစ်နိုင်ငံကြား ရိုးသားစွာ စိစစ်၍ မျှတ လက်ခံသင့်သည်။

..

ယခုတော့ တစ်ဖက်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတို့က လူမျိုးတစ်မျိုးအဖြစ် ပြောဆိုနေသူတို့သည် နတ်မြစ်ကိုကျော်၍ ကျွန်တော်များနိုင်ငံအတွင်း၌သာ ထူးရှယ်တည်ရှိနေလေသည်။

..

ဒုက္ခသည်စခန်းနေသူတို့သည် တစ်ဖက်နိုင်ငံသားတို့နှင့် အိမ်ထောင်ပြုခွင့် မရှိ၊ လွတ်လပ်စွာ သွားလာခွင့်လည်း မရှိကြရှာပါ။ ကိုရိုနာဗိုင်းရပ်ရောဂါကျရောက်နေလင့်ကစား အင်တာနက် အဆက်အသွယ်ကို တစ်နှစ်နီးပါး ဖြတ်တောက်ထားဖူးသည်။ ယခုလဲ သူတို့အမျိုးသားလုံခြုံရေးအရ ဘာဆန်ချာကျွန်းသို့ ပို့ခြင်း ဒုက္ခသည်စ ခန်းပတ်လည်၌ သံဆူးကြိုးတံတိုင်းကာမည်ဟုဆိုလေရာ လူ့အခွင့်ရေး ကြွတက်လှုပ်ရှားသူ နိုင်ငံတကာအဖွဲ့အ စည်းများ ရေငုံနှုတ်ပိတ်နေကြသည်။ #အောက်တွင်ကိုးကားမူရင်း Links များဖော်ပြထားပါသည်။

..

သို့သော် အပြည်ပြည်ဆိုင်ရာ နိုင်ငံတို့ လုပ်ထုံးအတိုင်း ကျွန်တော်တို့ဘက်က နယ်ခြားတံတိုင်းကာရန်သောအခါ လူ့အခွင့်အရေး ချိုးဖောက်ခြင်းအဖြစ် စွပ်စွဲချက်ထည့်သွင်း၍ နိုင်ငံတကာ တရားရုံး၌ စွဲတင်ခံရသည်။ ဝိုင်း ဝန်း ကူညီသော မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးများအား ဂျီနိုဆိုက်အားပေးဟုဆိုကာ ဒဏ်ခတ်အရေးယူသည်။

..

အမှန်တော့ သူတို့ဘက်က တော်လွန်း၍မဟုတ်ပဲ ကျွန်တော်တို့ဘက်က ခေတ်အဆက်ဆက် ဖျင်းလွန်း၍သာ ယခုလို တစ်ဖက် သပ်စွပ်စွဲခံရခြင်းဖြစ်သည်။ သည်အစိုးရလက်ထက်ရောက်မှ ထူးခြားစွာ အပြစ်တင်ရန် မရှိပါ။

..

ထို့ကြောင့် မိမိတို့သားစဉ်မြေးဆက် ဖြေရှင်းရတော့မည်ကို နားမလည်ပဲ #တစ်ယောက်မှပြန်ဝင်မလာစေနဲ့

#မွှေမွှေခေါ်လာတဲ့သားသမီးတွေ #လွှတ်တော်ထဲခေါ်သွင်းတာဘယ်သူလဲ #ဝှိုက်ကတ်အင်ဗွီစီနဲ့အိမ်ဆောက်ပေးတာ စသည့်တို့ကို ကျွန်တော်၏ ယခုပို့စ်အောက် ဝင်ရောက်ရေးသားသူမှန်သမျှ ရေရှည်နိုင်ငံအကျိုးကို မမြင်သူ၊ အခွင့်ကြုံတုန်း တစ်ဖက်သားကို အကြောင်းမဲ့ ထိုးနှက်သူ #တစ်ဇောက်ကန်းအပေါစားလော်ဘီများအဖြစ် အပြီးတိုင် ဘလော့ပါမည်။

..

သို့တည်းမဟုတ် ကျွန်တော့်အား ဘလော့သွားနိုင်ကြပါရန်။

..

#ကော့ခ်ဘဇားဒုက္ခသည်စခန်းဝန်းကျင်သံဆူကြိုးခတ်မည် #ဘာဆန်ချာသို့အကြောင်းမဲ့မဝင်ရ

..

((( Dhaka Tribune., January 6th, 2021,” Government bars people from visiting Bhashan Char. By: Ali Asif Shawon “ ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

..

..

https://www.dhakatribune.com/bangladesh/rohingya-crisis/2021/01/06/government-bars-people-from-visiting-bhashan-char

https://myanmar.liveuamap.com/en/2019/17-december-bangladeshi-military-erecting-barbed-wire-fences

http://www.dhakatribune.com/opinion/special/2018/01/02/ban-bangladeshis-marrying-rohingya-justified-human-rights-violation/

https://www.rfa.org/english/news/myanmar/fence-01062021181747.html

http://www.thedailystar.net/rohingya-crisis/no-rohingya-settlement-chittagong-hill-tracts-bangladesh-govt-officials-say-

https://www.thedailystar.net/rohingya-crisis/news/10-malaysia-bound-rohingyas-rescued-bay-of-bengal-teknaf-bangladesh-bd-1667317

http://m.thesundaily.my/node/574527

http://www.thedailystar.net:8080/city/rohingya-need-un-or-oic-run-safe-zone-1460452

https://www.dhakatribune.com/bangladesh/rohingya-crisis/2019/05/29/16-point-recommendations-to-ensure-security-in-rohingya-camps

https://www.dhakatribune.com/bangladesh/nation/2019/09/30/rohingya-nid-fraud-cec-claims-ec-not-at-fault

https://www.dhakatribune.com/bangladesh/court/2019/09/19/rohingya-with-fake-nids-ec-staff-two-others-remanded

0

Leave a Reply

Your email address will not be published.