ဒါကာမြို့ ဘင်္ဂလားဒက်ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ရာ ရခိုင်ပြည်နယ် ငါးခူရပြန်လည် လက်ခံရေးစခန်းသို့ ၄၆-ဦး ထပ်မံဝင်ရောက်လာကြောင်း၊ ယခုထိ ဆန္ဒအလျှောက် နေရပ်ပြန်သူ ၃၉၇-ဦးရှိပြီဖြစ်ကြောင်းပါရှိသည်။ အဆိုပါသတင်းထုတ်ပြန်ပြီး နာရီအနည်းငယ်အကြာတွင် သတင်းထောက်များနှင့် တွေ့ဆုံသော ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးက “ မပြောတတ်ဖူးဗျ။ အဲဒါ သူတို့ သတင်းထုတ်ပြန်တာပဲလေ။ သူတို့အနေနဲ့ သူတို့ဖက်နယ်စပ်နားအပါအဝင် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တစ်ယောက်မှ ပြန်လက်ခံတာ မရှိပါဖူး “ ဟု ပြောဆိုကြောင်း ဘင်္ဂလားအခြေစိုက် bdnews24 က ယမန်နေ့ ရေးသားသည်။
မြန်မာအစိုးရအနေဖြင့် လုပ်ဇာတ်ခင်းဝါဒဖြန့်ခြင်းကို ဇွဲကောင်းကောင်းနှင့် လုပ်ဆောင်နေခြင်းမှ ရပ်ဆိုင်း၍ တာဝန်ရှိသည့်အတိုင်း အပြည့်အ၀ အာရုံစိုက်ဆောင်ရွက်ရန် ဘင်္ဂလားဒက်ရှ်ကတောင်းဆိုကြောင်း ရှိတ်ဟာစီနာအစိုးရက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် ဒုက္ခသည်ဘင်္ဂါလီများပြန်လည်ပေါင်းစည်းရေးနှင့် နေရပ်ပြန်ရေးတွင် ပူးပေါင်းဖော်ဆောင်ရန် တာဝန်ရှိခြင်းကို ရှောင်လွှဲလျှက် အဓိပ္ပါယ်ကောက်လွဲမှားစေသော သတင်းများအား နိုင်ငံတကာအသိုင်းအဝန်းသို့ အစီအစဉ်တကျစီမံကိန်းချ လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒက်ရှ် အစိုးရက စွပ်စွဲလျှက်ရှိသည်။
Bdnews24 ၏ အခြားသတင်းတစ်ရပ်တွင်မူ ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်သည် ဥရောပနိုင်ငံများသို့ မကြာသေးမီက ခရီးလှည့်လည်ခဲ့သည်။ ဂျာမနီ၊ အီတလီ၊ ဂရိ၊ ပြင်သစ်စသည့်နိုင်ငံတို့သည် ကုလသမဂ္ဂက ဂျီနိုဆိုက်အဖြစ်ပြောဆိုပြီး ၎င်းတို့ကိုယ်တိုင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ဝေဖန်လျှက်ရှိသည့် မြန်မာနိုင်ငံအပေါ် အလုပ်အကိုင်နှင့် အကောက်ခွန်ဆိုင်ရာ အခွင့်အရေးပေးမှု့ GSP ခွင့်ပြုနေခြင်းမှာ ရှေ့နောက် မညီကြောင်း ထောက်ပြဝေဖန်ခဲ့သည်ဆို၏။
ဘင်္ဂလားဒက်ရှ်မှ ဒုက္ခသည်ဘင်္ဂါလီများကို မြန်မာက ပြန်ခေါ်သည်အထိ ရပ်ဆိုင်ထားရန် တရားဝင်စာ ရေးသားပေးအပ်ခဲ့ကြောင်း ဂျာနယ်လစ်များနှင့် တွေ့ဆုံစဉ် အဗ္ဗဒူမိုမန်က ပြောဆိုသည်ဟု သတင်းရေးသားသည်။
((ဘင်္ဂလားဒက်ရှ်အစိုးရသည် “ ဒုက္ခသယ်များ အကူအညီပေးရေး နှင့် နေရပ်ပြန်ရေးဆိုင်ရာ မဟာမင်းကြီး “ ဦးဆောင်သည့် RRRC အဖွဲ့ကို ဖွဲ့စည်းပြီး ဒုက္ခသယ်စခန်း တစ်ခုချင်းစီတွင် “ စခန်းတာဝန်ခံကြီးကြပ်ရေးမှူး “Camp-in-Charge တစ်ဦးစီ ခန့်ထားပေးသည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော “ UNHCR သည် နိုင်ငံတကာရွှေ့ပြောင်းသွားလာနေထိုင်သူများ ဆိုင်ရာအဖွဲ့ IOM နှင့်အတူ ဘင်္ဂလားဒက်ရှ် အစိုးရ၏ RRRC မှတစ်ဆင့် ဒုက္ခသယ်များအား လူသားချင်းစာနာမှုဆိုင်ရာအကူပေးအပ်နေခြင်းဖြစ်သည်။
ကော့ခ်ဘဇား၊ အူခီယာနှင့် တက္ကနဖ်မြိုနယ်များတွင် လူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်လက်အောက်၌ ပြည်တွင်းပြည်ပ NGO အဖွဲ့စည်း ၁၄၄ ဖွဲ့ရှိရာ ဆိုင်းဘုတ်၊ အလံ၊ သိုလှောင်ရုံ၊ တဲစခန်းများ အသီးသီးဖြင့် ပြည့်နှက်နေသည်။
ဒုက္ခသည်ဘင်္ဂါလီများ အသက်ရှင်ရပ်တည်ရေးအတွက် ပြည်ပအများစုဖြစ်သော လှူဒါန်းရရှိငွေမှာ ဘင်္ဂလားဒက်ရှ်တာကာ ၈၁၅၀ -သန်း ပမာဏရှိသည်။ ဧရိယာ ၉-ခု၌ လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသခံများအလုပ်အကိုင်ရရှိခြင်း၊ အိမ်ငှားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ပြည်ပNGO ဝန်ထမ်းများ ဝင်ထွက်ခြင်းတို့ကြောင့် ခရီးသွားနှင့် ဟိုတယ်လုပ်ငန်း ဖွံ့ဖြိုးသည်။ ဒုက္ခသည်ဘင်္ဂလီများ အစုအပုံလိုက်ရောက်ရှိလာခြင်းမှာ ကော့ခ်ဘဇားခရိုင် စီးပွားရေးအား အထောက်အကူဖြစ်သည်ဟု ဟိုတယ်လုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူးက ဆိုပါသည်။
လွန်ခဲ့သောနှစ်များ၌ ကုလသမဂ္ဂအေဂျင်စီများနှင့် NGO တို့ ဒုက္ခသည်ဘင်္ဂါလီတို့အတွက် သုံးစွဲငွေမှာ နှစ်စဉ် ကန်ဒေါ်လာ ၉၅၀.၈ သန်းရှိပြီး ၎င်းနှင့်ဆက်နွယ်၍ အလုပ်လုပ်ကိုင်နေသူ ဘင်္ဂလားဒက်ရှိနိုင်ငံသား ၄၀၀,၀၀၀ နီးပါးရှိသည်။
သို့သော် အကူအညီပေးရေးအေဂျင်စီအချို့မှ ဝန်ထမ်းအချို့သည် အကောင်းစားဟိုတယ်ကြီးများတွင် ရုံးခန်း ဖွင့်လှစ်နေထိုင်ကြပြီး၊ ဇိမ်ခံကားများ ငှားရမ်းစီးနင်းနေကြသည်၊ ၎င်းတို့၏ လုပ်ငန်းအသုံးစရိတ်မှာ အကူအညီပေးအပ်သည့် ပမာဏနှင့် နှိုင်းယှဉ်လျှင် ကြီးမားလွန်းနေသည်ဟု ဘင်္ဂလားဒက်ရှ် Watch dogs များက ထောက်ပြဝေဖန်ကြပါသည်။
တရားဝင်နေရပ်ပြန်ရေး ၂-ကြိမ်တိုင် ပျက်ပြားပြီးနောက် မြန်မာသံရုံးက ဆန္ဒအလျှောက်နေရပ်ပြန်သူ ၃၉၇-ဦးရှိကြောင်း သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ ယခုသတင်းပါအတိုင်းဆိုလျှင် ဘင်္ဂလားဒက်အစိုးရ၏ သဘောထားမှာ တိုင်းရင်းသားအဆင့်နိုင်ငံသားပေးအပ်မှ နေရပ်ပြန်မည်ဟု ဒုက္ခသည်ဘင်္ဂါလီတို့၏ လိုက်လျောရန်ခက်ခဲသော တောင်းဆိုချက်နှင့် ချိတ်ဆက်လျှက်ရှိကြောင်း တွေ့ရှိရသည်။ ။ သတင်းဘာသာပြန်သူ ))
#ဒုက္ခသည်ဘင်္ဂါလီ #ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး #အကောက်ခွန်ဆိုင်ရာအခွင့်အရေးပေးမှု့GSP
((( bdnews24., 31 Oct 2019, “Bangladesh unaware as Myanmar claims Rohingya returning from Cox’s Bazar.” “Rohingya crisis: Bangladesh asks Europe to curb Myanmar’s GSP privilege.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဆက်စပ်သည်။ )))
https://bdnews24.com/bangladesh/2019/10/31/bangladesh-unaware-as-myanmar-claims-rohingya-returning-from-coxs-bazarhttps://bdnews24.com/bangladesh/2019/10/31/rohingya-crisis-bangladesh-asks-europe-to-curb-myanmars-gsp-privilege.