ဒုက္ခသည်ဘင်္ဂါလီလင်မယား ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်ရာ၌ သေဆုံး။

တနင်္ဂနွေနေ့ ကော့ခ်ဘဇားခရိုင် တက္ကနဖ်မြို့နယ်၊ လီဒါဒုက္ခသည်စခန်းတွင် ရဲတပ်ဖွဲ့ဝင်များအား သေနတ်နှင့် ပစ်ခတ်သော ဒုက္ခသည်ဘင်္ဂါလီလင်မယားမှာ သေဆုံးသွားကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။

သေဆုံးသူများမှာ ဒီးလ်မိုဟာမက် ( ၃၂-နှစ် )၊ ၄င်း၏သား ကွာဒါဟူစိန် နှင့် ဇနီးဖြစ်သူ ဂျဟီဒါဘီဂမ် ( ၂၇-နှစ် ) တို့ဖြစ်ကြပြီး အဆိုပါဒုက္ခသည်စခန်းတွင် အတူနေထိုင်သူများဖြစ်ကြသည်ဆို၏။

သတင်းအရ ရှာဖွေရန် သွားရောက်သည့် တက္ကနဖ်ရဲတပ်ဖွဲ့ဝင်များအား ဒီးလ်မိုဟာမက်တို့က သေနတ်နှင့် စတင် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ခုခံသည့်အနေဖြင့် ပြန်လည်ပစ်ခတ်ရာတွင် ဒါဏ်ရာရရှိသွားသည့် အခါမှ ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း၊ ဆေးရုံသို့ အလျှင်အမြန်ပို့ဆောင်သော်လည်း ရရှိထားသော ဒါဏ်ရာကြောင့် သေဆုံးခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေရာမှ သေနတ် ၃-လက်၊ ကျည်ဆန် ၈ တောင့်နှင့် ကျည်ခွံ ၁၂-ခုတို့ကို သိမ်းဆည်းရမိကြောင်း တက္ကနဖ်ရဲတပ်ဖွဲ့က ပြောဆိုသည်။

ဒီးလ်တို့မှာ ဆေးရုံသို့ ရောက်ရှိလာစဉ် သေဆုံးနေပြီဖြစ်ကြောင်း တက္ကနဖ်မြိ့နယ်ကျန်းမာရေးဌာနက ပြောဆို သည်။ အပြန်အလှန်ပစ်ခတ်စဉ် ရဲအုပ် ၁-ဦးနှင့် အခြားတပ်ဖွဲ့ဝင် ၂-ဦးတို့ ဒါဏ်ရာရရှိကြောင်း သတင်း၌ ဖော်ပြသည်။

( စက်တင်ဘာ – ၂၂၊ ၂၀၁၉ ) ((( Dhaka Tribune., September 22nd, 2019, “Police recovered firearms, bullets and bullet shells from the scene.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/bangladesh/nation/2019/09/22/rohingya-couple-killed-in-teknaf-gunfight
0

Leave a Reply

Your email address will not be published.