အီလေးဆွဲလျှက်ရှိသော ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) အကြပ်အတည်းအား
ကာလရှည်တည်တန့် သော အဖြေရရှိရေးကို ရည်ရွယ်လျှက် လက်ရှိကျင်းပနေသေည့်
၇၄-ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအ ထွေထွေညီလာခံသို့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာက အချက်
၄-ချက် ချမှတ်ပေးရန် တင်ပြတောင်းဆိုလိုက်သည်ဟု ဘင်္ဂလား အခြေစိုက် The Daily Star က
ယနေ့ရေးသားသည်။
ကျွနု်ပ်အနေနှင့် အောက်ပါအတိုင်း ဆောင်ရွက်စေလိုသည်များကို အထွေထွေညီလာခံကြီး၌
ထပ်လောင်း တောင်းဆိုလိုပါကြောင်း .. အစချီလျှက်
( ၁ ) ဒုက္ခသည်ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ ပြန်ရေးနှင့် သဟဇာတဖြစ်ရေး အတွက်
ရေရှည်တည်မြဲသော အစီအစဉ်ဖြင့် ရှင်းလင်းသောနိုင်ငံရေးဆန္ဒရှိကြောင်း မြန်မာနိုင်ငံက
ကြေညာပေးပေးရန်။
( ၂ ) မြန်မာနိုင်ငံက ခွဲခြားဆက်ဆံသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စွန့်လွှတ်၍
ဒုက္ခသည်ဘင်္ဂါလီကိုယ်စားလှယ်များအား ရခိုင်ပြည်နယ်မြောက်ပိုင်းသို့
သွားရောက်ကြည့်ရှု့ခွင့်ပြုခြင်းအားဖြင့် ဘင်္ဂါဘီဒုက္ခသည် များနှင့်
ယုံကြည်မှု့တည်ဆောက်ရန်။
( ၃ ) ရခိုင်ပြည်နယ်တွင် နိုင်ငံတကာအသိုင်းအဝန်းတို့မှ
အရပ်ဖက်စောင့်ကြည့်စစ်ဆေးသူများ မြန်မာနိုင်ငံက ချထားခွင့်ပြုခြင်းအားဖြင့်
အခြားသောဒေသခံများအလည်တွင် ဒုက္ခသည်ဘင်္ဂါလီများအတွက် လုံခြုံ၍ဘေးကင်းကြောင်း
အာမခံချက်ပေးရန်။
( ၄ ) ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် ရက်စက်ရာရောက်သော
ရာဇဝတ်မှုများဖြစ်ပွားရခြင်းအကြောင်းရင်းပြဿနာတို့ကို
နိုင်ငံတကာအသိုင်းအဝိုင်းတို့က ရှာဖွေဖော်ပြရန်နှင့် OIC အဆိုပြုသော
နိုင်ငံတကာတရားရုံး ICJ ၏ အခန်းကဏ္ဍအမှန်တကယ်လိုအပ်ပြီး
အဓိပ္ပါယ်ပြည့်ဝစွာဆက်လက်ဆောင်ရွက်ရန်။
မြန်မာနိုင်ငံ ဒုက္ခသည်ဘင်္ဂါလီလူမျိုးစုများအတွက် ဘင်္ဂလားဒက်ရှ်ဝန်ကြီးချုပ်က
အင်္ဂါနေ့မွန်းလွဲပိုင်းတွင် ထိုသို့တင်ပြကြေညာလိုက်သည်ဟု သတင်း၌ဖော်ပြသည်။
ကျင်းပလျှက်ရှိသော ကုလသမဂ္ဂအထွေထွေညီလာခံကြီး၌ OIC အထွေထွေအတွင်းရေးမှူးများနှင့်အတူ ကုလသမဂ္ဂဆိုင်ရာ အမြဲတန်းကိုယ်စားလှယ်များလည်း တက်ရောက်သည်။
( စက်တင်ဘာ – ၂၅၊ ၂၀၁၉ ) ((( The Daily Star., September 25, 2019, “PM to place 4-point proposal at UN to solve Rohingya crisis.” ကို #HtayOung, #OungMarine ဆီလျှော်အောင်ကောက်နှုတ်တင်ပြသည်။ )))
