ဒုက္ခသည်ဘင်္ဂါလီ ၁၅၀ ခန့် ကော့ခ်ဘဇားနယ်စပ်အနီး စုရုံးလျှက် ဘင်္ဂလားဒက်ရှ်အတွင်း ဝင်ရောက်ရန် ကြိုးစားနေဟုဆို။ အချို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိပြီး ဆေးဝါးအကူအညီရှာဖွေလျှက်ရှိဟု ဘင်္ဂလားဒက်ရှ်အုပ်ချုပ်ရေးမှူး ပြော

ခန့်မှန်းခြေအားဖြင့် အရေအတွက် ၁၅၀-ခန့်ရှိမည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) တို့သည် ပါလောင်ခါလီ ( ဘလွတ်ခါလီ ) ယူနီယံရှိ အာဂျူမန်ပါရာ နယ်စပ်ဒေသတစ်လျှောက်မှတစ်ဆင့် ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားလျှက်ရှိသည်ဟု ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် (BGB) နှင့် ကော့ခ်ဘဇားမြို့နယ် အုပ်ချုပ်ရေး သတင်းရင်းမြစ်များကို ကိုးကားလျှက် Dhaka Tribune က ယမန်နေ့ ရေးသားသည်။

ကြာသပတေးနေ့ည၌ အစိုးရအေဂျင်စီတစ်ခုက သတင်းပေးပို့ရာတွင် ဒုက္ခသည်ဘင်္ဂါလီအချို့မှာ နိုင်ငံအတွင်း ကျူးကျော်ဝင်ရန် ကြိုးစားကောင်း ကြိုးစားလိမ့်မည်ဟု ပါရှိခဲ့ကြောင်း ၎င်းကိစ္စနှင့်ပတ်သက်၍ ဒေသခံများအား သတိပေးနှိုးဆော်ရန် ဗလီအတော်များများသို့ အကြောင်းကြားခဲ့ပြီးဖြစ်သည်ဟု အူခီယာဒေသ ဘလွတ်ခါလ ယူနီယံအဖွဲ့ဝင် စူလတန်အာမက်က ပြောဆိုသည်။

သောကြာနေ့စောစောပိုင်းတွင် နယ်ခြားနှင့်ကပ်လျှက် ပိုင်ရှာခါလီဒေသတွင် လူအချိုနှင့် သူကိုယ်တိုင် အချို့ကို နေရာချထားပေးခဲ့ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့သည် ထိုဒေသတွင် ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်းသို့ တရားမဝင် လူခိုးသွင်းရန် ကြိုးစားနေသည်ဟု ထင်မှတ်ရကြောင်း အာမက်က ဆက်လက်ပြောဆိုသည်။

ပါလောင်ခါလီယူနီယံဥက္ကဋ္ဌ ဂတ်ဖာ အူဒင်ချောင်ဒရီက ပြောဆိုရာ၌ ဒုက္ခသည်ဘင်္ဂါလီ ၁၅၀-ခန့်သည် အန်ဂျူ မန်ပါရာ နယ်စပ်ဒေသ မိုဒါချယ်မှတဆင့် ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ရန် ကြိုးစားလျှက်ရှိကြောင်း ကြားသိရပြီး ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် BGB နှင့် ဆွေးနွေးခဲ့ကြောင်း၊ BGB တပ်ဖွဲ့ဝင်များအနေဖြင့် နိုးကြားစွာရှိနေသည့်အတွက် ဒုက္ခသည်ဘင်္ဂါလီတစ်ဦးတစ်ယောက်မျှ နိုင်ငံအတွင်း ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ အဆိုပါ ဒုက္ခသည်ဘင်္ဂါလီအချို့တွင် Covid-19 ရောဂါဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်လျှက်ရှိသည်ဟု ကြားသိရကြောင်း၊ ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ဆေးဝါးကုသမှုခံယူရန် ရှာဖွေနေပုံရကြောင်း ချောင်ဒရီက ဆက်လက်ပြောဆိုသည်။

ကော့ခ်ဘဇားဒေသ ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် BGB တပ်ရင်းအမှတ် ၃၄ တပ်မှူးဖြစ်သူ ဒုဗိုလ်မှူးကြီး အလီဟိုက်ဒါ အဇစ်အာမက်ကပြောကြားရာတွင် အန်ဂျူ မန်ပါရာ၌ မိမိတို့တပ်ဖွဲ့ဝင် အင်အားဖြည့်တင်းထားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခြင်းကို ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း ပြောကြားသည်။

(( ဘင်္ဂလားဒက်ရှ်သည် Covid-19 ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိပြီး မြို့တော် ဒါကာမှာ အနီရောင်ဇုံ Red Zone သတ်မှတ်ထားရဆဲဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရပါသည်။ ဘင်္ဂလားဒက်ရှ်ဖက်ခြမ်း ကော့ခ်ဘဇား ဒုက္ခသည်စခန်းအားလုံးကိုလည်း Lock-down ချထားရသည်။ ရခိုင်ပြည်နယ်၌ Covid-19 ရောဂါနှင့် ပတ်သက်သည့် သတင်းမရရှိသေးပါ။ အလွန်မှတ်သားဖွယ် ကောင်းသော သတင်းတစ်ပုဒ် ဖြစ်ပါသည် ။ ။ သတင်းဘာသာပြန်သူ ))

https://www.dhakatribune.com/bangladesh/nation/2020/04/10/around-150-rohingyas-gather-near-cox-s-bazar-border

((( Dhaka Tribune., 10 Apr, 2020,” Around 150 Rohingyas gather near Cox’s Bazar border

.” ကို #HtayOung, #OungMarine ဆီလျော်အာင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဘင်္ဂလားဒက်ရှ်နယ်ခြားဒေသ

0

Leave a Reply

Your email address will not be published.