ဒုက္ခသည်ဘင်္ဂါလီ ၄၆-ဦး ဆန္ဒအလျှောက် ယနေ့ထပ်မံ နေရပ်ပြန်ဝင်လာကြောင်း ဒါကာမြို့ မြန်မာသံရုံး သတင်းထုတ်ပြန်။ ဆန္ဒအလျှောက်နေရပ်ပြန်ရေးကို ရှောင်လွှဲနိုင်ရန် မြန်မာက သတင်းမှားထုတ်ပြန်နေခြင်းအပေါ် ဘင်္ဂလားဒက်ရှ်အစိုးရက ဖြေရှင်းရန် ဘင်္ဂလားမီဒီယာတောင်းဆို

အင်္ဂါနေ့တွင် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ ) ၄၆-ဦးတို့သည် ၎င်းတို့ဆန္ဒသဘောအလျှောက် တောင်ပြိုလက်ဝဲအား ဖြတ်သန်း၍ ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ဝင်ရောက်လာကြောင်း ဒါကာမြို့ ဘင်္ဂလားဒက်ရှ်ဆိုင်ရာမြန်မာသံရုံးက ၎င်း၏ Facebook တွင် သတင်းရေးသားထုတ်ပြန်သည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်၌ အောက်တိုဘာ- ၃၁၊ ၂၀၁၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကြိုဆိုလက်ခံရေးစခန်းများမှတဆင့် ၄၆-ဦး ထပ်မံဝင်ရောက်လာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနနှင့် အခြားတာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြကြောင်း၊ ယနေ့ထိ ဆန္ဒအလျှောက် နေရပ်ပြန်သူ အတည်ပြုပြီး ၃၉၇-ဦးရှိခဲ့ရာ ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများကို အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနက လစဉ်ပေးအပ်ကူညီလျှက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရသည် နှစ်နိုင်ငံသဘောတူညီချက်အရ ဘေးကင်းလုံခြုံ၍ ရေရှည်တည်တန့်သော နေရပ်ပြန်ရေး ဖြစ်မြောက်အောင် ကုလသမဂ္ဂ၏အနီးကပ်ကြီးကြပ်မှုဖြင့် ဘင်္ဂလားဒက်ရှ်နိုင်ငံနှင့်အတူ ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ဆန္ဒအလျှောက်နေရပ်ပြန်ရေးကို ရှောင်လွှဲနိုင်ရန်အတွက် ဒုက္ခသည်ဘင်္ဂါလီများ ၎င်းတို့သဘောအလျှောက်နေရပ်ပြန်သယောင် အဓိပ္ပါယ်ထွက်စေသည့် သတင်းများအား နိုင်ငံတကာသို့ ထုတ်လွှင့်လျှက်ရှိရာ ဘင်္ဂလားဒက်ရှ်အစိုးရက စုံစမ်းစစ်ဆေးသင့်ကြောင်းဖြင့် Dhaka Tribune က တောင်းဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပြီးနောက် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေ အဗ္ဗဒူမိုမန်က အင်္ဂါနေ့သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။ UNHCR နှင့် ဘင်္ဂလားဒက်ရှ် ဒုက္ခသည်များအကူအညီပေးရေးနှင့်နေရပ်ပြန်ရေးဆိုင်ရာမဟာမင်းကြီးရုံး RRRC ကလည်း ဒုက္ခသည်ဘင်္ဂါလီများ ဆန္ဒအလျှောက်နေရပ်ပြန်သည်ဟု မိမိတို့ မသိရှိကြောင်း ပြောဆိုသည်။

ဗုဒ္ဓဟူးနေ့တွင် မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီများပြန်လည်ပေါင်းစည်းရေးနှင့် နေရပ်ပြန်ရေးတွင် ပူးပေါင်းဖော်ဆောင်ရန် တာဝန်ရှိခြင်းကို ရှောင်လွှဲလျှက် နိုင်ငံတကာအသိုင်းအဝန်းသို့ အဓိပ္ပါယ်ကောက်လွဲမှားစေသော သတင်းများအား အစီအစဉ်တကျစီမံကိန်းချ လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒက်ရှ် အစိုးရက စွပ်စွဲလိုက်သည်။ မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ချက်သည် လိမ်လည်၊ မှားယွင်း အခြေအမြစ် မရှိပြောဆိုချက်များအဖြစ် ဘင်္ဂလားဒက်ရှ်က ပယ်ချလိုက်သည်။ ထိုသို့ လုပ်ဇာတ်ခင်းနေခြင်းမှ ရပ်တန့်ရန်တောင်းဆိုလိုက်ပြီး မြန်မာက ၎င်းတာဝန်ရှိသည့်အတိုင်း အပြည့်အ၀ အာရုံစိုက်ဆောင်ရွက်သင့်ကြောင်း ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။(( သူတို့ဆီက မီဒီယာဆိုသည်မှာ “ ပကတိအမျိုးသားအကျိုးစီးပွား ” ကို ရှေးရှု့ရာ၌ ယခုတွေ့မြင်ရသည့် အတိုင်းဖြစ်သည်။

ကော့ခ်ဘဇားဒုက္ခသည်စခန်းရောက် ဟိန္ဒူဘာသာဝင်များ၏ အခြေအနေ၊ နေရပ်ပြန်ရန် ၎င်း တို့သဘောထားနှင့် ကြုံတွေ့နေရသော အခက်အခဲများ။ ကော့ခ်ဘဇားဒုက္ခသည်ဘင်္ဂါလီများ၏ နေရပ်ပြန်ရေးဆန္ဒနှင့် ဘင်္ဂလားဒက်ရှ်အစိုးရ၏ အမှန်တကယ်ဆောင်ရွက်နေမှု၊ မြန်မာဘက်မှ ကြေညာချက်များကို ၎င်းတို့ သိ-မသိ။ ARSA အကြမ်းဖက်တို့ ဒုက္ခသည်စခန်းအတွင်း သြဇာလွှမ်းမိုးမှုတို့ကို အင်းဒင်ပြဿနာကဲ့သို့ ရေဆုံးရေဖျား ဇွဲကောင်းကောင်းနှင့် သတင်းအနံံခံ၊ ကြိုးစားဖော်ထုတ်ရေးသားသူရှိသော် “ အဟောသုခံ “ ကောင်းလေစွတကား။ ။ သတင်းဘာသာပြန်သူ ))

((( Dhaka Tribune., October 31st, 2019,” Bangladesh to verify Myanmar’s claim of ‘voluntary’ Rohingya repatriation.”

ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))#ဒုက္ခသည်ဘင်္ဂါလီ၄၆-ဦးဆန္ဒအလျှောက် #ဒါကာမြို့ မြန်မာသံရုံး သတင်းထုတ်ပြန် #ဘင်္ဂလားအခြေစိုက် မီဒီယာတောင်းဆို

https://www.facebook.com/DhakaTribune/?__tn__=kC-R1.g&eid=ARC_AyewjW9wnnO64LWIxNP9U5-gkdkTiAh9ODC9KBs3dE79T5_4iOgKr7E8S2z2pj6YHkhUwl2Hr4M9&hc_ref=ARTZDS2YErJqf6S3km_9iJv-UU5RLnzYy5WqtrpNXG_zYtTxXj0aXsf6VROWuj7E5EM&fref=nf&__xts__[0]=68.ARDE9xYYtjUQgsdsCtOOP9GZiOwZqnzB9UVbv0cZlYOI8D3NjaVkrCyiHSNR5V4hZpxao_1XWmZG5QcLTXWWAHx_ZVE6FTjK4y2LzrKejTEoXB1nnq40h8bhtLLH6FRcTzRu7-Uxzf5VEOv5G-7GM0ftJL1VLIX7n4PLJxSCPO3I7OELrDIlj5r79J81JIKespltvXt9PyQzRSBepgNAWuUYGXcYARwespzPdhiRvHZ1VWzHM4hk3te-yxvWoU4ktOLgmkYeFLWC7LZgIGfIshz1p_IvcPnMuxCavIeoYMVVSOel40_bFEI1qJnslp4aPtsNhttps://www.dhakatribune.com/bangladesh/rohingya-crisis/2019/10/31/bangladesh-to-verify-myanmar-s-claim-of-voluntary-rohingya-repatriationhttps://www.facebook.com/medhakaofficial/photos/pcb.2457250194351777/2457248704351926/?type=3&theaterhttps://www.dhakatribune.com/bangladesh/rohingya-crisis/2019/10/30/rohingya-crisis-dhaka-accuses-naypyidaw-of-misleading-int-l-community-with-false-info

0

Leave a Reply

Your email address will not be published.