ဒုက္ခသည်များနေရပ်ပြန်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရေး ဘင်္ဂလားဒေ့ရှ် ဆန္ဒရှိ။ ပေကျင်း၌ တရုတ်-ဘင်္ဂလားဒေ့ရှ်-မြန်မာ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးရန် တရုတ်အဆိုပြု

  
ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ဟုဖော်ပြ ) များ နေရပ်ပြန်ရေးနှင့် စပ်လျဉ်း၍ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရန် တရုတ်နိုင်ငံက အဆိုပြုထားပြီး အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါရန် ဘင်္ဂလားဒေ့ရှ်က ဆန္ဒရှိကြောင်း၊ ထိုကဲ့သို့ ဆွေးနွေးပွဲမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မပါပဲ မဖြစ်နိုင်ကြောင်း တရုတ်အစိုးအား အသိပေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က ပြောကြားပုံကို Ukhiya News က ယမန်နေ့ ရေးသားသည်။

  
တရုတ်-ဘင်္ဂလားဒေ့ရှ်-မြန်မာတို့ ပါဝင်သော ၃-နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျင်ပင်က အဆိုပြုလိုက်ခြင်းဖြစ်ပြီး၊ ပေကျင်းမြို့တွင် ကျင်းပမည်ဟု ထင်မှတ်ရကြောင်း၊ အဆိုပါဆွေးနွေးသို့ တက်ရောက်ရန် ဘင်္ဂလားဒေ့ရှ်က အသင့်ရှိနေပြီး ယခင်က အလားတူဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပခဲ့ဖူးကြောင်း၊ ဆွေးနွေးပွဲကျင်းပရန် အစီအစဉ်ရေးဆွဲ၍ ပေကျင်းအစိုးရထံ တင်ပြမည်ဟု တရုတ်သံအမတ်ကြီးက သတင်းပေးပို့ကြောင်း ဒေါက်တာ မိုမန်က ပြောဆိုသည်။ 


 ရေရှည်တည်တန့်သော ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေးကို အိန္ဒိယနိုင်ငံကလည်း သဘောတူထားပြီးဖြစ်ကြောင်း လွန်ခဲ့သည့် တနင်္ဂနွေနေ့တွင် လီဂျင်းပင်နှင့် တွေ့ဆုံကြစဉ် ဒုက္ခသည်ဘင်္ဂါလီများမှာ ၎င်းတို့၏ ဇာတိနေရပ် မြန်မာနိုင်ငံသို့ ပြန်ရေးကိစ္စ နှောင့်နှေးနေခြင်းအတွက် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ရသည်ဟု သံ အမတ်ကြီးက ပြောဆိုကြောင်း၊ ရေရှည်တည်တန့်မည့် နေရပ်ပြန်ရေး အမြန်ဖြစ်ထွန်းစေရန်အတွက် တရုတ်အစိုးရက ထောက်ခံပါရန် ဘင်္ဂလားဒေ့ရှ်က တောင်းဆိုခဲ့ကြောင်း၊ 

  
မကြာသေးမီက ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းများအတွင်း ရုန့်ရင်းဆန်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒုက္ခသည်ဘင်္ဂါလီများသာမက လက်ခံထားသည့် လူ့အဖွဲ့အစည်းမှ အပါအဝင် လူ ၈-ဦး သေဆုံးခဲ့ရသည်။ ၎င်းဖြစ်စဉ်ကို နိုင်ငံခြားရေးဝန်ကြီးက ထောာက်ပြပြီးလျှင် ဒုက္ခသည်ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ ပြန်ရေး နှောင့်နှေးနေပါက ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်ရာရောက်လာလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လျှက်ရှိကြောင်း၊ ဒုက္ခသည်စခန်းများ ဝန်းကျင်တွင် သံဆူးကြိုး ကာရံထားခြင်း မရှိသည့်အတွက် အလားတူဖြစ်ရပ်များ တိုးပွားလာကြောင်း၊ 

  
နေရပ်ပြန်ရေး လုပ်ငန်းစဉ်များ နှောင့်နှေးနေသဖြင့် ဒေသခံများအကြား၌ ဒုက္ခသည်ဘင်္ဂါလီများနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့အပေါ် မကျေနပ်မှုများ ပိုမိုပြင်းထန်လာနေကြောင်း၊ မြန်မာလုံခြုံရေးတပ်များက နှစ်နိုင်ငံနယ်စပ်နှင့် နီးကပ်စွာ တပ်စွဲလာသည်ကို တရုတ်သံအမတ်ကြီးအား အသိပေးခဲ့ကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့နှင့် ဒုက္ခသည်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီပေးယုံမျှနှင့် ပြဿနာ ဖြေရှင်းရန် မလုံလောက်ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများအား မြန်မာနိုင်ငံသို့ ပြန်စေခြင်းဖြင့် အမြဲတည်တန့်မည့် အဖြေလိုအပ်ကြောင်း၊ ထိုအချက်ကို တရုတ်သံအမတ်ကြီးကလည်း နားလည်လက်ခံကြောင်း၊ 

  
ဒုက္ခသည်ဘင်္ဂါလီ ၁.၁-သန်းတို့ကို အလေးအနက်မထားပဲ ၎င်းတို့၏ နေရင်းအရပ်သို့ ပြန်သွားကြရန် အခွင့်အရေး မပေးခဲ့လျှင် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးကို ထိခိုက်စေလိမ့်မည်ဟု မကြာသေးခင်ကပင် ပြောကြားခဲ့ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေးတွင် ထိုင်းနှင့် အာဆီယံအားလုံးတို့က တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် ဘင်္ဂလားဒေ့ရှ်က နည်းလမ်းရှာဖွေခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမိုမန်က ဆက်လက်ပြောဆိုသည်။ 

  
ဒုက္ခသည်ဘင်္ဂါလီများအနေဖြင့် မြန်မာအစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့လျှက်ရှိရာ ၂၀၁၈ ခုနှစ်နိုဝင်ဘာလနှင့် ၂၀၁၉ ခုနှစ် သြဂုတ်လတို့တွင် စီစဉ်သည့် နေရပ်ပြန်ရေး ကြိုးပမ်းမှုမှာ နှစ်ကြိမ်တိုင်တိုင် ပျက်ပြားခဲ့သည်။ 

  
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃-ရက်နေ့တွင် ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရေးဆိုင်ရာသဘောတူညီချက်ကို ဘင်္ဂလားဒေ့ရ်ှနှင့် မြန်မာတို့က လက်မှတ်ရေးထိုးခဲ့သည်။ 

  
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရ်ှနှင့် မြန်မာတို့သည် ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်ရာ၌ အဆင်ပြေချောမွေ့စေမည့် “ ရုပ်ပိုင်းဆိုင်ရာအစီအစဉ် “ ကို လက်မှတ်ရေးခဲ့ကြသည်။ 

((( Ukhiya News., 13-10-2020,” Rohingya Repatriation: Dhaka wants Suu Kyi to join talks in Beijing.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#မြန်မာ _ဘင်္ဂလားဒေ့ရှ်_တရုတ် #သုံးပွင့်ဆိုင်နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံဆွေးနွေးရေး 

http://en.ukhiyanews.com/rohingya-repatriation-dhaka-wants-suu-kyi-to-join-talks-in-beijing/

1+

Leave a Reply

Your email address will not be published.