ဒုက္ခသည်များ စောစီးစွာ နေရပ်ပြန်ရေးနှင့် မြန်မာ၏ လက်ရှိအခြေအနေကို ကုလညီလာခံ ပဉ္စမကော်မတီတွင် နိုင်ငံခြားရေးဝန်ကြီး မိုမန်တင်ပြမည်။ ညီလာခံဥက္ကဋ္ဌက ဖိတ်ခေါ်ခဲ့ဟု ဆို။ ဘင်္ဂါလီများ နိုင်ငံသား ဖြစ်မှုနှင့် ရေရှည်တည်တန့်-လုံခြုံဘေးကင်းပြီး ဆန္ဒအလျောက်နေရပ်ပြန်ရန် ဥက္ကဋ္ဌ လေးစား


ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟုဖော်ပြ) များ၏ ရေရှည်တည်တန့်၍ စောစီးစွာ နေရပ်ပြန်ရေးနည်းလမ်း ရှာဖွေရေးအပါအဝင် ကုလသမဂ္ဂအထွေထွညီလာခံ အစည်းအဝေး ၂-ခု တက်ရောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်သည် ယနေ့ တနင်္ဂနွေနံနက်ပိုင်းတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ထွက်ခွာသွားသည်ဟု Dhaka Tribune က ယနေ့ ရေးသားသည်။

…   
ဒုက္ခသည်ဘင်္ဂါလီများ နေရပ်ပြန်စေရေးမှာ ဘင်္ဂလားဒေ့ရှ်၏ ဦးစားပေးကိစ္စဖြစ်ပြီး ရေရှည်တည်တန့်၍ စောစီးစွာ နေရပ်ပြန်နိုင်မည့် အခြေအနေမျိုး ဖြစ်စေလိုကြောင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် အဘက်ဘက်က များစွာပြောဆိုလျှက်ရှိကြပုံကို ရည်ညွှန်းကာ ဒေါက်တာ မိုမန်က ရှင်းပြသည်။

…    
ဘင်္ဂလားဒေ့ရ်ှအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီ ၁.၁ သန်းကျော်တို့ကို နိုအာခါလီရှိ ဘာဆန်ချာကျွန်းနှင့် ကော့ခ်ဘဇားတို့တွင် လက်ခံထားပေးနေရသည်။

…  
လွန်ခဲ့သော လေးနှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ်တွင် ဆီလျော်သော ပတ်ဝန်းကျင် အခြေအနေ မရှိသည့်အပြင် ဒုက္ခသည်များအကြား ယုံကြည်မှု ကင်းမဲ့နေသည့်ကြသည့်အတွက် နေရပ်ပြန်သူ မရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

…  
ဘင်္ဂလားဒေ့ရှ်သို့ လာရောက်သည့် အထွေထွေညီလာခံဥက္ကဋ္ဌ ဗိုလကန်ဘိုဇကက်၏ ခရီးစဉ်အတွင်း ကုလသမဂ္ဂအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီတို့အား မေ့ထားမည်မဟုတ်ဟု ကတိပြုခဲ့ကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီများ နိုင်ငံသားဖြစ်မှု အပါအဝင် အခြေခံလူ့အခွင့်အရေးများနှင့်တကွ လုံခြုံဘေးကင်းပြီး ရေရှည်တည်တံ့၍ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးအတွက် အခြေအနေများ ဖန်တီးပေးခြင်းကို လေးစားရမည်ဟု ပြောဆိုခဲ့ကြောင်း၊ မိမိကိုလည်း နယူးယောက်၌ လာရောက်တင်ပြရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်အများအပြား ပါဝင်ကြမည်ဖြစ်ပြီး ကောင်းမွန်စွာဆွေးနွေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းဒေါက်တာမိုမန်က သတင်းထောက်များအား ဆက်လက်ရှင်းပြသည်။

…   
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်သည် ကုလသမဂ္ဂအထွေထွညီလာခံ ပဉ္စမကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက် ၀၄း၂၅ နာရီတွင် အမေရိကန်နိုင်ငံသို့ ကာတာ လေကြောင်းလိုင်းဖြင့် ထွက်ခွာသွားပြီး ဇွန် ၂၂-ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ 

အဆိုပါ အစည်းအဝေးမတိုင်မီ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ အခြား ကုလသမဂ္ဂညီလာခံတစ်ခုသို့လည်း တက်ရောက်မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။

(( မြန်မာနိုင်ငံသည်လည်း ဘင်္ဂလားဒေ့ရှ်နည်းတူ LDCs နိုင်ငံဖြစ်ပါသည်။

 ထို့ပြင် ထွက်ပြေးသွားသည်ဆိုသော ဒုက္ခသည်ဘင်္ဂါလီများအရေးနှင့် ပတ်သက်၍ ကုလအထွေထွေညီလာခံ ပဉ္စမကော်မတီအစည်းအဝေး တက်ရောက်ရန် နစက အစိုးရအား ဖိတ်ကြားခြင်း ရှိမရှိနှင့် မဖိတ်ကြားပဲ ရှိနိုင်-မရှိနိုင် ကျွန်တော် မသိပါ။

၇၆-ကြိမ်မြောက် နှစ်စဉ် ပုံမှန် ကုလသမဂ္ဂအထွေထွေညီလာခံကိုမူ လာမည့် စက်တင်ဘာ ၁၄-ရက်မှ ၃၀-ရက် နေ့အထိ ကျင်းပမည် ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ))

#ဘင်္ဂလားဒေ့ရှ်_ကုလသမဂ္ဂအထွေထွေညီလာခံ_ပဉ္စမကော်မတီအစည်းအဝေး

((( Dhaka Tribune., June 13th, 2021,” Foreign minister’s NY visit: Dhaka to press for early repatriation of Rohingyas.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆိုသည်။)))

https://www.dhakatribune.com/bangladesh/rohingya-crisis/2021/06/13/foreign-minister-s-ny-visit-dhaka-to-press-for-early-repatriation-of-rohingyas
https://www.dhakatribune.com/bangladesh/2021/05/26/unga-president-bozkir-we-haven-t-forgotten-about-the-rohingya-people
https://www.thedailystar.net/rohingya-crisis/news/foreign-ministers-new-york-visit-dhaka-press-early-repatriation-rohingyas-2109913 

Leave a Reply

Your email address will not be published.