ဒဲလ်တာ ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ စတင်တွေ့ရှိရာ အိန္ဒိယတွင် ရက် ၉၀ ခန့်၌ သေဆုံးမှု အနည်းဆုံးအရေအတွက်သို့ ဆက်တိုက်ကျဆင်းလာကြောင်း တွေ့ရှိ။ ၂၄-နာရီအတွင်း ၅၅၃-ဦး ထပ်မံသေဆုံး၍ ကူးစက်ခံရသူ ၃၅,၀၀၀ နီးပါး ရှိနေဆဲဖြစ်သော်လည်း ၄-လအတွင်း အနိမ့်ဆုံး ကူးစက်မှုဖြစ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ဖြစ်ပွားစေသည့် Sars-CoV-2 ဗိုင်းရပ်စ်၏ ဒဲလ်တာဗီဇပြောင်းအဖြစ် လူသိများသော B.1.617.2 မျိုးဆက်ဗိုင်းရပ်စ်၏ ကူးစက်မှု စတင်တွေ့ရှိခဲ့သည့် အိန္ဒိယနိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ လူပေါင်း ၅၅၃-ဦး ထပ်မံသေဆုံးခဲ့ရာ ရက်ပေါင်း ၉၀ ခန့်တွင် သေဆုံးမှု အနည်းဆုံးအရေအတွက်ဖြစ်ကြောင်း ၎င်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

…    
၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရသူ သုံးသောင်းငါးထောင်နီးပါး (၃၄,၇၀၃-ဦး) ရှိသော်လည်း ၄ လနီးပါးအတွင်း အနိမ့်ဆုံးအရေအတွက်ဖြစ်သည်ဟု ဝန်ကြီးဌာန၏ နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် Press Trust of India အစီရင်ခံစာ၌ ဖော်ပြထားသည်ဆို၏။

…   
ယခုနောက်ဆုံးစာရင်းဇယားများအရ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြင့် အသက်ဆုံးရှုံးရသူပေါင်း ၄-သိန်းကျော် (၄,၀၃,၂၈၁-ဦး) နှင့် ကူးစက်ခြင်းခံရသူ သန်း ၃၀ ကျော် (၃၀,၆၁၉,၉၃၂-ဦး) ဖြစ်လာကြောင်း သိရှိရသည်။

…  
လွန်ခဲ့သော ၂၄-နာရီအတွင်း ဆေးရုံတင်ရသူအရေအတွက်မှာ ၁၀၁-ရက်အတွင်း အနိမ့်ဆုံးအရေအတွက်သို့ ဆက်လက်ကျဆင်းခဲ့ပြီး ကူးစက်ခြင်းခံရသူ စုစုပေါင်း၏ ၁.၅၂% ဖြစ်လာသည်။ ပြန်လည်ကျန်းမာလာသူ လူနာပမာဏမှာလည်း ကူးစက်ခံရသူများ၏ ၉၇.၁၇% အထိ တိုးတက်လာခဲ့သည်။

…    
ထို့ပြင် တနင်္လာနေ့တွင် နိုင်ငံတစ်ဝှန်းလုံး၌ စမ်းသပ်နမူနာပေါင်း ၁-သန်းခွဲကျော်ကို စစ်ဆေးပေးနိုင်ခဲ့ရာ ထိုအချိန်ထိ စစ်ဆေးပေးနိုင်သူ စုစုပေါင်းမှာ ၄၂၁-သန်းကျော်ဖြစ်လာခဲ့သည်။

…  
ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ပမာဏမှာ ၁၅-ရက်ဆက်တိုက် နေ့စဉ်ကျဆင်းခဲ့ပြီး ယနေ့နံနက်တွင် စစ်ဆေးမှု၏ ၂.၁၁% အထိဖြစ်၍  ရက်သတ္တပတ်အတွင်းဆိုလျှင် ၂.၄၀% ဖြစ်လာသည်။

…    
ပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၅၄ ရက်ဆက်တိုက် နေ့စဉ် တိုးမြင့်နေပြီး သေဆုံးနှုန်း ၁.၃၂% ရှိသည်။ ၎င်းတို့၏ ၇၀% ကျော်မှာ အခြားရောဂါအခံရှိသူများ ဖြစ်သည်။

…  
သောကြာနေ့တွင် အိန္ဒိယနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်ရောဂါဖြင့် လူသေဆုံးမှုမှာ ၄-သိန်းကျော်အရေအတွက်ဖြစ်နေခဲ့ပြီး ၎င်း၏ ထက်ဝက်အရေအတွက်မှာ လွန်ခဲ့သည့် လအနည်းငယ်က ကူးစက်ကပ်ရောဂါပြင်းထန်စဉ် ဆေးရုံများ၌ မနိုင်မနင်းဖြစ်ကာ မီးသြင်္ဂိုဟ်ရန်ပင် အခက်အခဲဖြစ်ရသည့်ကာလ၌ သေဆုံးကြခြင်းဖြစ်သည်။

…  
ကူးစက်ကပ်ရောဂါ ဖြစ်ပွားလျှက်ရှိသော အိန္ဒိယနိုင်ငံတွင် ဧပြီလကုန်အထိ သေဆုံးမှုပေါင်း ၂-သိန်း ရှိခဲ့သော်လည်း ၂၈-ရက်အကြာ၌ သေဆုံးသူ ၃-သိန်းဖြစ်လာသည်။ တနည်းအားဖြင့် ဒဲလ်တာဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်က လူပေါင်း ၁-သိန်းတို့ကို အသက်ဆုံးရှုံးစေရန် ၁-လမပြည့်သည့်ကာလသာ ကြာမြင့်သည်။

((ကျွန်တော်တို့နိုင်ငံအား Covishield ကာကွယ်ဆေး ကြိမ်ရေပမာဏ ၃သန်းခွဲ လှူဒါန်းခဲ့သည့် အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြင့် လူအများအပြား ဖျားနာ၍ ကြောက်ခမန်းလိလိ သေဆုံးကြောင်းသတင်းများကို ကြားရသည့်အခါ ဝမ်းနည်းစိတ် အမှန်ပင် ဖြစ်ခဲ့မိပါသည်။

…  
ထို့ကြောင့် အိန္ဒိယနိုင်ငံက ကူးစက်ကပ်ရောဂါအပေါ် စတင်အနိုင်ရလာကြောင်း သတင်းကို ဝမ်းမြောက်စွာ ဖော်ပြပါသည်။ ရှောင်တိမ်းရန် ခက်ခဲသော ကပ်ရောဂါကျရောက်စဉ် ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့ကြသူ အိန္ဒိယနိုင်ငံသားတို့လည်း ကောင်းရာဘုံဘ၀ ရောက်ပါစေဟု ဆန္ဒပြုပါသည်။

…  
ကူးစက်ကပ်ရောဂါသည် အနီ-အစိမ်း၊ NLD-USDP ဟူ၍ မသိပါ။ ကိုးကွယ်ရာဘာသာမရွေး ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူ ကျား-မ အသက်အရွယ်အားလုံးကို ကူးစက်စေနိုင်ပြီး ဖျားနာ၍ အလုပ်အကိုင်ပျက်ယွင်းရခြင်းမှ အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါသည်။

#ကာကွယ်ဆေး_အမြန်ဆုံး_ထိုးနှံကြပါ။ #Mask_နှစ်ထပ်_ဝတ်ဆင်ပါ၊ #မကြာခဏ_လက်ဆေးပါ #လူစုလူဝေးရှောင်ရှားပါ #လူချင်းနီးကပ်မှုကန့်သတ်ပါ #အိပ်ရေး၀၀အိပ်၍ #ကိုယ်ခံအားပြည့်နေစေရန်ဂရုစိုက်ပါ #ကျန်းမာရေးဋ္ဌာန၏_ညွှန်ကြားချက်များကို_လိုက်နာပါ ။ ။ သတင်းဘာသာပြန်သူ))
..
(((Dhaka Tribune., July 6, 2021,” India logs lowest daily Covid toll in around 90 days’ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))

https://www.dhakatribune.com/world/south-east-asia/2021/07/06/india-logs-lowest-daily-covid-toll-in-around-90-days
https://www.nbcnews.com/science/science-news/delta-delta-variants-everything-need-know-rcna1281 


ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ဖြစ်ပွားစေသည့် Sars-CoV-2 ဗိုင်းရပ်စ်၏ ဒဲလ်တာဗီဇပြောင်းအဖြစ် လူသိများသော B.1.617.2 မျိုးဆက်ဗိုင်းရပ်စ်၏ ကူးစက်မှု စတင်တွေ့ရှိခဲ့သည့် အိန္ဒိယနိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ လူပေါင်း ၅၅၃-ဦး ထပ်မံသေဆုံးခဲ့ရာ ရက်ပေါင်း ၉၀ ခန့်တွင် သေဆုံးမှု အနည်းဆုံးအရေအတွက်ဖြစ်ကြောင်း ၎င်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေး သားသည်။

…    
၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းခံရသူ သုံးသောင်းငါးထောင်နီးပါး (၃၄,၇၀၃-ဦး) ရှိသော်လည်း ၄ လနီးပါးအတွင်း အနိမ့်ဆုံးအရေအတွက်ဖြစ်သည်ဟု ဝန်ကြီးဌာန၏ နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် Press Trust of India အစီရင်ခံစာ၌ ဖော်ပြထားသည်ဆို၏။

…   
ယခုနောက်ဆုံးစာရင်းဇယားများအရ အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြင့် အသက်ဆုံးရှုံးရသူပေါင်း ၄-သိန်းကျော် (၄,၀၃,၂၈၁-ဦး) နှင့် ကူးစက်ခြင်းခံရသူ သန်း ၃၀ ကျော် (၃၀,၆၁၉,၉၃၂-ဦး) ဖြစ်လာကြောင်း သိရှိရသည်။

…  
လွန်ခဲ့သော ၂၄-နာရီအတွင်း ဆေးရုံတင်ရသူအရေအတွက်မှာ ၁၀၁-ရက်အတွင်း အနိမ့်ဆုံးအရေအတွက်သို့ ဆက်လက်ကျဆင်းခဲ့ပြီး ကူးစက်ခြင်းခံရသူ စုစုပေါင်း၏ ၁.၅၂% ဖြစ်လာသည်။ ပြန်လည်ကျန်းမာလာသူ လူနာပမာဏမှာလည်း ကူးစက်ခံရသူများ၏ ၉၇.၁၇% အထိ တိုးတက်လာခဲ့သည်။

…    
ထို့ပြင် တနင်္လာနေ့တွင် နိုင်ငံတစ်ဝှန်းလုံး၌ စမ်းသပ်နမူနာပေါင်း ၁-သန်းခွဲကျော်ကို စစ်ဆေးပေးနိုင်ခဲ့ရာ ထိုအချိန်ထိ စစ်ဆေးပေးနိုင်သူ စုစုပေါင်းမှာ ၄၂၁-သန်းကျော်ဖြစ်လာခဲ့သည်။

…  
ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ပမာဏမှာ ၁၅-ရက်ဆက်တိုက် နေ့စဉ်ကျဆင်းခဲ့ပြီး ယနေ့နံနက်တွင် စစ်ဆေးမှု၏ ၂.၁၁% အထိဖြစ်၍  ရက်သတ္တပတ်အတွင်းဆိုလျှင် ၂.၄၀% ဖြစ်လာသည်။

…    
ပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၅၄ ရက်ဆက်တိုက် နေ့စဉ် တိုးမြင့်နေပြီး သေဆုံးနှုန်း ၁.၃၂% ရှိသည်။ ၎င်းတို့၏ ၇၀% ကျော်မှာ အခြားရောဂါအခံရှိသူများ ဖြစ်သည်။

…  
သောကြာနေ့တွင် အိန္ဒိယနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်ရောဂါဖြင့် လူသေဆုံးမှုမှာ ၄-သိန်းကျော်အရေအတွက်ဖြစ်နေခဲ့ပြီး ၎င်း၏ ထက်ဝက်အရေအတွက်မှာ လွန်ခဲ့သည့် လအနည်းငယ်က ကူးစက်ကပ်ရောဂါပြင်းထန်စဉ် ဆေးရုံများ၌ မနိုင်မနင်းဖြစ်ကာ မီးသြင်္ဂိုဟ်ရန်ပင် အခက်အခဲဖြစ်ရသည့်ကာလ၌ သေဆုံးကြခြင်းဖြစ်သည်။

…  
ကူးစက်ကပ်ရောဂါ ဖြစ်ပွားလျှက်ရှိသော အိန္ဒိယနိုင်ငံတွင် ဧပြီလကုန်အထိ သေဆုံးမှုပေါင်း ၂-သိန်း ရှိခဲ့သော်လည်း ၂၈-ရက်အကြာ၌ သေဆုံးသူ ၃-သိန်းဖြစ်လာသည်။ တနည်းအားဖြင့် ဒဲလ်တာဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်က လူပေါင်း ၁-သိန်းတို့ကို အသက်ဆုံးရှုံးစေရန် ၁-လမပြည့်သည့်ကာလသာ ကြာမြင့်သည်။

((ကျွန်တော်တို့နိုင်ငံအား Covishield ကာကွယ်ဆေး ကြိမ်ရေပမာဏ ၃သန်းခွဲ လှူဒါန်းခဲ့သည့် အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြင့် လူအများအပြား ဖျားနာ၍ ကြောက်ခမန်းလိလိ သေဆုံးကြောင်းသတင်းများကို ကြားရသည့်အခါ ဝမ်းနည်းစိတ် အမှန်ပင် ဖြစ်ခဲ့မိပါသည်။

…  
ထို့ကြောင့် အိန္ဒိယနိုင်ငံက ကူးစက်ကပ်ရောဂါအပေါ် စတင်အနိုင်ရလာကြောင်း သတင်းကို ဝမ်းမြောက်စွာ ဖော်ပြပါသည်။ ရှောင်တိမ်းရန် ခက်ခဲသော ကပ်ရောဂါကျရောက်စဉ် ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့ကြသူ အိန္ဒိယနိုင်ငံသားတို့လည်း ကောင်းရာဘုံဘ၀ ရောက်ပါစေဟု ဆန္ဒပြုပါသည်။

…  
ကူးစက်ကပ်ရောဂါသည် အနီ-အစိမ်း၊ NLD-USDP ဟူ၍ မသိပါ။ ကိုးကွယ်ရာဘာသာမရွေး ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူ ကျား-မ အသက်အရွယ်အားလုံးကို ကူးစက်စေနိုင်ပြီး ဖျားနာ၍ အလုပ်အကိုင်ပျက်ယွင်းရခြင်းမှ အသက်ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါသည်။

#ကာကွယ်ဆေး_အမြန်ဆုံး_ထိုးနှံကြပါ။ #Mask_နှစ်ထပ်_ဝတ်ဆင်ပါ၊ #မကြာခဏ_လက်ဆေးပါ #လူစုလူဝေးရှောင်ရှားပါ #လူချင်းနီးကပ်မှုကန့်သတ်ပါ #အိပ်ရေး၀၀အိပ်၍ #ကိုယ်ခံအားပြည့်နေစေရန်ဂရုစိုက်ပါ #ကျန်းမာရေးဋ္ဌာန၏_ညွှန်ကြားချက်များကို_လိုက်နာပါ ။ ။ သတင်းဘာသာပြန်သူ))
..
(((Dhaka Tribune., July 6, 2021,” India logs lowest daily Covid toll in around 90 days’ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။))

https://www.dhakatribune.com/world/south-east-asia/2021/07/06/india-logs-lowest-daily-covid-toll-in-around-90-days
https://www.nbcnews.com/science/science-news/delta-delta-variants-everything-need-know-rcna1281 

Leave a Reply

Your email address will not be published.