နတ်တန့်ဇ်ယူရေနီယံစက်ရုံဖြစ်ရပ် ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရေးဆွေးနွေးပွဲ ပျက်ပြားစေ မည့် အစ္စရေး၏ထောင်ခြောက်ဟု အီရန်အပြစ်တင်။ အီရန်နျူစက်ရုံဓါတ်အားပြတ်တောက်မှု အစ္စရေးမော့ဆက် လက်ချက်ဟုဆို။ ဆန္ဒပြသူများကို ပစ်ခတ်သဖြင့် ဒဏ်ခတ်အရေးယူသည့် အီးယူအား အီရန်လက်တုန့် ပြန်


တနင်္ဂနွေနေ့တွင် အီရန်နိုင်ငံ မြေအောက်တစ်နေရာရှိ နျူကလီးယားစက်ရုံ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ အီရန်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများရုတ်သိမ်းရေးအတွက် သြစတြီးယား နိုင်ငံ ဗီယင်နာတွင် ဆွေးနွေးလျှက်ရှိခြင်းအပေါ် ပစ်မှတ်ထားသည့် အစ္စရေး၏ လက်ချက်အဖြစ် သံသယ မကင်းဖွယ် တွေ့ရှိရပြီး #လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် #အဖျက်အမှောက်လုပ်ရပ် ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ်က စွပ်စွဲလိုက်သည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

…  
နျူစက်ရုံပျက်စီးခဲ့လျှင် ကပ်ဘေးသဖွယ် အန္တရာယ်သင့်စေသည့် လုပ်ရပ်ဖြစ်သော်လည်း ရေဒီယိုဓါတ်ရောင်ခြည် စိမ့်ထွက်ခြင်းနှင့် ထိခိုက်ဒဏ်ရသူ မရှိခဲ့ကြောင်း တနင်္လာနေ့ မီဒီယာကွန်ဖရင့်တွင် ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုသည်။

…   
အီရန်အနေဖြင့် အစ္စရေး၏ထောင်ခြောက်အတွင်း သက်ဆင်းလိမ့်မည်ဟုတ်ကြောင်း ဗီယင်နာ၌ ၂၀၁၅-ခုနှစ် နျူကလီယာသဘောတူစာချုပ်အား အမေရိကန်နှင့် အီရန်တို့က ပြန်လည်ဆယ်တင်ရန် နည်းလမ်းရှာဖွေလျှက် ရှိရာတွင် အီရန်၏ရပ်တည်မှုမှ အလျော့ပေးလိမ့်မည်မဟုတ်ကြောင်း #နိုင်ငံခြားရေးဝန်ကြီး_ ဂျာဗစ် ဇာရစ်ဖ်က ပြောဆိုခဲ့သည်။

…     
အစ္စရေးတာဝန်ရှိသူများအနေဖြင့် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းစေမည့် အခြေအနေတိုးတက်မှုမှန်သမျှတို့ကို လက်ခံမည်မဟုတ်ဟု ရှင်းလင်းစွာပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ၎င်းတို့၏ ရည်မှန်းချက်အတိုင်း ဖြည့်ဆည်းနိုင်ပြီဟု စိတ်ကူးယဉ်လျှက်ရှိကြောင်း၊ အီရန်၏ နျူကလီယာဆက်လက် တိုးတက်မှုများဖြင့် ဇီယွန်ဝါဒီများအား တုန့်ပြန်ရလိမ့်မည်ဖြစ်ကြောင်း ဇာရစ်ဖ်က ဆက်လက်ရှင်းပြသည်။

…    
ထို့ပြင် အိုဘားမားအစိုးရလက်ထက် သဘောတူညီချက်ဟု လူသိများသော ဘက်စုံ ပူးတွဲဆောင်ရွက်ရေးအစီအစဉ် #JCPOA ကို အကောင်အထည်ဖော်ရန် အီရန်နှင့် အမေရိကန်အကြား သွယ်ဝိုက်ဆွေးနွေးမှုများကိုလည်း နိုင်ငံခြားရေးဝန်ကြီးက ရည်ညွှန်းပြောဆိုသည်။ အဆိုပါစာချုပ်တွင် အီရန်က ၎င်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ၊ လျှော့ပါးစေ၍ စီးပွားရေးအခွင့်အလမ်းများ ပြန်လည်ရရှိစေရေးအတွက် ၎င်း၏ နျူကလီယာအစီအစဉ်ကို ကန့်သတ်ရန် သဘောတူညီထားခဲ့သည်။

…   
ယခင်သမ္မတ_ဒေါ်နယ်ထရမ့်ကမူ အဆိုပါစာချုပ်ကို သဘောတူညီခဲ့သမျှအားလုံးတို့တွင် အဆိုးရွားဆုံးအဖြစ် တံဆိပ်ကပ်သော အစ္စရေးအစိုးရ၏ စံနမူနာအတိုင်း ကျင့်သုံးခဲ့သည်။ ၂၀၁၈-ခုနှစ် မေလတွင် လုံးဝနှုတ်ထွက်လိုက်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အကြီးအကျယ် ပြဋ္ဌာန်းခဲ့သည်။ ထိုနောက် တစ်နှစ်အကြာတွင် အမေရိကန်သည် အီရန်အပေါ် အကာအကွယ်ပေးရန် ကတိကဝတ်များမှ ပျက်ကွက်သည်ဟု ပြောဆိုကာ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ဥရောပနိုင်ငံများအား ဖိအားပေး၍ အပေးအယူပြုသည့် ခြေ လှမ်းများ ကို အီရန်က တဖြည်းဖြည်း စတင်ခဲ့သည်။ 

ဂျိုးဘိုင်ဒင်အစိုးရကမူ JCPOA သဘောတူညီချက်ကို ပြန်လည်ရှင်သန်စေလိုကြောင်း ပြောကြားသော်လည်း ဒေါ်နယ်ထရမ့်၏ အရေးယူဆောင်ရွက်ချက်များမှ လုံးလုံးလျားလျား ပြောင်းပြန်ဆန့်ကျင်ရန် ငြင်းဆန်ခဲ့သည်။ ဗီယင်နာဆွေးနွေးပွဲများမှာ ဥရောပသမဂ္ဂမှ အရာရှိများက ကြား ဝင်ညှိနှိုင်းခြင်းဖြင့် အမေရိကန်နှင့် အီရန်အကြား အကျပ်အတည်းကို ကျော်လွှားရန် ရည်ရွယ်သည်။ သို့သော် မည်သည့်အတိုင်းအတာအထိနှင့် မည်သို့စတင်ဆောင်ရွက်ကြမည့်ကိစ္စတွင် နှစ်နိုင်ငံစလုံး၏ အလျှော့မပေးသော ရပ်တည်ချက်မှာ လူသိထင်ရှားဖြစ်နေသည်။

…   
နတ်တန့်ဇ်နျူကလီယာစက်ရုံကိစ္စနှင့် ပတ်သက်၍ အစ္စရေးက ချက်ချင်းမှတ်ချက်မပေးသော်လည်း #အစ္စရေး-လျှိ့ဝှက်ထောက်လှမ်းရေး_မော့ဆက်၏ ဆိုင်ဘာတိုက်ခိုက်မှုဖြစ်ကြောင်း သတင်းရင်းမြစ်များအား ကိုးကား၍ အစ္စရေးနှင့် အမေရိကန်မီဒီယာများက ဖော်ပြကြသည်။
အီရန်၌ အမျိုးသားနျူကလီးယားနည်းပညာနေ့ကိုကျင်းပအပြီး နောက်တစ်နေ့၌ ပိုမိုသန့်စင်သော ယူရေနီယမ်များထုတ်လုပ်တော့မည့်သတင်းတို့ ကြားရပြီးနောက် နတ်တန့်ဇ်စက်ရုံအား တိုက်ခိုက်ခံရကြောင်း စွပ်စွဲချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူရေနီယံကြွယ်ဝစွာ သန့်စင်မှုနှင့် ထုတ်ယူသည့်ပမာဏတို့မှာ JCPOA စာချုပ် ၏ အဓိက အစိတ်အပိုင်းများအဖြစ် ပါဝင်သည်။

…   
နတ်တန့်ဇ်ယူရေနီယ့သန့်စင်စက်ရုံအား အစ္စရေးသူလျှိုများက တိုက်ခိုက်ခြင်းဖြစ်ကြောင်း အီရန်က ဒေါသတကြီး အပြစ်တင်ပြီး နောက်တစ်နေ့တွင် အစ္စရေးနိုင်ငံအနေဖြင့် အီရန်၏ ကျူးကျော်မှုနှင့် အကြမ်းဖက်မှုများမှ ကာကွယ်ရလိမ့်မည်ဖြစ်ကြောင်း #ဝန်ကြီးချုပ်_နေတန်ညာဟုက ပြောဆိုသည်။

…   
နတ်တန့်ဇ်အဖြစ်အပျက်ကို တိုက်ရိုက်ဖော်ပြခြင်းမပြုဘဲ အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားသော်လည်း အီရန်အစိုးရအပေါ် သတိပေးရာရောက်သည့် စကားအသုံးအနှုန်းများ ပါဝင်ခြင်း မရှိပေ။

…  
အီရန်သည် နျူကလီယာလက်နက်နှင့် ဒုံးကျည်များရရှိလိုသည့် ၎င်း၏ အာသာဆန္ဒကို မည်သည့်အခါမျှ စွန့် လွှတ်ခြင်း မရှိပဲ အစ္စရေးတို့အား အမြစ်ဖြုတ်ချေမှုန်းရန် တောင်းဆိုခြင်းနှင့် ၎င်းတို့၏ ရည်မှန်းချက်ဆီသို့ ဦးတည်လုပ်ဆောင်နေကြောင်း ဂျေရုစလင်သို့ အလည်အပတ်ရောက်ရှိနေသည့် #အမေရိကန်ကာကွယ်ရေးဝန်ကြီး_လွိုက်အော်စတင်နှင့် ပူးတွဲသတင်းစာရှင်းပွဲ၌ အစ္စရေးဝန်ကြီး ဝန်ကြီးချုပ်နေတန်ညာဟုက မီဒီယာများ၏ မေးခွန်းကို ဖြေကြားသည်။

…  
အီရန်ကလည်း အစ္စရေး၏ အလွန်အန္တရာယ်များသည့် ကစားပွဲကို လက်တုန့်ပြန်မည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ထို့ပြင် ကန့်ကွက်ဆန္ဒပြသူများအပေါ် အီရန်စစ်ဘက်နှင့် ရဲတပ်ဖွဲ့တို့က သေစေလောက်သော လက်နက်အသုံးပြုသည်ဟုဆိုကာ တဟီရန်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့သည့် ဥရောပသမဂ္ဂနှင့်လည်း လူ့အခွင့်အရေး၊ အကြမ်းဖက်မှု၊ တရားမဝင်မူးယစ်ဆေးဝါးကိစ္စနှင့် ဒုက္ခသည်အရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ယနေ့ကြေညာသည်။

…     
ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုဆိုသည်တို့မှာ ယုံကြည်စိတ်ချရမှု မရှိပဲ အတုအယောင် လူ့အခွင့်အရေးနှင့် လေသံဖမ်း တရားဟောခြင်းကြောင့် တန်ဖိုးမရှိကြောင်း၊ အီရန်အနေဖြင့်လည်း ပြန်လှန်ပိတ်ဆို့အရေးယူရန် ချိန်ဆလျှက်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

#အီရန်ယူရေနီယံသန့်စင်စက်ရုံမော့ဆက်တိုက်ခိုက်ဟုဆို #အီရန်ကအီးယူအပေါ်ပြန်လှန်ဒဏ်ခတ်ပိတ်ဆို့မည်

…  
(((Russia Today., 12 Apr, 2021,” Iran’s Foreign Ministry blames Israel for Natanz incident, calls it trap to derail sanctions talks in Vienna.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/520765-iran-natanz-vienna-talks/
https://www.rt.com/news/520742-iran-nuclear-terrorism-attack-natanz/
https://www.rt.com/news/520671-iran-uranium-enrichement-rouhani/
https://www.rt.com/news/520813-israel-iran-nuclear-capability/
https://www.rt.com/news/520878-iran-israel-zarif-natanz-moscow/ 

+1

Leave a Reply

Your email address will not be published.