နယ်စပ်တွင် တရုတ်စစ်တပ်များ စုဝေးရခြင်း သတင်း။ ပဋိပက္ခ အဖြေထွက်မည့် အရိပ်လက္ခ ဏာ မရှိ။ အတည်မပြုနိုင်သော်လည်း မြန်မာပြည်တွင်းရှိ ၎င်း၏အကျိုးစီးပွား ကာကွယ်ရန် မလွယ်ကူခြင်းနှင့် အရေးပေါ် လိုလိုမည်မည် စီစဉ်ပုံရဟု လေ့လာသူ ရှုမြင်


[ဘန်ကောက်] မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ၌ တရုတ်၏ အကျိုးစီးပွားများမှာ တဖြည်းဖြည်းတိုးပွားလာခဲ့သည်။မန္တလေးနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အများအားဖြင့် စက်မှုဇုန်များ၊ လယ်ယာမြေတို့၌ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသည့် ကော်ပိုရေးရှင်းများ၊ ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့ အစိုးရအဆင့် ရင်းနှီးမြှုပ်နှံသည့် ရေရှည်ဖွံ့ဖြိုးရေးစီမံကိန်းများ စသည်ဖြင့် ကွဲပြားသော်လည်း ဆက်စပ်သည့် နည်းလမ်း ၃-သွယ်ဖြင့် ဖြင့်အကောင်အထည်ဖော်ခဲ့သည်ဟု ယမန်နေ့ Channel News Asia (CAN) တွင် John Walsh က သုံးသပ်ရေးသားသည်။

…   
သို့သော် ထိုရင်းနှီးမြှုပ်နှံမှုများ အောင်မြင်ရန်အတွက် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် စည်းမျဉ်းစည်းကမ်းများ တည်မြဲနေရန် လိုအပ်သည်။မြန်မာပြည်တွင်း၌ ဖရိုဖရဲဖြစ်လျှင် တရုတ်လူမျိုးမိသားစုများနှင့် စီးပွားရေးလုပ်ငန်းများမှာ သားကောင်ဘဝသို့ လျှင်မြန်စွာ သက်ဆင်းရနိုင်သည်ကို တရုတ်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ကောင်းစွာသိရှိကြသည်။ အထူးသဖြင့် မြောက်ပိုင်းနယ်စပ်ဒေသများ၌ ပြိုင်ဘက်အုပ်စုအချင်းချင်းနှင့် အစိုးရအပေါ် လက်နက်ကိုင် ဆန့်ကျင်အုံကြွမှုများ ပျံ့နှံနေသောကြောင့် ဖြစ်သည်။

…   
မူးယစ်ဆေးဝါးနှင့် အဖိုးတန်ကျောက်မျက်ရတနာတို့ကို ငွေသားပေးချေသည့်စံနစ်အခြေပြု၍ ကုန်သွယ်ခြင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။

…  
၂၀၂၀ ခုနှစ် စက်တင်ဘာလ၌ COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုနှင့် မြန်မာအစိုးရတွင် ပြဿနာများဖြင့် လွှမ်းမိုးလာပုံရသောအချိန်တွင် တရုတ်တို့က နယ်ခြားကို ပိတ်ပစ်လိုက်သောအခါ၊ အကျိုးဆက်မှာ အလျှင်အမြန် ပေါ်ပေါက်လာသည်။

…  
နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုသည် မူဆယ်ဒေသတစ်ခုတည်း၌ပင် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၃.၄ သန်းကျော်ရှိပြီး ကုန်သည်များနှင့် တောင်သူလယ်သမားတို့မှာ အဆိုပါဝင်ငွေဆုံးရှုံးမှုကို ခံနိုင်ရည် မရှိကြပါ။

…  
နယ်စပ်ကုန်သွယ်ရေးပိတ်ဆို့ခြင်းသည် ငှက်ပျောစိုက် တရုတ်ရင်းနှီးမြှုပ်နှံသူများကို ပျက်စီးစေပြီး ယခုဆိုလျှင် သူတို့၏အဓိကဈေးကွက်မှာ ဆုံးရှုံးတော့မည့် ခြိမ်းခြောက်မှုဖြစ်ပေါ်နေရသည်။ ငှက်ပျောစိုက်ပျိုးခြင်း၌ ရင်းနှီးမြှုပ်နှံမှုသည် ကချင်ပြည်နယ်တွင် အငြင်းပွားဖွယ် ပြဿနာဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ဧက ၄၀,၀၀၀ ရှိသည့် မြေများမှာ စစ်ဘေးကြောင့် ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူများထံမှ သိမ်းယူခြင်း သို့မဟုတ် လစ်လပ်မြေအဖြစ် သတ်မှတ်ခြင်းခံရသည့် အစိတ်အပိုင်းများဖြစ်သည်။

…    
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုသည် နိုင်ငံတစ်ဝှန်း၌ ကန့်ကွက်ဆန္ဒပြမှုများကို ကျယ်ပြန့်စွာဖြစ်ပွားစေခဲ့ပြီး ၎င်းဖြစ်စဉ်အချို့၌ ရန်ကုန်နှင့် အခြားဒေသများရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံများအား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရသည်။


နိုင်ငံရေး သို့မဟုတ် လက်နက်ရောင်းချရန်ရည်ရွယ်ချက်ဖြင့်  အာဏာသိမ်းမှုကို ထောက်ပံ့သည့် အခန်းကဏ္ဍ၌ ပါဝင်သည်ဟု မြန်မာပြည်သူအများစုက တရုတ်အစိုးရအား အပြစ်တင်ကြသည်။

…  
ဆန္ဒပြမှုများသည် မြန်မာစစ်တပ် (တပ်မတော်) နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အကြား တိုက်ပွဲများ ထပ်မံဖြစ်ပွားစေရန် အထောက်အကူပြုသောကြောင့် ကချင်ပြည်နယ်၏ အခြေအနေမှာ အထူးသဖြင့် တင်းမာနေသည်။ တရုတ်ရင်းနှီးမြှုပ်နှံသည့် စက်ရုံများအား အကာအကွယ်ပေးမည်ဟု စစ်အစိုးရသစ်က ပြောကြားခဲ့သည်။ သို့သော် ၎င်းတို့၏ လက်လှမ်းမီနိုင်မှုက  တိုင်းပြည်တစ်ခုလုံးကို လွှမ်ခြုံနိုင်ခြင်း မရှိပါ။

…   
လက်ရှိမြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ပြတ်တောက်ခြင်းမှာ နိုင်ငံအတွင်းဖြစ်ပျက်နေသည်တို့ကို အတိအကျကိုသိရှိရန် အဟန့်အတားဖြစ်စေပြီး အချို့သော အသေးစိတ်အချက်အလက်များကို အတည်ပြုရန် မရေမရာ ရှိနေဆဲဖြစ်သည်။ သို့သော် ကာလကြာရှည်မကျေနပ်မှုအချို့ကို ပဋိပက္ခအကြောင်းပြချက်ဖြင့် ကျင့်သုံးနေကြပုံရသည်။  

ဥပမာအားဖြင့် တပ်မတော်သည် လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် အမှိုက်ပုံမကျန် သက်သေအထောက်အထားများကို ရှာဖွေရန် ကချင်ဘုရားရှိခိုးကျောင်းအချို့ကို ဝင်ရောက်စီးနင်းခြင်းမျိုး ဖြစ်သည်။

…  
ယခင် ဟူးကောင်းချိုင့်ဝှမ်း၌ မြေယာသိမ်းဆည်းမှုဖြစ်ရပ်များတွင် ကုမ္ပဏီနှင့် ဆက်နွယ်သည်ဟုဆိုကာ KIA တပ်ဖွဲ့များက ယုဇနကုမ္ပဏီ၏ စက်ရုံတစ်ရုံကို မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ လက်နက်စွဲကိုင် ထိတွေ့မှုများသည် အကြီးစားတိုက်ပွဲများအသွင် အရှိန်မြင့်တက်ခဲ့ပြီး နှစ်ဖက်စလုံး၌ သေကြေဒဏ်ရာရသူများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ယခုအခါ တပ်မတော်တပ်ဖွဲ့များက တိုင်းရင်းသားလူမျိုးစုများအပေါ် ဝေဟင်နှင့် မြေပြင်အမြောက်ကြီးများဖြင့် ပစ်ခတ်နေသည်။

…   
မြန်မာပြည်တွင်း၌ တင်းမာမှုများ မြင့်တက်လျှက်ရှိစဉ် အရေးကြီးသောနယ်စပ်မြို့ဖြစ်သည့် ဂျယ်ဂေါင်၌ တရုတ်တပ်များစုရုံးလျှက်ရှိကြောင်း သတင်းထွက်ပေါ်လာခြင်းမှာ လောလောဆယ် နိုင်ငံတကာတို့အတွက် စိုးရိမ်စရာ အလားအလာများဖြစ်သည်။

…  
လိုအပ်သည်ဟု ယူဆပါက ကျောက်ဖြူပိုက်လိုင်းကို ကာကွယ်ရန် လျှင်မြန်စွာတုန့်ပြန်နိုင်မည့် တပ်များဖြစ်သည်ဟု ဆိုကြသည်။ ပိုက်လိုင်းများသည် မူဆယ် – မန္တလေး အဝေးပြေးလမ်းမကြီးတစ်လျှောက် တည်ရှိနေပြီး မြစ်ကြီးနားစက်မှုဇုန်နှင့် ရန်ကုန်မြို့တော်ပြန်လည်ထူထောင်ရေးစီမံကိန်းများနှင့်အတူ မြန်မာနိုင်ငံရှိ တရုတ်၏ RRI ခါးပတ်တစ်ကွင်း လမ်းတစ်စင်း ကနဦးခြေလှမ်းတွင် အဓိကအစိတ်အပိုင်းဖြစ်သည်။

…  
ဤစီမံကိန်းများမှာ အစိုးရများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မခေါ်မပြော ရှိနေချိန်၌ပင်လျှင် လုပ်ငန်းလည်ပတ်မှုအဆင့်တွင် နှစ်နိုင်ငံအား အတူတကွ ပေါင်းစည်းစေနိုင်သည်။

…  
ပကတိမြေပြင်တွင် ထိုကဲ့သို့ အသင့်ဖြစ်နေသော တရုတ်တပ်တို့ မရှိဟု ယုံကြည်ရန် အမြဲလိုလို ခက်ခဲသည်။ မြန်မာရှိ တရုတ်၏ အကျိုးစီးပွားတည်ရှိမှုတို့အပေါ် အဆိုးရွားဆုံး ခြိမ်းခြောက်မှုနှင့် ကြုံတွေ့လာနိုင်သည့် အစီအစဉ်များကို စံနစ်တကျ ရေးဆွဲထားဖွယ်ရှိနိုင်သည်။

အာဆီယံအဖွဲ့၏ အားနည်းချက်ကြောင့် မြန်မာနိုင်ငံ တည်ငြိမ်စေရန် တရုတ်-အာဆီယံ ပူးတွဲလုပ်ဆောင်နိုင်ခြေမှာ အလားအလာ မရှိ ဖြစ်ပုံရသည်။

…  
ဘိုင်ဒင်အစိုးရအနေဖြင့် ယေဘုယျအားဖြင့် ယုံကြည်မှုတည်ဆောက်ခြင်းကို နည်းလမ်းတစ်ခုအဖြစ် တရုတ်နှင့် စေ့စပ်ဆွေးနွေးရန် အခွင့်အလမ်းတစ်ခု ဖြစ်နိုင်သည်။ ထိုသို့ မဟုတ်ခဲ့လျှင် တရုတ်က တိုက်ပွဲတွင်ပါဝင်ပတ်သက်လျှက်ရှိသည့် အဖွဲ့အစည်းတစ်ခု သို့မဟုတ် တစ်ခု ထက်ပိုသည်တို့နှင့် ပွင့်လင်းစွာပူးပေါင်းခြင်းဖြင့် နယ်စပ်ဖြတ်ကျော် သြဇာလွှမ်းမိုးမှုအသစ်အဆင့်သစ် ရယူရန် အခွင့်အလမ်းပေးသလို ဖြစ်သွားနိုင်သည်။

…  
တရုတ်သည် ရင်းနှီးမြှုပ်နှံရန် ပစ်မှတ်ထားပြီးသော လောနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးမှ ထောက်ခံမှုများကို ရဖွယ်ရှိသည်။ ထိုင်းနိုင်ငံကိုအုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်များကမူ တရုတ်အပေါ် ဝေဖန်ရန်တွန့်ဆုတ်နေကြပြီး  ဝီဂါဒုက္ခသည်များကိုပြန်ပို့ပေးရန် လွန်ခဲ့သောနှစ်အနည်းငယ်က ပေကျင်း၏ တောင်းဆိုချက်ကိုလိုက်နာခဲ့သည်။

…  
ဒေသတွင်း၌ ထိုင်းအစိုးရနှင့် သဘောကွဲလွဲသူတို့၏ နှုတ်ဆိတ်နေခြင်းမှာလည်း ထိုင်းအနေဖြင့် လေသံကို ပြောင်းလဲရမည့် အချိန်မဟုတ်ဟု ဆိုလိုပုံရသည်။။ အမှန်စင်စစ် ထိုင်းရေတပ်သည် တရုတ်ကပေးပို့သည့် ကုန်းရေ နှစ်ထွေသွား တင့်ကား သုံးစီးကို လက်ခံထားပြီးနေချေပြီ။

(( လွန်ခဲ့သော လတွင် မြန်မာနယ်စပ်အနီး ဂျယ်ဂေါင်၌ တရုတ်စစ်တပ်တို့ စုရုံးလျှက်ရှိကြောင်း မြန်မာပြည်တွင်း အခြေစိုက်ကာ သတင်းအမှားများ လွှင့်တင်လျှက်ရှိသည့် မီဒီယာတစ်ခုက အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့ဖူးပါသည်။ ယခုဝေဖန်ချက်မှာ အဆိုပါသတင်းကို ကိုးကားဟန် တူသည်။

…  
သို့သော် ဂျယ်ဂေါင်တွင် ဝင်ထွက်သွားလာနေသည့် မြန်မာနိုင်ငံသားများက အဆိုပါ သတင်းမှာ မဟုတ် မမှန်ကြောင်း ငြင်းဆိုခဲ့ကြပါသည်။ နယ်စပ်ဖြစ်သည့်အားလျှော်စွာ ဟိုဖက် သည်ဖက် ရပ်ဆွေရပ်မျိုးတို့ကလည်း ဆောင်းပါးတွင် ဖော်ပြထားသည့် တရုတ်စစ်ကားများအနီး အဆောက်အအုံမှာ ဂျယ်ဂေါင်တွင် မရှိကြောင်း အတည်ပြုခဲ့ကြပါသည်။ သို့သော် ကမ္ဘာပတ်၍သွားသော မမှန်သတင်းကို အခြေပြု၍ ထွက်ပေါ်လာသည့် စစ်ရေးသုံးသပ်ချက်တွင် မှတ်သားဖွယ်များ ပါရှိသဖြင့် လေးစားအပ်သော မိတ်ဆွေများက ဝေဖန်နိုင်ရန် တင်ပြခြင်းသာ ဖြစ်ပါသည်။ ။ သတင်းဘာသာပြန်သူ ))

#မြန်မာနယ်စပ်တွင်_တရုတ်စစ်တပ်များ_စုဝေးခြင်းသတင်းနှင့်_သုံးသပ်ချက်

(((Channel News Asia., 06 Jul 2021” Commentary: Why are Chinese troops assembling on the Myanmar border?” ကို #HtayOung, #OungMarine ဆီလျော်အောင် အကျဉ်းချုံးဘာသာပြန်ဆိုသည်။)))

https://www.channelnewsasia.com/news/commentary/china-military-troops-border-myanamar-economic-interests-15158170 

Leave a Reply

Your email address will not be published.