နယ်စပ်တွင် မြန်မာဘက်က အင်အားတိုးမြှင့်လာ၍ ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်များ တပ်ဖြန့်ချထား

နှစ်နိုင်ငံနယ်စပ် ဘင်္ဂလားဒက်ရှ် နိုက်ခါရမ်ချာရီမြို့နယ်နှင့် ကပ်လျှက် မြန်မာပိုင်နက်တွင် လုံခြုံရေး အထူးတိုးမြှင့်လာကြောင်း တွေ့ရှိရသည်ဟု UKhia News ( ဘင်္ဂါလီဘာသာ ) က ယနေ့ရေးသားသည်။

မြန်မာတို့က ဘင်္ဂလားဒက်ရှ်နယ်စပ်နှင့်ကပ်လျှက် ကိုက်ရာအနည်းငယ်အကွာတွင် ကတုတ်ကျင်း အများအပြားတူးထားပြီး၊ စစ်ဆေးရေးဂိတ်များတည်ဆောက်ထားကြောင်း၊ လက်နက်ကြီးများနှင့် ခေတ်မီလက်နက်ကိုင် မြန်မာနယ်ခြားလုံခြုံစောင့်ရဲတပ်ဖွဲ့ ( BGP ) တပ်ဖွဲ့ဝင်များနှင့်အတူ စစ်သားများကိုတွေ့မြင်ရကြောင်း၊ တစ်ခါတစ်ရံ ညပိုင်းတွင် BGP တပ်ဖွဲ့ဝင်များက ဗလာကျည်များ ပစ်ဖောက်ခြောက်လှန့်လျှက်ရှိသည်ကို နယ်ခြားအနီးနေ ဘင်္ဂလားဒက်ရှ်တောင်သူများက ပြောဆိုသည်။

မြန်မာသည် ဇန်နဝါရီ – ၂၃ ရက်နေ့ နိုင်ငံတကာတရားခုံရုံး ( ICJ ) က ကြားဖြတ်ဆောင်ရွက်ရန်အမိန့် Provisional Measure ချမှတ်ပြီးနောက်ပိုင်း ဘင်္ဂလားဒက်ရှ်နှင့် နယ်ခြားလုံခြုံရေးကို အလေးထားတင်းကြပ်လာသည်ကို တွေ့ရှိရကြောင်း၊ ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် ( BGB ) ကလည်း မြန်မာနည်းတူ နှစ်နိုင်ငံနယ်စပ် ဘင်္ဂလားဒက်ရှ်ပိုင်နက်တွင် တပ်ဖွဲ့များ တိုးမြှင့်ချထားလျှက်ရှိသည်ဟု Ukhia News က ဆက်လက်ရေးသားသည်။

*ဖော်ပြဓါတ်ပုံများအနက် BGB တပ်ဖွဲ့ဝင်များပါ ဓါတ်ပုံမှာ မူရင်းသတင်းမှ မဟုတ်ကြောင်း ဝန်ခံပါသည်

((( UKhia News., 12 Feb.2020,” 2 of 3 confirmed coronavirus patients in India RECOVERED from deadly illness.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်စပ်နှစ်ဖက်တပ်များအင်အားတိုးမြှင့်

0

Leave a Reply

Your email address will not be published.