နယ်စပ်အားဖြတ်ကျော်၍ ဆီးရီးယားမြောက်ပိုင်းစိုးမိုးရေး စစ်ဆင်လျှက်ရှိသော တူရကီအား ကူညီမည်မဟုတ်၊ ဟန့်တားရန်လည်းအကြောင်းမရှိကြောင်း အမေရိကန်သတင်းထုတ်ပြန်။ တူရကီဝင်ရောက်လာခြင်းမှ ကာကွယ်ပေးရန် အမေရိကန်စစ်စခန်းများတွင် ကာ့ဒ်တို့ ဆန္ဒပြ

အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယားမြောက်ပိုင်းမှာ ရေရှည်တပ်စွဲထားရန်မဟုတ်သည့် လတ်တလောဧရိယာဖြစ်၍ ၎င်း၌တူရကီ၏ နယ်မြေစိုးမိုးရေး စစ်ဆင်ရေးအား ကူညီမည်မဟုတ်သလို နှောက်ယှက်ဟန့်တားရန်လည်း အကြောင်းမရှိကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်သည်ဟု Russia Today က ယနေ့ရေးသားသည်။ 

  
အဆိုပါနယ်မြေအတွင်း၌ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ ( IS ) အုပ်စုများကို ချေမှုန်းခြင်းနှင့် ရာပေါင်းများစွာသော ၎င်းတိုက်ခိုက်ရေးသမားတို့အားဖမ်းဆီးရန် လတ်တလောရည်မှန်းခဲ့သော အမေရိကန်သည် အောင်မြင်မှုသည်အထိ တစ်ဦးတစ်လက်တည်းထက် တပြားမှမလျှော့ပဲ ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားကြောင်း၊ သို့ဖြစ်၍ ယခုအခါ တူရကီကလွှဲပြောင်းဆောင်ရွက်ရန် ယေဘူယျအားဖြင့် ခွင့်ပြုရလိမ့်မည်ဟု တနင်္ဂနွေနေ့ ဒေါ်နယ်ထရမ့်နှင့် အာဒိုဂန်တို့ ဖုန်းဆက်ကြပြီးနောက် အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

  
မဟာဗျူဟာမြောက်နယ်မြေမှ တပ်ဖွဲ့ဝင်များရုတ်သိမ်းရန် ကြာမြင့်စွာ ချိန်ဆနေခဲ့သည်မှာ အမေရိကန်အခွန်ထမ်းပြည်သူများအတွက် ကြီးမားသော အောင်မြင်မှုရရှိစေလိုခြင်းက ကန့်သတ်ချက်ဖြစ်ခဲ့ရကြောင်း။ လွန်ခဲ့သော ၂-နှစ်အတွင်း အမေရိကန်ဖမ်းဆီးရမိခဲ့သော အိုင်စစ်တိုက်ခိုက်ရေးသမားအတွက် ယခုအခါ တူရကီ၌ တာဝန်ရှိလိမ့်မည်ဖြစ်ကြောင်း၊ အခွန်ထမ်းပြည်သူများအတွက် ကုန်ကျစရိတ် အလွန်ကြီးလေးသည့်အတွက် အမေရိကန်အနေဖြင့် ၎င်းတို့အား နှစ်ပေါင်းများစွာ ထိမ်းသိမ်းထားရန်မဖြစ်နိုင်ကြောင်း၊ ထပ်မံပြောကြားလိုသည်မှာ ကျောချမ်းစရာ ခလီဖိတ်ဝါဒီတို့အား အောင်နိုင်ခဲ့သည်မှာ အမေရိကန်နှင့် အမေရိကန်များသာ လျှင် ဖြစ်သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။

  
သို့သော် အဆိုပါကြေညာချက်၍ အမေရိကန်၏ မြေပြင်အနီးကပ်ဆုံးမိတ်ဆွေဖြစ်ပြီး အလယ်အလတ်ဝါဒီသူပုန်များ နိုင်ငံတကာမီဒီယာတို့က အဖြစ်ငေါ့တတ်ကြသည့် ကာ့ဒ်တို့၏ ကံကြမ္မာနှင့် ပတ်သက်၍ တစ်လုံးမှ မပါချေ။ 


တူရကီက ကာ့ဒ်စစ်သွေးကြွတို့အား အရေးယူရမည့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သူများအဖြစ် ရှု့မြင်ထားသည်။ ယမန်နေ့တွင် အမေရိကန်သိမ်းယူထားသော ဆီးရီးယားမြောက်ပိုင်း စစ်ဖက်စခန်းများရှေ့၌ ကာ့ဒ်တို့ စုဝေးကြပြီးလျှင် တူရကီစိုးမိုးသိမ်းပိုက်မည့်အရေးမှ အကာအကွယ်ပေးရန် ကန့်ကွက်ဆန္ဒပြကြသည်။ ကာ့ဒ်တို့၏ မိခင်အစိုးရမှာ ဆီးရီးယားဖြစ်သည်။ တူရကီရော အမေရိကန်ပါ ဆီးရီးယား၏ အချုပ်အခြာအာဏာပိုင်မှုကို ချိုးဖောက်ပြီး သူတစ်ပါးနိုင်ငံပိုင်နက်အတွင်း ရောက်ရှိနေကြရာ၌ ဘဝတူများဖြစ်ကြလေရာ ကာ့ဒ့်တိ့ုကို ဆီးရီးယားက အကာအကွယ်ပေးရန် စကားထဲ ထည့်ပြောစရာ မရှိချေ။ 

(( ကာ့ဒ်တို့သည် မြောက်ပိုင်းနေဆီးရီးယားနိုင်ငံသားများဖြစ်ကြသည်။ နိုင်ငံ့မြောက်ပိုင်းအား သိမ်းပိုက်ထားသည့်အိုင်စစ်နှင့် အစွန်းရောက်သူပုန်များတို့ကို တိုက်ထုတ်ရာ၌ အာဆတ်အစိုးရအား ကာ့ဒ်တို့က ကူညီခဲ့သည်။ နောက်ပိုင်း နယ်မြေအများအပြားလွတ်မြောက်လာသောအခါ ကာ့ဒ်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တစ်ဖက်သပ်ကြေညာခဲ့သည်။ 

  
ဤတွင် (၁) ဆီးရီးယားအစိုးရ ( ၂ ) သူပုန် ( ၃ ) အိုင်စစ်ဘာသာရေးအစွန်းရောက်တို့ သုံးပွင့်ဆိုင်စစ်ပွဲတွင် ကာ့ဒ်တို့ပါ ပါဝင်ပြီး လေးပွင့်ဆိုင်ဖြစ်လျှက် ဆီးရီးယားပြည်တွင်းစစ်တွင် တစ်ဘက်နှင့် တစ်ဘက် မီးကုန်ယမ်းကုန် တိုက်ခိုက်ကြပြန်သည်။ အာဆတ်အစိုးရ တန့်သွားသောအခါ အမေရိကန်အထူးတပ်များဝင်ရောက်လာပြီး ကာ့ဒ်တို့ကို လက်နက်တပ်ဆင်ပေး၊ စစ်ရေးလေ့ကျင့်ပေးပြီး ဆီးရီးယားဒီမိုကရက်တစ်တပ် ( SDF ) အဖြစ် ထူထောင်ရန် ကူညီသည်။ 


သို့သော် ဆီးရီးယား YPG ကာ့ဒ်တို့သည် တူရကီတောင်ပိုင်း ခွဲထွက်ရေးဝါဒီ PKK ကာ့ဒ်တို့နှင့် တစ်ဂိုဏ်တည်း အကြမ်းဖက်သမားများအဖြစ် တူရကီက ယုံကြည်သည်။ ထို့ကြောင့်လည်း ဆီးရီးယားမြောက်ပိုင်းတွင် “ Safe Zone “ ထူထောင်ရန် စိုင်းပြင်းနေသည်။ 


တူရကီ-ဆီးရီးယား- အီရတ်-အီရန် နယ်စပ်တလျှောက်ပြန့်နှံ့နေထိုင်သော ကာ့ဒ်တို့တွင် “ Kurdistan “ ” ကာဒီစတန်နိုင်ငံတော် ” ထူထောင်မည့် အိပ်မက်ရှိပြီးဖြစ်သည်။ 


ဆီးရီးယားမြောက်ပိုင်းမှ အမေရိကန်တပ်များရုတ်သိမ်းသွားလျှင် ကာ့ဒ်တို့အား တူရကီက ဝင်သတ်မည်မှာ သေချာနေသည်။ လွန်ခဲ့သောနှစ်တွင် ဒေါ်နယ်ထရမ့်က တပ်များရုတ်သိမ်းမည်ပြုသောအခါ ထိုအချက်ကို ထောက်ပြကြသဖြင့် အစီအစဉ် ပျက်ပြားသွားခဲ့သည်။ ယခုတစ်ကြိမ်တွင် အမေရိကန် ထွက်မသွားလည်း တူရကီတို့ ဝင်လာပြီဖြစ်ရာ ကာ့ဒ်တို့အား မည်သူအကာအကွယ်ပေးမည်ဆိုခြင်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။      ။ သတင်းဘာသာပြန်သူ ))
 

( အောက်တိုဘာ – ၀၇၊ ၂၀၁၉ ) ((( Russia Today., 7 Oct, 2019,” ‘No longer in the area’: US troops will neither help nor hamper Turkey’s cross-border operation in Syria.” ကို #HtayOung, OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/470340-us-troops-turkey-syria/

0

Leave a Reply

Your email address will not be published.