နယ်စပ်၌ အမေရိကန် ဖမ်းဆီးခံစာရင်းတွင် မပါသူရွှေ့ပြောင်းအခြေချ ကလေးငယ် ၁၅,၅၀၀-ဦး အထိဖြစ်လာ။ ထရမ့်အစိုးရ လက်ထက် လူမဆန်သော #လှောင်အိမ်များအဖြစ် ကဲ့ရဲ့ခံရသည့် ထိန်းသိမ်း ရေး စခန်းများ၏ အခြေအနေမှာ ဘိုင်ဒင်လက်ထက်တွင်လည်း ပွင့်လင်းမြင်သာမှုမရှိ၊ ဂျာနယ်လစ်များ ဝင်ခွင့်မရ

အမေရိကန်က ထိန်းသိမ်းထားသူများစာရင်း၌ မပါဝင်သည့် ရွှေ့ပြောင်းအခြေချသူ ကလေးငယ်များ၏ အရေအ တွက်မှာ နေ့စဉ် အယောက် ၅၀၀ နှုန်းဖြင့် တဖြည်းဖြည်း တိုးမြင့်လျှက်ရှိသည်။ အရွယ်မရောက်သေးသူ ၅,၀၀၀ ခန့်တို့သည် နယ်စပ်ရှိ ယာယီအဆောက်အအုံများတွင် နေထိုင်ကြရပြီး အများစုမှာ တရားဝင် ၇၂-နာရီ ထက်ပို ၍ ထိန်းသိမ်းခြင်းခံနေကြရသည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

အရွယ်မရောက်သေးသူများအတွက် ရေရှည်စောင့်ရှောက်မှုပေးရန် သင့်လျော်သော #လိုင်စင်ရ_ခိုလှုံရေးစ ခန်းများတွင် ကလေးငယ် ၁၀,၅၀၀ ခန့်ကို ထိန်းသိမ်းထားရှိကြောင်း ကျန်းမာရေးနှင့် လူသားရေးရာဝန်ဆောင်  မှုဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ်ဝက်ဘာက CBS News သို့ စနေနေ့၌ ရှင်းပြသည်။

သို့သော်လည်း တက္ကဆပ်ပြည်နယ်ရှိ အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေးက ထိန်းသိမ်းထားသည့် အခြားက လေးသူငယ် ၅,၀၀၀ ခန့်အတွက် ယာယီစခန်းများကို ရှာဖွေရန် အာဏာပိုင်များအနေဖြင့် အတော်ပင် ရုန်းကန် နေကြရကြောင်း သိရှိရသည်။

ထပ်မံရောက်ရှိလာသော ကလေးငယ်အရေအတွက်သည် လွန်ခဲ့သောသုံးပတ်အတွင်း ခန့်မှန်းခြေအားဖြင့် နေ့ စဉ် ၅၀၀ ကျော်ခန့်ရှိပြီး ဒေါ်နယ်ထရမ့်အစိုးရလက်ထက်နေ့ရက်များ၌ လူမဆန်သော #လှောင်အိမ်များ အဖြစ် ပြစ်တင်ရှုတ်ချခြင်းခံရသည့် ဘော်ဒါအဆောက်အအုံ အသီးသီးတို့တွင် ပျမ်းမျှ ၁၃၆-နာရီမျှ အချိန်ကုန်ဆုံး ကြရသည်။

ဂျိုးဘိုင်ဒင်အုပ်ချုပ်ရေးသို့ ပြောင်းလဲလာခဲ့ပြီဖြစ်သော်လည်း ကလေးငယ်ထောင်ပေါင်းများစွာတို့အား ထိန်း သိမ်းထားသည့် အဆောက်အအုံများအတွင်း အခြေအနေနှင့် ပတ်သက်၍ သတင်းဓါတ်ပုံများ လက်လှမ်းမမီ ခြင်း၊ ဂျာနယ်လစ်တို့အား ဝင်ရောက်ခွင့် မပြုခြင်းအပါအဝင် ကိုင်တွယ်ဆောင်ရွက်မှုအကြပ်အတည်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းတို့ကြောင့် မကြာသေးမီရက်သတ္တပတ်များအတွင်း ဖိအားပေးမှုများ တိုးမြင့်လျှက်ရှိနေသည်။

နယ်စပ်ထိန်းသိမ်းရေးစခန်းများသည် ကလေးသူငယ်များ နေထိုင်ရမည့်နေရာ လုံးဝမဟုတ်၊ စုပြုံပြွတ်သိပ် နေ ထိုင်ကြရသည့် ကလေးငယ်တို့၏ အခြေအနေနှင့်ပတ်သက်၍ သတင်းအချက်အလက်ရှာဖွေမည့် မီဒီယာနှင့် လူ့အခွင့်အရေးစောင့်ရှောက်သူတို့အား ဝင်ရောက်ခွင့် မပြုခြင်းမှာ ပြဿနာတစ်ခုဖြစ်နေကြောင်း အမေရိကန်အ စိုးရတုန့်ပြန်ချက်များအား ကိုးကား၍ ဒုက္ခသည်များ #လူ့အခွင့်အရေးဆိုင်ရာအကျိုးဆောင်_ယက်စမင်တဗ်က ပြောဆိုသည်။

ထိုအတောအတွင်း ထိန်းသိမ်းရေးစခန်းများမှာ လုံခြုံဘေးကင်းပြီး တစ်ကိုယ်ရည် လွတ်လပ်မှုရှိကြောင်း၊ အမြဲ တန်း ဖွင့်လှစ်ထားရှိမည့် နေရာမဟုတ်သဖြင့် မီဒီယာများအနေဖြင့် အရေးတကြီး ဝင်ရောက်ကြည့်ရှုစရာ အကြောင်းမရှိကြောင်း ကယ်လီဖိုးနီးယား ဒီမိုကရက်တစ်အမျိုးသမီးအမတ် လင်ဒါဆန်ချက်က ပြောဆိုသည်။ သမ္မတဘိုင်ဒင်ကမူ ဖယ်ဒရယ်အေဂျင်စီများအနေဖြင့် အမေရိကန်နယ်စပ်လှည့်ကင်းတပ်ဖွဲ့၏ ချုပ်နှောင်ထိန်း သိမ်းခြင်းခံ ထားရသော ကလေးငယ်များကို လုံခြုံဘေးကင်းသည့် အဆောက်အအုံများသို့ အမြန်ဆုံးပြောင်း ရွှေ့ရန် ဆောင်ရွက်လျှက်ရှိကြောင်း ဖာထေးပြောဆိုသည်။

သမ္မတဂျိုးဘိုင်ဒင်သည် ၎င်း၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပေါ်လစီနှင့် ပတ်သက်၍ #တံခါးဖွင့်ဒလဟောဝင် မူဝါဒ ကျင့်သုံးနေခြင်း မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး နိုင်ငံရေး အကျပ်အတည်းဖြစ်စေရန် လုပ်ကြံမှုသာ ဖြစ်ကြောင်း ချေပခဲ့သည်။

(((Russia Today., 21 Mar, 2021,” Migrant kids held in US custody soar to 15,500 as journalists & rights advocates demand to see conditions inside ‘border camps’.”ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#နယ်စပ်၌အမေရိကန်ထိန်းသိမ်းထားသည့်_ရွှေ့ပြောင်းအခြေချ_ကလေးငယ်တစ်သိန်းခွဲအထိရှိနေ

..

https://www.rt.com/usa/518717-migrant-children-border-crisis/
https://www.rt.com/usa/518666-texas-governor-migrant-facilities/
https://www.rt.com/usa/518660-sanchez-border-facilities-biden-reporters/
https://www.rt.com/usa/516404-psaki-defends-migrant-camp-hypocrisy/

Leave a Reply

Your email address will not be published.