နယ်ခြားဖြတ်ကျော်၍ အိန္ဒိယဘက်သို့ တိမ်းရှောင်သွားသော ရဲတပ်ဖွဲ့ဝင် ၈-ဦးကို ပြန်လည် လွှဲပြောင်းပေးရန် မြန်မာတောင်းဆို။ အိမ်နီးချင်းနှစ်နိုင်ငံချစ်ကြည်ရင်းနှီးဆက်ဆံရေးအစဉ်အလာကို ထိန်းသိမ်းရန်ဟု ပြော။ အမျိုးသမီးရဲတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်များ၏ အချက်အလက်များ အသေးစိတ်ဖော်ပြ


လွန်ခဲ့သည့်လတွင် တပ်မတော်က အာဏာသိမ်းယူမှုဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ၌ တာဝန်ပေးအပ်မှုကို ရှောင်ရှားသည့်အနေဖြင့် ဒုက္ခသည်အဖြစ် ခိုလှုံခဲ့သည့် ရဲတပ်ဖွဲ့ဝင်အများအပြားကို ပြန်ပို့ပေးရန် အိန္ဒိယအာဏာပိုင်များထံ မြန်မာနိုင်ငံက တောင်းဆိုလိုက်ကြောင်း အိန္ဒိယအရှေ့မြောက်ဖျား ပြည်နယ်အရာရှိများက စနေနေ့၌ ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။..   
ဖေဖော်ဝါရီ ၁-ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူများအပေါ် တပ်မတော်အစိုးရ၏ ဖိနှိပ်မှုမှာ အကြမ်းဖက်မှုသို့ တဖြည်းဖြည်း တိုးမြင့်လျှက်ရှိစဉ် လူပေါင်းများစွာ သေဆုံးခဲ့သည်။ မြန်မာရဲတပ်ဖွဲ့ဝင်များပါ ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၃၀-ဦးခန့်သည် မကြာသေးမီ ရက်များအတွင်း နယ်ခြားအား ဖြတ်ကျော်၍ အိန္ဒိယနိုင်ငံ၌ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် တောင်းခံခဲ့ကြသည်။..   
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးဆက်ဆံရေးအရ အဆိုပါ ရဲတပ်ဖွဲ့ဝင် ၈-ဦးကို ပြန်ပို့ပေးရန် မေတ္တာရပ်ခံသည်ဟု မြန်မာဒေသအာဏာပိုင်များထံမှ အကြောင်းကြားစာကို လက်ခံရရှိခဲ့ကြောင်း၊ နယူးဒေလီဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးထံမှ ညွှန်ကြားချက်ကို စောင့်ဆိုင်းလျှက်ရှိကြောင်း #အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်_ချမ်ဖိုင် _ဒိစတြိတ် (#ချင်းပြည်နယ်ကလေးမြို့ အနောက်ဖက် အိန္ဒိယနယ်စပ်ဒေသ) မှ လက်ထောက်ကော်မရှင်နာ မင်းကြီးဖြစ်သူ မာရီယာစီတီဇူးလီက Reuters သို့ ပြောကြားသည်။..  
တပ်မတော်အစိုးရဆန့်ကျင်ရေးနှင့် #အရပ်ဘက်ဖီဆန်အံတုရေးလှုပ်ရှားမှု_(CDM) တွင် ရဲတပ်ဖွ့ဲ့ဝင်များ ပူးပေါင်းလာသည်ဟု လူမှုကွန်ယက်တွင် ဖော်ပြမှုများ ရှိခဲ့သော်လည်း့ မြန်မာနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များ ယခုကဲ့သို့ ထွက်ပြေးလာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။…   
Reuters မှ ရရှိသုံးသပ်ခဲ့သည့် ၎င်းအကြောင်းကြာစာတွင် နယ်ခြားဖြတ်ကျော်ထွက်ပြေးသွားသော ရဲတပ်ဖွဲ့ဝင် ၈-ဦးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မြန်မာအာဏာပိုင်များက ဖော်ပြထားသည်။ အမျိုးသမီး ရဲတပ်ဖွဲဝင်တစ်ဦးအပါအဝင် အသက် ၂၂-နှစ်မှ ၂၅-နှစ်ကြားရှိ ရဲတပ်ဖွဲ့ဝင် ၄-ဦးတို့၏ အသေးစိတ်အချက်အလက်များ ပါရှိသည်။..  
အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး အစဉ်အလာကို ထိန်းသိမ်းရန်အတွက် အိန္ဒိယနယ်မြေများသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၈-ဦးတို့အား မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် သင့်အား မေတ္တာရပ်ခံပါသည်ဟု အဆိုပါစာ၌ ရေးသားထားသည်။ ..
အိန္ဒိယဖက်ဒရယ်ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က Reuters ၏ မေးမြန်းချက်များကို လောလောဆယ် တုံ့ပြန်ခြင်း မရှိသေးချေ။

#နယ်ခြားဖြတ်ကျော်၍မြန်မာရဲတပ်ဖွဲ့ဝင်များအိန္ဒိယဘက်သို့တိမ်းရှောင် #ပြန်ပို့ပေးရန်အိန္ဒိယထံမြန်မာသို့တောင်းဆို
……

((( Reuters., 06 Mar 2021,” Myanmar asks India to return 8 police who fled across border.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
..
https://bdnews24.com/world/south-east-asia/2021/03/06/myanmar-asks-india-to-return-8-police-who-fled-across-border 

0

Leave a Reply

Your email address will not be published.