နယ်ခြား ဘင်္ဂလားဒက်ရှ်နယ်မြေအတွင်း မိုင်းနင်းမိ၍ ဒုက္ခသည်ဘင်္ဂါလီသေဆုံး။ မြန်မာနယ်ခြားလုံခြုံရေးအား ဘင်္ဂလားဒက်ရှ်သတင်းစာ အပြစ်တင်ရေးသား။

ဘင်္ဂလားဒက်ရှ်နိုင်ငံ ဘန်ဒရာဘန်ဒေသ ဘိုင်ရှ်ဖာရီ နယ်ခြားဒေသတွင် မြေမြှုပ်မိုင်း နင်းမိ၍ ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) တစ်ဦးသေဆုံးသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။ 

တနင်္လာနေ့ နံနက်စောစောပိုင်းတွင် ကူတူပါလောင်ဒုက္ခသည်စခန်းအမှတ် D-1 ၌ ခိုလှုံနေထိုင်သူ အဗ္ဗဒူမဂျစ် ( ၃၂-နှစ်၊ ဘ-အဗ္ဗဒူမာလစ် ) မှာ ဂေါင်းဒုံယူနီယံ နာခွန်ချာရီ မြို့နယ်၊နယ်ခြားဧရိယာအတွင်း မိုင်းနင်းမိ၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။ 

၎င်းနေ့နံနက်စောစောပိုင်းတွင် ကျယ်လောင်သော ပေါက်ကွဲသံကို ဒေသခံတို့ ကြားလိုက်ရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။ ၎င်းတို့က ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ် ( BGB ) သို့ အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ မွန်းလွဲပိုင်းတွင် မဂျစ်၏ ရုပ်အလောင်းကို တွေ့ရှိကြခြင်းဖြစ်သည်ဆို၏။ 

အခင်းဖြစ်ပွားခြင်းမှန်ကန်ကြောင်းနှင့် အလောင်းကို ဘန်ဒရာဘန်ဆဒါဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဂေါင်းဒုံစုံ စမ်းရေးဗဟို စခန်းမှူးက အတည်ပြုသည်။ 

လွန်ခဲ့သည့် စက်တင်ဘာ ၃-ရက်နေ့၌လည်း ဂေါင်းဒုံနယ်ခြားဧရိယာ၌ပင် မြေမြှုပ်မိုင်းနင်းမိ၍ အခြားဒုက္ခသည်ဘင်္ဂါလီတစ်ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ ဒုက္ခသည်ဘင်္ဂါလီတို့သည် ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း တရားမဝင် ပစ္စည်း မှောင်ခိုတင်သွင်းရန် အဆိုပါလမ်းကြောင်းကို အသုံးပြုလေ့ရှိကြသည်။ 

ယခုကဲ့သို့ဖြစ်ရခြင်းမှာ ၎င်းဧရိယာများတွင် မြန်မာလုံခြုံရေးတပ်က မိုင်းထောင်သဖြင့် အပြစ်တင်ကြောင်း သတိပြုစရာပင်ဖြစ်သည်ဟု Dhaka Tribune က ဆက်လက်ရေးသားသည်။

   (( ယခုဖြစ်စဉ်တွင် နေရပ်လိပ် အပြည့်အစုံနီးနီးပါဝင်သဖြင့် မိုင်းနင်းမိလူသေဆုံးရခြင်းမှာ ဘင်္ဂလားဒက်ရှ် နယ်မြေအတွင်း ဖြစ်ပွားကြောင်း သေချာလျှက်ရှိပါသည်။ Dhaka Tribune အတိုင်းဆိုလျှင် မြန်မာက ဘင်္ဂလားဒက်ရှ် နိုင်ငံအတွင်း ဝင်ရောက်ကာ မြေမြှုပ်မိုင်း ထောင်သလိုဖြစ်နေသည်။ နိုင်ငံတကာကျင့်ဝတ်အရ နယ်ခြားအနီး မိုင်းထောင် ခြင်းမရှိကြောင်း မြန်မာဖက်က အမြဲငြင်းဆို၍၊ AA နှင့် ARSA လည်း ၎င်းတို့ နယ်မြေအတွင်း မရှိကြောင်း ဘင်္ဂလားဒက်ရှ်က အခိုင်အမာအကြိမ်ကြိမ် ပြောဆိုနေသည်။ 

   AA တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပုဒ်မဖြင့် ရဲစခန်း၌ အမှု့ဖွင့်ထားပြီး၊ ARSA မှာလည်း အကြမ်းဖက်အဖွဲ့ အစည်းဖြစ်ကြောင်း NLD အစိုးရက ကြေညာထားပြီးဖြစ်သည်ကို တွေ့ရပါသည်။ ယခုသတင်းမျိုးကို အဆက်အသွယ် မရ၍ဟု၎င်း၊ သတင်းအတည်မပြုနိုင်၍ ဟု၎င်း မြန်မာမီဒီယာတို့က ရေးလေ့မရှိပါ။ 

ရေးခဲ့လျှင်လည်း မြန်မာတို့ဖက်က ရေးသမျှ အမှားနှင့် အလိမ်အညာများချည့်သာဖြစ်၏။ ဘင်္ဂလားဖက်က ပြောသမျှ ကလေးသာသာပြောလျှင်ပင် အမှန်ဖြစ်ကြောင်း ကုလသမဂ္ဂထိရောက်နေလေ့ရှိသည်မှာ မီဒီယာ လက်ဦးမှု ကျေးဇူးဖြင့် အမှားတွင် နားစွဲပြီး ချောက်ညင်ကပ်ပုဒ်မ တပ်ရာ၌ ဝိတ်ချင်း အကွာကြီး ကွာလေသည်။ ။ သတင်းဘာသာပြန်သူ )) 

((( Dhaka Tribune., September 23rd, 2019,” Rohingya man killed in landmine blast in Bandarban.” ကို #HtayOung, #OungMarine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))


https://www.dhakatribune.com/bangladesh/nation/2019/09/23/rohingya-man-killed-in-landmine-blast-in-bandarban

2+

Leave a Reply

Your email address will not be published.