ပင်လယ်နက်သို့ သွားရောက်ရန် ရေလက်ကြားအား ဖြတ်သန်းမည့် စစ်သင်္ဘောများ၏ အစီအစဉ် အမေရိကန် ဖျက်သိမ်းဟု တူရကီပြော။ ယူကရိန်းအရေး နှစ်နိုင်ငံထိပ်သီးအဆင့် ဆွေးနွေးရန် ဘိုင်ဒင်အဆိုပြုချက် လတ်တလော ပူတင် မဖြစ်နိုင်၊ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ပြဋ္ဌာန်း၍ ရုရှားသံ ၁၀-ဦး ကန် နှင်ထုတ်


#ပင်လယ်နက်သို့ သွားရောက်မည့် အမေရိကန်စစ်သင်္ဘော ၂-စီးသည် #ဘော့စ်ဖိုးရပ်စ်ရေလက်ကြားအား ဖြတ်သန်းမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မွန်းထရက်စ်ကွန်ဗင်းအရ သံတမန်ရေးရာချန်နယ်မှတဆင့် ယခင်က သတိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ စစ်သင်္ဘောများသည် ဧပြီ ၁၄-ရက်နေ့တွင် ခရီး စတင်မည်ဖြစ်ပြီး မေလ ၄-ရက်နေ့တိုင်အောင် ပင်လယ်နက်တွင် ဆက်လက်တည်ရှိရန် ကနဦးသတ်မှတ်ထားခဲ့ကြောင်း၊ သို့သော် ယခုတဖန် စစ်သင်္ဘောများ၏ ရေလက်ကြားအား ဖြတ်သန်းမည့်အစီအစဉ်ကို ဖျက်သိမ်းသည်ဟု အမေရိကန်သံရုံးက အကြောင်းကြားသည်မှာ မှန်ကန်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အတည်ပြုသည်ဟု Sputnik က ယနေ့ရေးသားသည်။

…  
ဖျက်သင်္ဘောများဖြစ်ကြသော #ယူအက်စ်အက်စ်_သီအိုဒိုရုးစ်ဗဲ့လ် နှင့် #ယူအက်စ်အက်စ်_ဒေါ်နယ်ကွခ် တို့ကို ပင်လယ်နက်ရေပြင်သို့ စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက လွန်ခဲ့သည့် ရက်သတ္တပတ်၌ သတင်းထုတ်ပြန်ခဲ့သည်။ ထို့နောက် များမကြာမီ #ယူအက်စ်အက်စ်_ဒွိုက်_ဒီ_အိုက်ဆင်ဟောင်ဝါ နှင့် #ယူအက်စ်အက်စ်_မွန်းထရေးတို့သည် ဘော့စ်ပိုးရပ်စ်ရေလက်ကြားအားဖြတ်သန်း၍ ပင်လယ်နက်ဒေသရှိ နေတိုးစစ်ဆင်ရေးတွင် ကြည်း-ရေ-လေ-မရင်းတပ်ဖွဲ့များနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း အခြားဖျက်သင်္ဘော ၂-စီးနှင့် ပြောင်းလဲ သတင်းထုတ်ပြန်ခဲ့သည်။

…   
ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး_အလက်ဇန္ဒြား _ဂရက်ရှ်ကိုက Sputnik အား ထုတ်ပြန်သည့် သတင်းကြေညာချက်တွင် နေတိုးတပ်များ၏ လှုပ်ရှားမှုနှင့် ပင်လယ်နက်ရေပြင်၌ စစ်သင်္ဘောများ ရောက်ရှိနေခြင်းမှာ ဒေသဆိုင်ရာလုံခြုံရေးကို ရှုပ်ထွေးစေနိုင်ကြောင်း ဖော်ပြထားသည်။

…  
ပင်လယ်နက်ရေပြင်တွင် ရုရှား၏ #ကက်စပီယန်ရေယာဉ်စုမှ စစ်သင်္ဘော ၁၅ စီးခန့် ရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

…  
#၂၀၁၅ ခုနှစ်_မင့်စ်စာချုပ်ကို အာမခံသူ ရုရှားက ယူကရိန်းအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို လေးစားရန် တိုက်တွန်းထားသည်။ ယခုကဲ့သို့ (အကြပ်အတည်း) အရှိန်မြင့်တက်လာရခြင်းမှာ ယူကရိန်းအစိုးရနှင့် အနောက်နိုင်ငံ ဇာတ်ဆရာကြီးတို့၏ တာဝန်ရှိမှု နောက်ဆက်တွဲအကျိုးဆက်များပေါ်၌သာလျှင် မူတည်လိမ့်မည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ဆက်လက်ပြောဆိုသည်။

အမေရိကန်အနေဖြင့် ၎င်း၏စစ်သင်္ဘောများကို ပင်လယ်နက်၌ ဖြန့်ချလာခြင်းမှာ ရန်စရာ ရောက်ပြီး ရုရှားက သိမ်းယူထားသည့် ခရိုင်မီးယားကျွန်းဆွယ်နှင့် ဝေးဝေးနေရန် မော်စကိုက အင်္ဂါနေ့၌ ပြင်းထန်စွာ သတိပေးခဲ့သည်။

…  
အမေရိကန်သင်္ဘောများအနေဖြင့် ရုရှားကမ်းခြေအနီးတွင် မည်သည့်အလုပ်မျှ လုပ်ဆောင်ရန် အကြောင်း လုံးဝ မရှိကြောင်း၊ ၎င်းမှာ ရန်လိုသည့် အပြုအမူသက်သက်သာဖြစ်ပြီး ကမ္ဘာကြီး၏ တိုက်ရိုက်အာရုံစိုက်လာစေရန် ရန်စခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ရုရှား၏ အင်အားခိုင်မာမှုကို စမ်းသပ်နေကြပြီး သည်းခံတုန့်ပြန်မှုအပေါ် ကစားလျှက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း၊ ခရိုင်းမီးယားကျွန်းဆွယ်၊ ပင်လယ်နက်ကမ်းခြေနှင့် ဝေးဝေးနေခြင်းသည်သာ ၎င်းတို့အတွက် အကောင်းဆုံးဖြစ်ကြောင်း  #ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး_ဆာဂီယာကော့ဗ်က အမေရိကန်အား သတိပေးလိုက်သည်ဟု ရုရှားသတင်းအေဂျင်စီများက ဖော်ပြခဲ့ကြသည်။

…  
ယူကရိန်းအရေးနှင့် ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်လာသော ရုရှားအတွက် စိုးရိမ်ပူပန်မိကြောင်း အမေရိကန် #သမ္မတ_ဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပြီး တင်းမာမှုလျော့ချရန်၊ အမေရိကန်-ရုရှားထိပ်သီးဆွေးနွေးပွဲကို လာမည့် လများအတွင်း တတိယနိုင်ငံတစ်ခုခု၌ ကျင်းပရန် ဘိုင်ဒင်က #ရုရှားသမ္မတ_ဗလာဒီမာပူတင်အား တောင်းဆိုလိုက်သည်ဟု AP သတင်းအေဂျင်စီ က ယမန်နေ့ ရေးသားသည်။

၂၀၁၄-ခုနှစ်တွင် ရုရှားသည် ယူကရိန်းထံမှ ခရိုင်မီးယားကို သိမ်းယူခဲ့သည်။ ယူကရိန်းအရှေ့ပိုင်းနှင့် ထိစပ်လျှက်ရှိသော နယ်စပ်တစ်လျှောက်တွင် ရုရှားတပ်ဖွဲ့ဝင် ၄၁,၀၀၀ ခန့် အလုံးအရင်းဖြင့် နေရာယူထားပြီး၊ ရုရှားတပ်ဖွဲ့ဝင် ၄၂,၀၀၀ ကျော်မှာ ခရိုင်မီးယားဒေသတွင် စုရုံးလျှက်ရှိကြောင်း၊ ယခုရက်သတ္တပတ်အတွင်း၌ ယူကရိန်းနိုင်ငံအရှေ့ဖျား၌ ကိဗ်အစိုးရတပ်များနှင့် ရုရှားကျောထောက်နောက်ခံတပ်များအကြား တိုက်ခိုက်မှု အရှိန်မြင့်တက်လာခြင်းကြောင့် လူပေါင်း ၁၄,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ ထို့ပြင် ခရိုင်မီးယားကျွန်း ဆွယ်အား ဝိုင်းပတ်လျှက်ရှိသော ပင်လယ်နက်ရေပြင်သို့ အမေရိကန်စစ်သင်္ဘော ၂-စီး ရောက်ရှိလာမည် ဖြစ်ကြောင်း ယူကရိန်းအစိုးရက ပြောဆိုခဲ့သည်။

…  
ယူကရိန်းအရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံ ထိပ်သီးအဆင့် ဆွေးနွေးရန် သမ္မတဗလာဒီမာပူတင်အနေဖြင့် လောလောဆယ် မဖြစ်နိုင်ကြောင်း၊ ရုရှားနိုင်ငံအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထပ်မံပြဋ္ဌာန်းသည့်အတွက် များစွာ စိတ်ပျက်မိကြောင်း ကရင်မလင်က ယနေ့ သတင်းထုတ်ပြန်သည်။

…  
အမေရိကန်ပြည်ထောင်စုသည် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအပါအဝင် စုစုပေါင်း ၃၀ ကျော်တို့ကို ပစ်မှတ်ထားလျှက် ရုရှားနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအသစ် တစ်ရပ်ကို ကြာသပတေးနေ့တွင် သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးလိုက်ကြောင်း၊ ထို့ပြင် ရုရှားသံတမန်အမှုထမ်း တစ်ဒါဇင်နီးပါးကိုလည်း မောင်းထုတ်လိုက်သည်ဟု Russia Today က ယနေ့ ရေးသားသည်။

…   
၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မော်စကိုက ဝင်ရောက်စွက်ဖက်သည်ဟူသော စွပ်စွဲချက်များကို တုန့်ပြန်ခြင်းဖြစ်ပြီး အမေရိကန်ကုမ္ပဏီများအနေဖြင့် ရုရှားနိုင်ငံ၏ကြွေးမြီများကို တိုက်ရိုက်ဝယ်ယူခြင်းမပြုရန် တားမြစ်လိုက်ကြောင်း သိရှိရသည်။ ဘိုင်ဒင်က ဒေါ်နယ်ထရမ့်အပေါ် အနိုင်ရရှိသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း ရုရှားက တသမတ်တည်း ငြင်းဆိုခဲ့သည်။

ပိတ်ဆို့အရေးယူမှုများသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်စေမည့် အလားအလာများအား ပျက်ပြားစေလိမ့်မည်ဟု ကရင်မလင်က ပြောဆိုပြီး နာရီအနည်းငယ်အကြာတွင် အိမ်ဖြူတော်၏ ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

…   
တစ်ချိန်တည်းမှာပင် အမေရိကန်ရှိ ရုရှားသံအမှုထမ်း ၁၀-ဦးမှာလည်း နိုင်ငံမှထွက်ခွာသွားကြရန် အမိန့်ပေး ခြင်းခံရသည်။ ရုရှားသံများ နှင်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ ရောင်ပြန်ဟပ် တုန့်ပြန်ရလိမ့်မည်ဖြစ်ကြောင်း၊ အမေရိကန်သံတမန်များကိုလည်း ကရင်မလင်က အမြန်ဆုံး မောင်းထုတ်ရလိမ့်မည်ဟု ရုရှားပါလီမန်၏ နိုင်ငံတကာရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ အလက်ဇီရှက်ဖာက သတိပေးလိုက်ကြောင်း သတင်း၌ ဆက်လက် ဖော်ပြသည်။

(((Sputnik., 14.04.2021,” US Notifies Turkey of Cancellation of Passage of 2 Warships Through Bosphorus, Turkish Source Says.By: Murad Sezer” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။)))

#ယူကရိန်းအရေး_အမေရိကန်_ရုရှားတင်းမာမှု

…  
https://sputniknews.com/world/202104141082632016-us-notifies-turkey-of-cancellation-of-passage-of-2-warships-through-bosphorus-turkish-source-says/
https://www.dailysabah.com/world/europe/russia-warns-black-sea-bound-us-warships-to-stay-away-from-crimea
https://apnews.com/article/joe-biden-politics-ukraine-vladimir-putin-russia-3a29fb722f9725314495dbaf90b32252
https://www.rt.com/russia/521108-putin-wont-meet-biden-in/
https://www.rt.com/russia/521127-us-sanctions-new-round/ 

+1

Leave a Reply

Your email address will not be published.